အိန္ဒိယနိုင်ငံက အမတ်တစ်ယောက်ကို အမေရိကန် ဆီးနိတ် အမတ်က ဖိတ်လို့ အမေရိကန်ရောက်သွားတယ်။ သူ့အိမ်ကြီးက ကြီးကျယ်ခမ်းနားလိုက်တာလွန်ရောပဲ။ အဲဒါကြောင့် အိန္ဒိယအမတ်က ခင်ဗျားရဲ့ ဆ:ီနိတ်လစာနဲ့ ဒီလောက် အိမ်ကြီးကြီး ဘယ်လိုဆောက်နိုင်သလဲလို့ မေးပါတယ်။ အမေရိကန်အမတ်က ခဏဗျာဆိုပြီး အိမ်ပြတင်းပေါက်နားလှမ်းခေါ်တယ်။ ပြီးတော့ အိန္ဒိယအမတ်ကို-
`ခင်ဗျား ရှေ့မှာ မြစ်ကို တွေ့သလား´
`အင်း´
`မြစ်ကိုကူးတဲ့ တံတားကိုရော တွေ့သလား´
`အင်း´
အမေရိကန်ကြီးက အိန္ဒိယသားကြီး နားနားကိုကပ်ပြီး တိုးတိုးလေး ပြောတယ်။
`၁၀-ရာခိုင်နှုန်း´
ဒီအခါမှာ အိန္ဒိယသားကြီးက သဘောကျသွားတယ်။ အဲသလိုနဲ့ နောက် (၃)နှစ်လောက်ကြာတော့ အမေရိကန် ဆီးနိတ်တာက အိန္ဒိယအမတ်ဆီပြန်ပြီး လည်ပတ်တယ်။ အမတ်ရဲ့ စံအိမ်တော်ကြီးက အကြီးကြီးပဲ။ ခြံကြီးကလည်း ကျယ်ဝန်းပ။ ခင်ဗျား ဘယ်လိုလုပ်ပြီး ဒီလိုနေနိုင်တာလဲလို့ အမေရိကန်ကြီးက မေးပါတယ်။ အိန္ဒိယ အမတ်က ပြတင်းပေါက်နားလှမ်းခေါ်ပြီး ပြတယ်။
`ခင်ဗျား ရှေ့မှာ မြစ်ကိုတွေ့သလား´
`အင်း´
`မြစ်ကိုကူးတဲ့ တံတားကိုရောတွေ့သလား´
`ဟင်.အင်း၊ မတွေ့ဘူး´
အိန္ဒိယကြီးက အမေရိကန်ကြီးနားနားကပ်ပြီး တိုးတိုး ပြောလိုက်တယ်။
`ရာနှုန်းပြည့်ပဲ´
မှတ်ချက်။ ။ ၂၀၁၀ ဖေဖော်ဝါရီလထုတ် ရန်ကုန်တိုင်း(မ်)မှ…….။
*** (ဟာဒယနှလုံး- တခဏပြုံး) ***

No comments:
Post a Comment