ဒုက္ခိတ ဘ၀နဲ့ အသက်ရှင်
မြင်လျက်နဲ့ မမြင်
နားရှိလျက်နဲ့ မကြား
သွားရှိလျက် မ၀ါး
နှလုံးသားရှိလျက် မခံစား
လူသားအသိ ပျောက်ခဲ့ပြီ…..။
မီးတောင်ကြီး ပေါက်ကွဲတော့
ချော်ရည်ပူထဲ လွန့်လူးရင်း
ကံထူးလို့ အသက်မသေပေမယ့်
ပင်လယ်ဝေတဲ့ ဒုက္ခနဲ့
ဒုက္ခိတ သတ္တ၀ါကောင်ဆိုတော့
တောင်ကိုလဲ မကျော်နိုင်
အဖော်တွေလဲ မခေါ်နိုင်….။
ဘ၀ကို အရှုံးခံ
မရုန်းကန်နိုင်တဲ့ လူသား
ခွန်အားတွေ ပျောက်
လက်တွေ မြှောက်ခဲ့ရ
အရှက်အကြောက် ကုန်ခဲ့ပြီ…..။ ။
*** တင်မိုး ***
(၉- ဖေဖော်ဝါရီ ၁၉၉၉- အင်္ဂါနေ့ နံနက်ခင်း)
ချော်ရည်ပူထဲ ကျ
ဒုက္ခိတ ဘ၀နဲ့ အသက်ရှင်
မြင်လျက်နဲ့ မမြင်
နားရှိလျက်နဲ့ မကြား
သွားရှိလျက် မ၀ါး
နှလုံးသားရှိလျက် မခံစား
လူသားအသိ ပျောက်ခဲ့ပြီ…..။
မီးတောင်ကြီး ပေါက်ကွဲတော့
ချော်ရည်ပူထဲ လွန့်လူးရင်း
ကံထူးလို့ အသက်မသေပေမယ့်
ပင်လယ်ဝေတဲ့ ဒုက္ခနဲ့
ဒုက္ခိတ သတ္တ၀ါကောင်ဆိုတော့
တောင်ကိုလဲ မကျော်နိုင်
အဖော်တွေလဲ မခေါ်နိုင်….။
ဘ၀ကို အရှုံးခံ
မရုန်းကန်နိုင်တဲ့ လူသား
ခွန်အားတွေ ပျောက်
လက်တွေ မြှောက်ခဲ့ရ
အရှက်အကြောက် ကုန်ခဲ့ပြီ…..။ ။
*** တင်မိုး ***
(၉- ဖေဖော်ဝါရီ ၁၉၉၉- အင်္ဂါနေ့ နံနက်ခင်း)
No comments:
Post a Comment