လူကလေး `မောင်ဝန်´။
နောင်အခါ
ကလောင်ဆရာ `မင်းသုဝဏ်´တဲ့
စာဆိုမွန် ဥယျာဉ်မှူး
ထူးတဲ့လလို ချွန်….။
**သက်တော်ရှည် ဆရာကြီးပေမို့
ကျောက်ထီးတန္တု အလေးပြု
စာပေမူ က၀ိမွန်
ဒေါင်းတွန်သံ မဆိတ်သေး…..။
**၀ါဆိုဝါခေါင် ရေတွေကြီးလဲ
သပြေသီးမှည့် ကောက်ဆဲ
ဘ၀ခရီး အမှောင်မှာ
ဘကြီးအောင် ညာတယ်ဆိုဆဲ
နေညိုပေမယ့် သပြေညိုက လန်းဆဲ
အမြဲထိုင်ကာ ကဗျာရေးလေရဲ့
မစဲနိုင်တဲ့ ဆရာ့တေး…..။
(မင်းသုဝဏ် နှစ် ၉၀-ပြည့်မွေးနေ့ အကြိုကန်တော့ပန်း)
(မင်းသုဝဏ်မွေးနေ့ ၁၀- ၂- ၁၉၉၀၊ ဗုဒ္ဓဟူးနေ့)
*** တင်မိုး ***
(၈ ဖေဖော်ဝါရီ ၁၉၉၉၊ တနင်္လာနေ့ နံနက်ခင်း)
**၁၉၀၉ မှာ မွေးတဲ့
လူကလေး `မောင်ဝန်´။
နောင်အခါ
ကလောင်ဆရာ `မင်းသုဝဏ်´တဲ့
စာဆိုမွန် ဥယျာဉ်မှူး
ထူးတဲ့လလို ချွန်….။
**သက်တော်ရှည် ဆရာကြီးပေမို့
ကျောက်ထီးတန္တု အလေးပြု
စာပေမူ က၀ိမွန်
ဒေါင်းတွန်သံ မဆိတ်သေး…..။
**၀ါဆိုဝါခေါင် ရေတွေကြီးလဲ
သပြေသီးမှည့် ကောက်ဆဲ
ဘ၀ခရီး အမှောင်မှာ
ဘကြီးအောင် ညာတယ်ဆိုဆဲ
နေညိုပေမယ့် သပြေညိုက လန်းဆဲ
အမြဲထိုင်ကာ ကဗျာရေးလေရဲ့
မစဲနိုင်တဲ့ ဆရာ့တေး…..။
(မင်းသုဝဏ် နှစ် ၉၀-ပြည့်မွေးနေ့ အကြိုကန်တော့ပန်း)
(မင်းသုဝဏ်မွေးနေ့ ၁၀- ၂- ၁၉၉၀၊ ဗုဒ္ဓဟူးနေ့)
*** တင်မိုး ***
(၈ ဖေဖော်ဝါရီ ၁၉၉၉၊ တနင်္လာနေ့ နံနက်ခင်း)
No comments:
Post a Comment