သတင်းစာဆရာ၊ မြန်မာ့အရေးလေ့လာ သုံးသပ်သူများနှင့် နိုင်ငံတကာသံတမန် များ၊ ဘန်ကောက်မြို့ ချူလာလောင်ကွန်း တက္ကသိုလ် နိုင်ငံတကာလေ့လာရေးနှင့် ဌာန အစည်းအဝေးခန်းမ တွင် မြန်မာ့ ရေးရာ ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့ကြ သည်။ ပင်တိုင်ဆွေးနွေး သူများအဖြစ်ရှမ်း နိုင်ငံရေးသမား ဦးဟန်ညောင်ဝေ မြန်မာ့အရေးလေ့လာသုံသပ်သူ ဦးအောင်နိုင်ဦး၊ ဧရာတီသတင်းဌာန အယ်ဒီတာ ဦးအောင်ဇော်၊ မြန်မာ့အရေး ကျွှမ်းကျင်သူဗြိတိသျှ သတင်း စာဆရာကြီး လယ်ရီဂျေကင်၊ ပြည်တွင်းမှ လာရောက်ဆွေးနွေးသူ ဒေါက်တာနေ၀င်းမောင်၊ ဘန်ကောက်မြို့ အမေရိကန်သံရုံးနှင့်ကနေဒါ သံရုံးတို့မှ တာဝန်ရှိသူများ လာရောက်ဆွေးနွေးသွားကြသည်။
ပြည်တွင်းမှ လာရောက်ဟောပြောသူ ဒေါက်တာ နေ၀င်းမောင်က“ပြည်တွင်းကလူတွေ ရွေးကောက်ပွဲဝင်သင့်ပါတယ်။ ဒီမိုကရေစီရေးကို ကျနော်မပြောလိုပါဘူး၊လူတွေ ရဲ့ တိုးတက်မှုအတွက် တစ်စုံတစ်ခု ဖြစ်လာ နိုင်တယ်လို့ ကျနော် ယူဆလို့ ပါ” ဟုစင်မြင့်ပေါ်မှပြောဆိုသွားသည်။ ပြည်ပအခြေစိုက် မြန်မာသတင်းမီဒီယာများက အင်တာဗျူးပေးပါရန် မေတ္တာရပ်ခံသောအခါ “တောင်းပန်ပါတယ်။ ကျနော်ပြောတာလက်လွန်သွားရင် အခက်ကြုံ ရနိုင်ပါတယ်၊နားလည်ပေးပါဗျာ”ဟုရည်မောစွာ ငြင်းဆိုသွားခဲ့ပါသည်။ ၂၀၀၃ ခုနှစ်ဝန်းကျင်ခန့်က နအဖအား စီးပွားရေးပိတ်ဆို့ အရေးယူရေးကို ဦးဆောင်လှုပ်ရှားခဲ့သူ၊ စစ်တပ်နှင့် လည်းလက်တွဲလုပ်ဆောင်ရန်ပြောဆိုခဲ့သူ။ ဗြိတိန်နိုင်ငံ၊ ယူကေ အခြေစိုက် ဒေါက်တာဇာနည်က“ကျနော်တို့ တိုင်းပြည် မလွတ်လပ်ဘူးဆိုတာလူတိုင်းသိတယ်။ မီးတောင်မှ တစ်နေ့ ကို ၃နာရီလောက်ပုံမှန်မရနိုင်ဘူး။ သူများကိုအားကိုးနေလို့ တော့ ဘာမှ ဖြစ်လာမှာမဟုတ်ပါဘူး၊ ယူအင် အပါအ၀င် အခြားနိုင်ငံတွေလည်း ဘာမှ လုပ်ပေးနိုင်မှာမဟုတ်ပါဘူး။ ကိုလိုနီခေတ်ကလည်း သူများလုပ် ပေးတာမဟုတ်ဘူး။ ကိုယ့်ဟာကိုယ်ပဲလုပ်ကြရတယ်လေ” မြန်မာနိုင်ငံအား ကမ္ဘာ့နိုင်ငံများကထောက်ခံအားပေးနေခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့်NLDကြောင့်ဖြစ်ကြောင်း ၁၉၉၀ ပြည့်ရွေးကောက်ပွဲကြောင့် ပါတီကိုထောက်ခံခြင်းဖြစ်ကြောင်း။ လာမယ့်ရွေးကောက်ပွဲတွင် NLD မ၀င်ရင်လည်းမ၀င်တဲ့ဘက်ကရပ်တည်ပေးကြဖို့။ ၀င်မယ်ဆိုရင်လည်း ၀င်တဲ့ ဘက်က ရပ်တည်ပေးကြဖို့ တတိယအင်အားစုတွေဘာတွေဆိုပြီး ပြည်သူတွေနားမယောင်သွားကြဖို့ အထူးမေတ္တာ ရပ်ခံလိုသည်။ ယခုအထူးအေ၇းကြီးနေတဲ့အချိန်တွင်နွားကွဲသွားရင် ကျားစားသွားမည်ဖြစ်ကြောင်းလက်ဆက်ပြောဆိုသည်။ “ မြန်မာ့ဒီမိုကရေ စီရေးအတွက် အသက်တွေ၊ဘ၀တွေစွန့် ပြီး ထောင်ကျခံနေကြတဲ့ နိုင်ငံရေသမားတွေ၊ ကျောင်းသားတွေ၊ သံဃာတော်တွေ မျက်နှာကိုထောက်ထားကြရပါမယ်။ နိုင်ငံရေးဟာ ငါတို့ နဲ့ မဆိုင်ဘူးဆိုပြီးတော့နေကြမယ်ဆိုရင် တစ်သက်လုံးသာမက သားစဉ်မြေဆက် စစ်ကျွန်ဘ၀အောက်မှာ နေသွားကြရဖို့ ပဲရှိပါတော့တယ်။အရေးအကြီးတာကဘာလဲဆိုတော့ ထိပ်ပိုင်းမှာ ခိုးစားနေတဲ့ ယုတ်မာတဲ့ ဗိုလ်ချုပ်ကြီးတွေ နဲ့ တပ်မတော်သားတွေ၊တပ်မတော်အရာရှိတွေ။ဗိုလ်အငယ်တွေကိုခွဲပြီးတော့မြင့်ဖို့ လိုပါတယ်။ ခွဲမမြင်ရင် စစ်ဗိုလ်တွေရဲ့ အင်အားဟာ ပြည်သူတွေအတွက်မဟုတ်ပဲ ဗိုလ်ချုပ်ကြီးတွေအတွက်ဖြစ်သွား ပါလိမ့်မယ်”ပြောဆိုသွားသည်။ နိုင်ငံတကာသံမှုးများဆွေးနွေးချက်များနှင့်အခြားလေ့လာသုံးသပ်သူများက တရားမ၀င်နယ်စပ်ဖြတ်ကျော်မှု၊လူကုန်ကူးမှု၊ စစ်ပြေးဒုက္ခသည်များ၊ နယ်စပ်စစ်ပွဲအခြေအနေများ၊ မြန်မာနိုင်ငံဆေးရုံများတွင် ဆေးမရှိခြင်း၊ ပညာသင်ကြားခွင့်မရှိခြင်း၊ များအပါအ၀င် ကလေးစစ်သား၊ ကလေးလုပ်သား၊ ဒေသတွင်းလုံခြုံရေးများအပြင် မြန်မာ့နိုင်ငံရေးအပြောင်းအလဲကိစ္စရပ်များတွင် ရွေးကောက်ပွဲတစ်ခုတည်းနှင့် ပြီးပြတ်သွားမည်မဟုတ်ပဲ အားလုံးတွေဆုံဆွေးနွေးမှသာလျှင် ကောင်းမွန်တိုးတက်လာမည်ဖြစ်သည်။ နိုင်ငံရေးယုံကြည်ချက်ကြောင့် ထောင်ကျခံနေရသူများကို ပြန်လွှတ်ပေးပြီး အားလုံးပါဝင်နိုင်သောရွေးကောက်ပွဲဖြစ်သင့်ကြောင့် ပြောဆိုဆွေးနွေးသွားခဲ့ကြသည်။ ဆွေးနွေးပွဲတွင် ဘန်ကောက်အခြေစိုက် နိုင်ငံတကာနိုင်ငံရေး သိပ္ပံကျောင်းသားများ၊ သံအမတ်များ၊ သတင်းဌာနများအပြင် ထိုင်းနှင့်မြန်မာ ထောက်လှမ်းရေးအများအပြား တက်ရောက်ဓါတ်ပုံရိုက်ယူခဲ့ကြသည်။
သတင်း-ဦးကျော်သောင်း (ဘန်ကောက်)

No comments:
Post a Comment