ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, March 24, 2010

အမေရိကန်ပြည် ဗုဒ္ဓေါဝါဒဆရာတော်က အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်အား သြ၀ါဒကထာပေးပို.လိုက်သည်

> ---------- ဦးအောင်ရွှေ
(ဥက္ကဋ္ဌ)
အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ် ရက်စွဲ ၊ မတ်လ ၂၄ ၂၀၁၀
ရွှေဂုံတိုင် ဗဟန်း
ရန်ကုန်မြို.

ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်တွင် တာဝန်ယူဆောင်ရွက်နေကြသည့် ဒကာ ဒကာမများအားလုံးကို အထူးတိုက်တွန်းလွှာ
သို.မဟုတ် မြန်မာနိုင်ငံရဲ. ပတ္တနိက္ကုဇ္ဇနကံဟာ NLD အဆုံးသတ် မဖြစ်စေချင်ဘူး........။

အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ် ဒကာ ဒကာမများအားလုံး စိတ္တသုခ ကာယသုခပြည့်ပါစေလို. ဆန္ဒပြုပါတယ်၊
လွတ်လပ်ရေးရပြီးမှ မလွတ်လပ်ဘဲ ၁၉၆၂ ခုနှစ်ကစပြီး ယနေ.ချိန်ထိ ရဟန်းရှင်လူကျောင်းသားပြည်သူများ ဆင်းရဲဒုက္ခ မျိုးစုံခံနေရသည်၊ ၈၈ရှစ်လေးလုံးအရေးတော်ပုံ ပေါ်ပေါက်တော့ ဦးနေ၀င်းခေါင်းဆောင်တဲ့ စစ်အစိုးရကို လူထုကဖယ်ရှား နိုင်ခဲ့တယ်၊ ဗိုလ်ချုပ်အောင်ဆန်း သွေးနဲ. တထပ်တည်းတူတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီပေါ်ပေါက်အောင် ၉၀ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးစောမောင်က ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားပြန်မယ် ဆိုတဲ့ ကတိကို ယုံပြီး အမျိုးသားဒီမိုကရေစီအဖွဲ. ချုပ်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ရွေးကောက်ပွဲ ၀င်ရာမှာ မဲအပြတ်အသတ်အနိုင်ရခဲ့တယ်၊ အဲဒီရွေးကောက်ပွဲမှာ ဦးစောမောင်ပြီးရင်ဦးသန်းရွှေကဒုတိယဥက္ကဋ္ဌဖြစ်ခဲ့တယ်၊စစ်အာဏာရှင်က အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်မှာ ဒေါ်အောင်ဆန်း စုကြည်က အခရာကြတယ်ဆိုတာ ၉၀ရွေးကောက်ပွဲမှာ အဖြေပေါ်ခဲ့တယ်၊ဒါကြောင့် အဖွဲ.ချုပ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းလိုက်ရင် ပွဲကပြီးသလောက်ဆိုတာ သိတာမို. ယနေ.ထိ မလွတ်ဘဲထားတယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ဆိုတာ သေနတ်၊ဒေါ်စုကကျည်ဆံနှင့်တူတယ်၊နှစ်ပေါင်းနှစ်ဆယ်ကျော် သေနတ်ပဲရှိပြီး ကျည်ဆံမရှိဘဲ ဖြစ်နေတော့ ထိထိ ရောက်ရောက်

ဘာမှဖြစ်မလာဘူး၊အခုလဲ ကျည်ဆံမပါပဲ စစ်အစိုးရရွေး ကောက်ပွဲ စစ်မြေပြင်ကို သွားဖို. ကြိုးစားနေတဲ့ အဖွဲ.ချုပ်က လူအချို.ဘာဖြစ်လို. စိတ်ဓာတ်တွေ ဖောက်ပြန်ကြတာလဲ၊ ရွေတဂုံကုန်းပေါ်မှာ ကျခဲ့တဲ့ သံဃာတော်တွေရဲ. သွေးတွေဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်က တိုင်းသူပြည်သားတွေအပေါ် သစ္စာရှိရှိနဲ. လုပ်မယ်ဆိုတဲ့ ယုံကြည်ချက် ကြောင့်ဖြစ်ပါတယ်၊

(၁) အမျိုးသားညီလာခံမှာ စစ်အစိုးရနဲ.ပေါင်းပြီး ဆွေးနွေးယူရင် ရမယ်ထင်လို. အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ကညီလာခံ
တက်ခဲ့တယ်၊မရမှန်းလဲသိ၊မတရားမှန်းလဲ သိရော ညီလာခံက ပြန်ထွက်လာတယ်၊စစ်အစိုးရနဲ. ပေါင်းမိလို. ထိုချိန်က အမှားတခုဖြစ်ခဲ့ပါပြီ၊သင်္ခန်းစာယူရမည်၊
(၂) ရဟန်းရှင်လူကျောင်းသားပြည်သူ တိုင်းရင်းသားအားလုံးကဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်တယ်၊ဒေါ်စုမှာ
အရည်အချင်းတွေရှိတယ်၊သတ္တိဗျတ္တိအားရှိတယ် ဒါကို အဖွဲ.ချုပ်က တာဝန်ရှိသူတွေက ခြေရာတိုင်းတဲ့ သဘောနဲ.
