*** အသားညှပ်ပေါင်မုန့် များများစားလျှင် နှလုံးရောဂါဖြစ်ပွားနိုင်ဟုဆို ***
အသားများများစားသုံးခြင်းသည် နှလုံးရောဂါနှင့် ဆီးချိုရောဂါများ ဖြစ်ပွားရန် အလားအလာများကြောင်း အမေရိကန်ဆေးသိပ္ပံပညာရှင်များက ထုတ်ဖော်ပြောကြားလိုက်သည်။ အသားများစားသုံးရာတွင် အသားညှပ်ပေါင်မုန့်၊ ဟော့ဒေါ့စ်အမျိုးမျိုး၊ အသားများပါဝင်သော အသင့်စားမုန့်များနှင့် ၀က်အူချောင်းရောဂါတို့ဖြစ်ပွားနိုင်ကြောင်း ၄င်းတို့က သတိပေးထားသည်။ အသားများကို စားသုံးခြင်းကြောင့် နှလုံးသွေးကြောများကျဉ်းနိုင်ပြီး နှလုံးသို့သွေးလည်ပတ်စီးဆင်းမှုလည်း ပုံမှန်မဖြစ်ဘဲ နှေးကွေးသွားကြောင်း၊ ထို့အပြင် အသားကို နေ့စဉ် ဂရမ် ၅၀-ခန့် စားသုံးပါက နှလုံးရောဂါဖြစ်ပွားမှု ၄၂-ရာခိုင်နှုန်း မြင့်တက်နိုင်ကြောင်း ၄င်းတို့က ဆက်လက်ပြောကြားသည်။ အမေရိကန်ဆေးသိပ္ပံပညာရှင်များက အသားစားသုံးသူ ၁ ဒသမ ၂-သန်းခန့်အား အကြိမ် (၂၀)သုတေသနပြုခဲ့ပြီး ယခုကဲ့သို့ သတိပေးပြောကြားခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)
**(Public Health)**

No comments:
Post a Comment