မန်စီးတီးအသင်းပိုင်ရှင် အာရပ်စော် ဘွားရှိတ်မန်ဆာတစ်ယောက် သမီးတစ်ဦးနှင့် ရည်ငံနေသော သမက်ဖြစ်လာမည့် လူငယ်နှင့်တွေ့ဆုံလေရာ….
`မင်းငါ့သမီးကို ရိုးမြေကျပေါင်းမယ်ဆိုရင် မင်းကို ငါပိုင်စက်ရုံတစ်ခုရှယ်ယာတစ်ဝက်ခွဲပေးမယ်… စက်ရုံကို နေ့တိုင်းသွားပြီး လုပ်ငန်းသဘောကို လေ့လာပေတော့….´
`စက်ရုံမှာ ဆူညံနေတာ ကျွန်တော် မလုပ်နိုင်ပါဘူး´
`ဒါဆိုလည်း ရုံးခန်းမှာပဲ ထိုင်ပြီး စီမံခန့်ခွဲပေါ့ကွာ´
`ဟင့်အင်း…. တစ်နေ့လုံးစားပွဲထိုင်နေရတာလည်း ကျွန်တော်စိတ်မ၀င်စာါးဘူး´
`ဟေ…. မင်းကိုငါ့ရှယ်ယာတစ်ဝက်ခွဲပေးထားတာတောင် မင်းကဘာမှမလုပ်ချင်းဘူးဆိုတော့ ငါဘယ်လို ဆက်လုပ်ရမှာတုန်း´
`ကျွန်တော်ပိုင်တဲ့ ရှယ်ယာတစ်ဝက်ကို ပြန်ဝယ်လိုက်ပေါ့ဗျာ´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
***(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)***

No comments:
Post a Comment