အချင်းချင်းညီညွတ်မူမရတဲ့စကား၊စစ်အစိုးရအကြိုက်စကား၊ပြည်သူတွေ မနှစ်သက်တဲ့စကားမျိုးဖြစ်တဲ့ စစ်အုပ်ချုပ်ရေး
အောက်မှာ ဒူးထောက်ဖို. လုပ်ရပ်မျိုးဟာ တိုင်းပြည်က လူထုက အခုပဲ ဒေါသတွေဖြစ်နေပါပြီ၊
(၃) စစ်အစိုးရ နှစ်ပေါင်းနှစ်ဆယ်ကျော် လူထုကို စည်းရုံးတယ်၊ယုံကြည်မူမရဘူး၊ဒေါ်စုမှအပ အမျိုးသားဒီမိုကရေစီ
အဖွဲ.ချုပ်က လူတွေလဲ မလုပ်နိုင်ခဲ့ဘူး၊လုပ်လဲ ယုံကြည်မူမရခဲ့ဘူးဆိုတာ အားလုံးအမြင်ပါပဲ၊
(၄) မတရားတဲ့ ရွေးကောက်ပွဲ ဥပဒေကို ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေက လက်မခံဘူး၊ဒါကို လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က ပြည်သူနှလုံးကို ယူပြီး တော်လှန်ဖို. မတရားတဲ့ဥပဒေကို လုံးဝလက်မခံဘူး၊မှတ်ပုံတင်ရန် ဆန္ဒ
မရှိဘူးလို. ပြတ်သားတဲ့စကားဟာ ပြည်သူတွေက အားရတယ်၊အဲလိုမျိုး သတ္တိတွေကို ယုံကြည်လို. လူထုက ထောက်ခံ
နေတယ်ဆိုတာ အားလုံးအသိပါ၊
(၅) ပြည်သူလူထုသဘောဆန္ဒနှင့် ကိုက်ညီတဲ့ ဒေါ်အောင်ဆန်းစုကြည်က မှတ်ပုံမတင်ဘူးလို. ပြောလိုက်ပြီ၊အမျိုးသားဒီမိုက
ရေစီအဖွဲ.ချုပ်အနေနဲ. ပြည်သူတွေဆန္ဒကို အလေးထားရမယ်၊ဒီကနေ. ပြည်သူတွေဆန္ဒကိုအလေးမထားလို. လူထုက စစ်အစိုးရကို မယုံကြည်ဘူး၊အဖွဲ.ချုပ်က လူထုဆန္ဒကို ဖီဆန်ရင် လူထုက အဖွဲ.ချုပ်ကို မယုံကြည်ဘဲ အထူးသဖြင့် သံဃာထုကြီးက စပြီး စစ်အစိုးရဆီ တည်ထားတဲ့ မြားက အဖွဲ.ချုပ်ကို ပတ္တနိက္ကုဇ္ဇနကံ ပြုသွားနိုင်ပါတယ်၊၊
(၆) သာသနာ့ဥသျှောင် မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒါဘိဝံသက ဒေါ်အောင်ဆန်းစုကြည်ကို တွေ.ရင် ပေးလိုက်ဆိုပြီး
ဆရာတော်သြ၀ါဒ သိမ်းထားတယ်၊အဲဒီအထဲမှာ ‘’ ငါက စစ်အစိုးရကို လုံးဝမယုံဘူး၊အောင်ဆန်းစုကြည်က အင်္ဂလန်မှာ
နေပြီး မြန်မာပြည်ပြန်လာတော့ စစ်သားအစိုးရစကား ယုံတယ်၊ အနောက်နိုင်ငံက ခေါင်းဆောင်တွေလို ကတိတည်တဲ့
လူစားမျိုးထင်တယ်၊ဒါက သူ.အားနှဲချက်၊နောက်တခုက သူ.ပါတီအတွင်းက လူတွေကလည်း သူ.ကို လိန်တာပဲ အဲဒါကို
သတိထားဖို.လိုတယ်၊အောင်ဆန်းစုကြည်က အဖေတူသမီးမို. ပြည်သူတွေက သူ.ကိုယုံကြည်တယ်၊ငါကလဲ သူ.ကို
ယုံကြည်တယ်၊ဒါပေမဲ့ သူ.ပါတီကလူတွေကို ငါကမယုံဘူးလို. ဆရာတော်ကြီးကပြောခဲ့တယ်” အခုချိန်မှာ ပါတီအတွင်းက
