ခြောက်ပြနေပေမယ့်
အောက်ကျ နောက်ကျလုပ်ရပ်လို့
သိတတ်သူတွေ မရှား….။
**လူ့အကြော သူ့မနောကို
နောကြေအောင် သိပြီးမို့
ခပ်ဖြီးဖြီး ဖပ်ရွှီးရွှီးနဲ့
ပတ္တီး ရိုက်စားနေတာကိုလဲ
အထာ ပေါက်ပြီးသား….။
**ကိုယ့်လိမ်စဉ် ကိုယ်ယုံပြီး
အများက နုံတုံတုံ
အထုံ အအ တွေမို့
ယုံကြမှာ ဧကန်လို့
ဥာဏ်နီဥာဏ်နက်နဲ့ တွက်တတ်ကြတယ်…။
**ဖဲသုံးချပ်သမားဟာ
အမြဲ သုံးသပ်မှားနေလို့
လိမ်စားမြဲ လိမ်စားနေရတာ မဟုတ်လား….။ ။
*** တင်မိုး ***
(၁၁၊ ဖေဖော်ဝါရီ၊ ၁၉၉၉၊ ကြာသာပတေးနေ့၊ နံနက်ခင်း)
**သဟောက် သဟဲတွေနဲ့
ခြောက်ပြနေပေမယ့်
အောက်ကျ နောက်ကျလုပ်ရပ်လို့
သိတတ်သူတွေ မရှား….။
**လူ့အကြော သူ့မနောကို
နောကြေအောင် သိပြီးမို့
ခပ်ဖြီးဖြီး ဖပ်ရွှီးရွှီးနဲ့
ပတ္တီး ရိုက်စားနေတာကိုလဲ
အထာ ပေါက်ပြီးသား….။
**ကိုယ့်လိမ်စဉ် ကိုယ်ယုံပြီး
အများက နုံတုံတုံ
အထုံ အအ တွေမို့
ယုံကြမှာ ဧကန်လို့
ဥာဏ်နီဥာဏ်နက်နဲ့ တွက်တတ်ကြတယ်…။
**ဖဲသုံးချပ်သမားဟာ
အမြဲ သုံးသပ်မှားနေလို့
လိမ်စားမြဲ လိမ်စားနေရတာ မဟုတ်လား….။ ။
*** တင်မိုး ***
(၁၁၊ ဖေဖော်ဝါရီ၊ ၁၉၉၉၊ ကြာသာပတေးနေ့၊ နံနက်ခင်း)
No comments:
Post a Comment