(ဥရောပ၊ မတ်လ ၂၂-ရက်)
ကမ္ဘာ့အမြန်ဆုံး မော်တော်ကားကို ဥရောပအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သော ဘလက်ဟောင်း အက်စ်အက်စ် စီကုမ္ပဏီက တည်ဆောက်နေပြီဖြစ်သည်။ အဆိုပါ ကမ္ဘာ့အမြန်ဆုံးဒ မော်တော်ကားသည် တစ်နာရီလျှင် မိုင် ၁၀၀၀ နှုန်းမောင်းနှင် နိုင်မည်ဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင် စတင်စမ်းသပ်မောင်းနှင် နိုင်မည်ဖြစ်ကြောင်း ၄င်း ကုမ္ပဏီက ပြောကြားသည်။ ယင်းကမ္ဘာ့အမြန်ဆုံး မော်တော်ကားတွင် ဒုံးပျံနှင့် ဂျက်လေယာဉ်အင်ဂျင်ကို ပေါင်း စပ်အသုံးပြုထားပြီး လေယာဉ်များနှင့် အပြိုင်ခရီးတွင်ကျယ်စွာ မောင်းနှင့်နိုင်မည်ဟု ဆိုသည်။ (အင်တာနက်)
*** ကမ္ဘာ့ဝင်ရိုးစွန်း ရေခဲပြင်အခြေအနေ နာဆာ စတင်လေ့လာနေပြီ ***
(လော့အိန်ဂျလိစ်၊ မတ်လ ၂၂-ရက်)
ကမ္ဘာကြီး၏ ၀င်ရိုးစွန်းရေခဲများ အခြေအနေကို အမေရိကန် အမျိုးသားလေကြောင်းနှင့် အာကာသအုပ်ချုပ်ရေးအဖွဲ့(နာဆာ)က မတ်လ ၂၁-ရက်နေ့တွင် လေကြောင်းခရီးမှ စတင်လေ့လာနေပြီဖြစ်ကြောင်း သတင်းရရှိသည်။ (အင်တာနက်)
*** ညူလက်နက်ဖျက်သိမ်းရေး စာချုပ် ဧပြီလစောစောပိုင်းတွင် ချုပ်ဆိုမည် ***
(မော်စကို၊ မတ်လ ၂၂-ရက်)
ရုရှားနှင့် အမေရိကန်နိုင်ငံတို့သည် ချက်သမ္မတနိုင်ငံ ပရာဟာမြို့တော်၌ ညူကလီးယား လက်နက်ဖျက်သိမ်းရေးစာချုပ်သစ်တစ်ရပ်ကို ဧပြီလစောစောပိုင်းတွင် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ရုရှားသံတမန်များက ပြောကြားသည်။ ယင်းစာချုပ်ကို ပရာဟာမြို့၌ လက်မှတ်ရေးထိုးချုပ်ဆိုမည်ဖြစ်ကြောင်း၊ ကိယက်ဗ်မြို့၌ လက်မှတ်ရေးထိုးမည်ကိစ္စကို အမေရိကန်နိုင်ငံက လက်မခံဘဲ ငြင်းဆိုခဲ့ခြင်းကြောင့် သံတမန်သတင်းရပ်ကွက်က ပြောကြားသည်။ (အင်တာနက်)
*** ဗင်နီဇွဲလားအရှေ့ပိုင်း၌ လေယာဉ်ပျက်ကျ ***
ဗင်နီဇွဲလားနိုင်ငံအရှေ့ပိုင်း ကရာကတ်စ်မြို့အနီးတွင် မတ်လ ၂၂-ရက်နေ့က လေယာဉ်ငယ်တစ်စင်း မတော်တဆဖြစ်ရပ်ကြောင့် ပျက်ကျခဲ့ရာ လေယာဉ်လိုက်ပါလာသူသုံးဦး သေဆုံးပြီး ၁၃-ဦးဒဏ်ရာရရှိခဲ့ကြောင်း ဗင်နီဇွဲလားလေကြောင်းအရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** ဟေတီ၌ အဆောက်အအုံပြိုကျ၊ နှစ်ဦးသေဆုံး ***
ဟေတီနိုင်ငံမြောက်ပိုင်း ပို့စ်အော်ပရင့်စ်မြို့တွင် မတ်လ ၂၂-ရက်နေ့က ရစ်ခ်ျတာစကေး ၅ ဒသမ ၆ အဆင့်ရှိငလျင်လှုပ်မှုကြောင့် အဆောက်အအုံတစ်လုံးပြိုကျခဲ့ရာ နှစ်ဦးသေဆုံးပြီး အချို့ ဒဏ်ရာရရှိခဲ့ကြောင်း ဟေတီအရာရှိများက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
*** ကမ္ဘာ့အမြန်ဆုံး မော်တော်ကား တည်ဆောက်နေ ***

No comments:
Post a Comment