တချို.လူတွေက ဒေါ်အောင်ဆန်းစုကြည်ပေါ်မှာ သစ္စာမရှိရင် အဖွဲ.ရပ်တည်ဖို.ပြောပြော၊တိုင်းပြည်အတွက်ပဲပြောစေ လုံးဝ
မယုံကြည်ရတော့ဘူးဆိုတာ အဖြေပါပဲ၊၊
(၇) ဗိုလ်ချုပ်အောင်ဆန်း နယ်ချဲ.ကိုတော်လှန်ခဲ့တာ ပါတီမထောင်ပါဘူး၊တော်လှန်ရေးစိတ်ဓာတ်တွေနှင့် လူထုကို ဦးဆောင်ခဲ့တာပါ၊ရှစ်လေးလုံး အရေးတော်ပုံမှာ ပါတီရုံးခန်းမရှိ၊၂၀၀၇၊ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာများရုံးခန်း မပြောနဲ. ဘုဉ်းပေးစရာဆွမ်းတောင်မရှိဘဲ စစ်အာဏာရှင်ကို မလိုလားဘူးဆိုတာပြခဲ့ပါပြီ၊ နောက်ဆုံးအဆင့် အမျိုးသား ဒီမိုကရေစီ အဖွဲ.ချုပ် ဆိုင်းဘုတ်နှင့် ပါတီဆိုတဲ့ နာမည်ကိုပဲ စစ်အစိုးရဖျက်နိုင်မယ်၊ယုံကြည်ချက်နှင့် တော်လှန်ရေး စိတ်ဓာတ်တွေကို မဖျက်နိုင်ပါဘူး၊အဲဒီအထဲမှာ အသားထဲက လောက်ကောင် မထွက်ဖို. အရေးကြီးသလို ကိုယ့်အဖွဲ.ကိုယ်ဖျက်၊ကိုယ်လူ ကိုယ်ပြန်ထုတ်တဲ့ အခြေအနေမျိုးကို ပြည်သူတွေက လက်မခံ နိုင်တာကို အထူးသတိထားစေချင်ပါတယ်၊၊
(ဂ) ဆရာတော် သဘောထားကတော့ စစ်အစိုးရကို လုံးဝမယုံကြည်ဘူး၊တရားဥပဒေကို မလေးစားတဲ့ စစ်အစိုးရအား တရားဆွဲဆိုနေတာဟာ သဲထဲရေသွန်သလိုပဲ၊ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ရဲ. သြ၀ါဒစရိယ ဆရာတော်များအဖြစ် အမှန်တရားကို ဖော်ထုတ်ပြီး ရဲရင့်ပြတ်သားသည့် စာသင်တိုက် ဆရာတော်များကို အမြန်ဆုံး ရွေးခြယ်ပါ၊အဖွဲ. တံဆိပ်မလို အဖွဲ. ဆိုင်းဘုတ်ဖြိုချခံရတာ အရေးမကြီးဘူး၊တံဆိပ်နှင့် ဆိုင်းဘုတ်က ပြယုဂ်ပဲ၊အဟုတ်က ပြည်သူကပေးထားတဲ့ တာဝန်နှင့် ပြည်သူဆန္ဒအတိုင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မူကို အဖွဲ.ချုပ်ထဲက လူတွေက ညီညွတ်ကြပါ၊
(၉)အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်က ဗဟိုအလုပ်အမူဆောင်များနှင့် ကမ္ဘာအေးဝင်းထဲက သံဃမဟာနာယက ဆရာတော် များဟာ စစ်အစိုးရ ချမှတ်တဲ့ သြ၀ါဒကို တသွေမသိမ်းလိုက်နာခဲ့တာ နှစ်ပေါင်းနှစ်ဆယ်ကျော်ပြီ၊သာသနာနှင့် တိုင်းပြည် အတွက်တော့ဆိုးတာကနေ ကောင်းမလာခဲ့ဘူး၊ ဒီထဲမှာ သံဃမဟာနာယကဆရာများကလည်း သာသနာပြုဆိုတဲ့ စကားလုံးကြီးနဲ.၊ အဖွဲ.