ပိုးသားမျှင်မျှင် စင်ပေါ်ထက်
ရောင်စုံ ပိုးချည်ကွက်….။
**စွဲမက်မိတဲ့ ယင်တစ်ကောင်
ပိုက်ကွန်ထဲမှာလှောင်
ရမ္မက်အကျဉ်းထောင်….။
**ရောင်စုံယှက်သန်း ပိုးချည်တန်း
ယင်ကောင်ကလေး အမိဖမ်း
ခြေလက်တန်းလန်း ကိုမျက်ကန်း….။
**အစွမ်းအစ ဟူသမျှ
ဈာန်တွေ လျှောလို့ကျ
ရမ္မက်မြုံမှာ အသက်ကုန်ရ
အားလုံး သုည သုဉ်းသုည….။
*** တင်မိုး ***
(၁၁ ဖေဖော်ဝါရီ ၁၉၉၉ ကြာသာပတေးနေ့ နံနက်ခင်း)
**ရွှေပင့်ကူလေး ရက္ကန်းရက်
ပိုးသားမျှင်မျှင် စင်ပေါ်ထက်
ရောင်စုံ ပိုးချည်ကွက်….။
**စွဲမက်မိတဲ့ ယင်တစ်ကောင်
ပိုက်ကွန်ထဲမှာလှောင်
ရမ္မက်အကျဉ်းထောင်….။
**ရောင်စုံယှက်သန်း ပိုးချည်တန်း
ယင်ကောင်ကလေး အမိဖမ်း
ခြေလက်တန်းလန်း ကိုမျက်ကန်း….။
**အစွမ်းအစ ဟူသမျှ
ဈာန်တွေ လျှောလို့ကျ
ရမ္မက်မြုံမှာ အသက်ကုန်ရ
အားလုံး သုည သုဉ်းသုည….။
*** တင်မိုး ***
(၁၁ ဖေဖော်ဝါရီ ၁၉၉၉ ကြာသာပတေးနေ့ နံနက်ခင်း)
No comments:
Post a Comment