ချုပ် အလုပ်မူဆောင်များကလဲ ပါတီရပ်တည်ရေးဆိုတာကို အကြောင်းပြပြီး မိုးခြိမ်းသံကြားရုံနှင့် အိမ်တံခါးပိတ်ပြီး အိမ်ထဲမှာ ငုတ်တုတ် ထိုင်ခဲ့တာပဲ၊အမှန်က မိုးခြိမ်သံကို ကြောက်စရာမလို အိမ်ပြင်မှာ ဒုက္ခရောက်နေတဲ့ နွား၊ကြက်၊၀က်တွေကို လုံခြုံအောင် လုပ်ပေးရမည့်တာဝန်ရှိတယ်၊သာသနာနှင့် တိုင်းပြည်အပေါ် သံဃမဟာနာယကနှင့် အဖွဲ.ချုပ် အလုပ်မူဆောင် လူကြီးများ တာဝန်မကျေခဲ့ဘူး စစ်အစိုးရစကားကို အာမဘန္တေဆိုပြီး မဟာနာယကဆရာတော်နှင့် အဖွဲ.ချုပ်လူကြီးများက သံပြိုင်ဆိုခဲ့ကြသည်မှာ နှစ်ပေါင်းနှစ်ဆယ် ကျော်ခဲ့ပြီ၊ဒါကြောင့် တိုင်းပြည် ထိခိုက်ပါတယ်၊တိုက်ပွဲကို မရှောင်ဘဲ ပြတ်သားရဲရင်စွာ စစ်အာဏာရှင်ကို ရင်ဆိုင်မယ်ဆိုရင် အောင်ပွဲရမည်၊
(၁၀) အဖွဲ.ချုပ်နည်းတူ တိုင်းနှင့်ပြည်နယ် အသီးသီး အဖွဲ.ခွဲများက လူထုနိုးကြားအောင် သြ၀ါဒစရိယဆရာတော်များ ထားပြီး
လူထုလုပ်ရှားမူ နယ်တွေမှာလဲ စရမည်၊၊
(၁၁) လူထုက အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ဆိုတာထက် ဗိုလ်ချုပ်အောင်ဆန်း သမီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်ပဲ ယုံကြည်တယ်၊ထောက်ခံတယ်ဆိုတာ လက်တွေ.အလုပ် လုပ်သူတွေသိနိုင်ပါတယ်၊ဒေါ်အောင်ဆန်းစုကြည်မှာ ယုံနိုင်လောက် တဲ့ အောင်ဆန်း သွေးတွေ ရှိနေတယ်၊ အဲဒီအချက်ကို ပြည်သူတွေက သိပါတယ်၊ဒေါ်အောင်ဆန်းစုကြည်သာ ရွေတဂုံဘုရား တက်ခွင့်ပေးလိုက်ပါ ရန်ကုန်မြို.ရှိ လူထုဆန္ဒကို အမှန်တကယ်သိရမှာပါ၊ အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ် တာဝန်ရှိသူတွေ အနေနဲ. ပြည်သူလူထုနှလုံးသားကို လေးစားလိုက်နှာပြီး မတရားတဲ့သူတွေက တရားသဖြင့် မရှင်းဘူး၊ မတရားဖြင့်သာ ဆက်သွားမှာပဲ၊ တရားသဖြင့် ဖြစ်ချင်တဲ့ အဖွဲ.ချုပ်အနေနဲ. လူထုနှလုံးရည်ကို ကိုးစားပြီး မတရားတာတွေကို လူထုနဲ.အတူ ဆက်လက်၍တော်လှန်ရမည်သာဖြစ်ပါတယ်၊အဖွဲ.ချုပ်နောက်မှာ သံဃာတွေ အပြည့်အ၀ရှိနေပြီ ကျောင်းသားတွေက အဆင်အသင့်၊ လူထုတရပ် လုံးကလည်း ဒေါ်စု စကားကို ထောက်ခံတယ်၊ဒီအချိန်မှာ စစ်အစိုးရဲ. လှည့်စားမူကို မီးမောင်း ထိုးပြီး တက်ညီလက်ညီ မတရားတာမှန်သမျှ ဖီဆန်ကြရမည်၊၊
(၁၂) စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်သန်းရွှေက တိုင်းပြည်ကို မိန်.ခွန်းပြောတဲ့ လူမဟုတ်၊ဒီမိုကရေစီဆိုတာ လွတ်လပ်စွာ
သဘောထားကွဲလွဲခွင့်ဆိုတာမျိုး သူလဲနားမလည်ဘူး၊သူ.အောက်က ဗိုလ်ချုပ်တွေလဲ နားမလည်အောင် လုပ်ထားခဲ့ပြီ၊
ဒါကြောင့် မတရားတာလုပ်ဖို.ဆိုရင် ဗိုလ်ချုပ်တွေအားလုံးက ညီညွတ်ခဲ့တာ အမြင်ပဲ၊အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်က
မတရားတာကို တော်လှန်ဖို.ပဲ၊မတရားမူတွေကို တော်လှန်တဲ့ နေရာမှာ ပြည်သူနှင့်အဖွဲ.ချုပ်ဟာ တသားတည်းရှိခဲ့တာ
အမှန်ပဲ၊မတရားမူကို ဆက်လက်မတော်လှန်ရင် အဖွဲ.ချုပ် ဂုဏ်သိက္ခာဆိုတာထက် အဖွဲ.ချုပ်ရဲ. နိဂုံးဖြစ်မှာပါပဲ၊၊
(၁၃) အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်က ဦးအောင်ရွှေ၊ဦးတင်ဦး၊ဦးဝင်တင်၊ ဒေါ်အောင်ဆန်းစုကြည် အပါဝင် အဖွဲ.၀င်အားလုံး
လာမည့် မတ်လ(၂၉)ရက်နေ.မှာ တညီတညွတ်တည်း စစ်အာဏာရှင်ရဲ. အောက်ကိုဒူးမထောက်ဘူးဆိုတာ ဖြစ်စေချင်
ပါတယ်၊အကယ်၍ ဒူးထောက်ခဲ့ရင်တော့ ပြည်သူတွေလဲ ရွ.ံမုန်း၊သံဃာတော်များကလည်း အဖွဲ.ချုပ်အား ပတ္တနိက္ကုဇ္ဇန
ကံတွေနဲ. အဆုံးသတ်ဖြစ်မှာပါ၊စစ်အစိုးရ ဥပဒေသည် သာသနာတော်ကိုဖျက်ဆီးရာရောက်တယ်၊ ထောင်ထဲက
သံဃာတော်များ စစ်ဖိနပ်အောက်မှာ ဆက်နေနိုင်အောင် မတရားတဲ့ဥပဒေကို NLD က လက်မှတ်ထိုးမယ်ဆိုရင် (၂၉)
နေ.ကစပြီး အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်ကို ပြည်သူလူထုက ဆန်.ကျင်မူတွေ လုပ်လာမည်၊
(၁၄) ပြည်သူတွေနှင့် သံဃာတွေက NLD ကို ယုံကြည်မူမရှိတော့ရင် စစ်အစိုးရက သံဃာတွေနှင့် လူထုအပေါ် တောင်းပန်
ဝန်ချပြီး နိုင်ငံရေးသမားပီပီ လူထုနှင့် သံဃာများအပေါ် ယုံကြည်မူ တည်ဆောက်ပြီး စစ်အစိုးရက သူတော်ကောင်းပုံစံ
ဆက်လုပ်ပြီး အောင်ပွဲခံသွားနိုင်ပါတယ်၊၊
(၁၅) အခုအနေထားက ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာပြည်တခုလုံးက ယုံကြည်လေးစားတယ်၊ဆိုင်းဘုတ်နှင့် တံဆိပ်
တွေကို ပြည်သူက စိတ်မ၀င်စားသလို NLD ဆိုတာလဲ မသိ၊ လူထုသိတာက အောင်ဆန်းစုကြည်ပါပဲ၊ပြည်သူတွေက
ဒေါ်အောင်ဆန်းစုကြည်ကို မုဒိတာပွားနိုင်ပါလျှက် ပါတီအတွင်းကလူတွေက ဒေါ်စုကို ဥပေက္ခာ ထားလိုက်မယ်ဆိုရင်
NLD အသက်ဆုံးတဲ့နေ. ဖြစ်လိမ့်မယ်လို. ဆရာတော်က မေတ္တာရှေ.ရုပြီး ပြောလိုပါတယ်၊၊

***ဗုဒ္ဓေါဝါဒကျောင်းဆရာတော်**
အမေရိကန်ပြည်ထောင်စု
shwebofive@gmail.com
Tell: 001 270 904 1142

---------- ဦးအောင်ရွှေ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)