ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, March 1, 2010

ယာယီပတ်စပို့လုပ်ရန်သွားသည့်မြန်မာအလုပ်သမားအချို့အခက်ကြုံ

> (မတ်လ ၁၊၂၀၁၀)
ပြီးခဲ့သည့်ကြာသဗဒေးနေ့ကထိုင်းမြန်မာနယ်စပ် မြ၀တီ၊မဲဆောက်နယ်စပ်စခန်းသို့ယာယီပတ်စပို့လုပ်ရန်သွားကြသည့်မြန်
မာအလုပ်သမားအချို့ အခက်ကြုံနေရကြောင်းသိရသည်။
ဘန်ကောက်မြို့အယ်ကရှိုင်လမ်း၆၆/၆တွင်ဖွင့်လှစ်ထားသောထိုင်းမြန်မာချစ်ကြည်ရေးကုမ္ပဏီတွင်ယာယီပတ်
်စပို့လုပ်ကိုင်ခအဖြစ် ဘတ်ငွေ၆၀၀၀ ပေးသွင်းထားသည့်မြန်မာအလုပ်သမား၄၆ ယောက်တို့ ပြီးခဲ့သည့်ဖေဖေါ်ဝါရီလ၂၅ရက် ကြာသဒေးနေ့ကတည်းကမဲဆောက်သို့လာခဲ့ကြသည်။

အိမ်အလုပ်သမ မချယ်ရီက“သမီးတို့ သောကြာနေ့စောစောကတည်းကရောက်ပါတယ်။ဒါပေ
မယ့် ဘန်ကောက်က ကိုယ်စားလှယ်လည်းမပါ၊မြ၀တီကသူတို့ ကိုယ်စားလှယ်လည်း ဂရုတ
စိုက်လုပ်မပေးဘူး၊အစတုန်းကသမီးတို့ကိုစပြီးလက်ခံတုန်းကထမင်းစားစရိတ်လည်းမကုန်စေ
ရဘူး၊အိပ်ရာနေရာလည်းမပူ၇ဘူးလို့ကတိက၀တ်ပြုခဲ့ပါတယ်။ခုသမီးတို့ကိုသူတို့၇ုံးမှာလည်း
အိပ်ခွင့်မပြုဘူး၊ထမင်းလည်းမကျွေးဘူး၊စားစရိတ်နေစရိတ် တစ်နေ့ကိုဘတ်၁၀၀ လောက်ကုန်
ကျနေပါတယ်။အခက်အခဲတွေ့ရတာပေါ့နှော်။သမီးအခြားအလုပ်သမားတွေကိုပြောချင်တာက
အပြောနဲ့အလုပ်နဲ့ မကိုက်ညီတဲ့ကုမ္ပဏီတွေနဲ့ မလုပ်ကြဖို့ သတိပေးချင်ပါတယ်”ဟုပြောသည်။
ဘန်ကောက်အခြေစိုက် ယာယီပတ်စပို့လုပ်ငန်းကိုဝန်ဆောင်မှုပေးသောကုမ္ပဏီအတော်များများ
တို့၏လုပ်ရိုးလုပ်စဉ်များမှာ နယ်စပ်မြို့သို့ နံနက်ပိုင်းတွင်ရောက်ရှိပြီး ညနေပိုင်းတွင်ယာယီပတ်
စပို့ လုပ်၍ပြီးစီးသည်။ထို့ နောက် မိမိတို့ လာရာအရပ်များသို့ ပြန်ရလေ့ရှိသည်။
ဘန်ကောက်မြို့ အယ်ကရှိုင:်၆၆/၆ ရှိ ထိုင်းမြန်မာချစ်ကြည်ရေးကုမ္ပဏီ မှ မြန်မာဝန်ထမ်းကိုဆံ
ရည်က“ဟုတ်ကဲ့ ၊ရုံးပိတ်ရက်တွေနဲ့ဆသွားလို့ပါ”ဟု သာဖြေဆိုသွားသည်။
နောက် အိမ်အလုပ်သမ မအေးက“ကျမတို့ကိုလာမယ့်ဗုဒ္ဓဟူးနေ့မှာလုပ်ပေးမယ်လို့တော့ပြောပါတယ်။ကျမတို့ အလုပ်သမားတစ်ယောက်အနေနဲနယ်စပ်မှာအိပ်စရာနေစရာမရှိပဲတစ်ပါတ်လောက်နေရမယ့်သဘောရှိနေ
ပါတယ်။
လုပ်ကိုင်ခတွေယူထားပြီးတော့တာဝန်ကျေအောင်မလုပ်ဘူး၊ကျမတို့မကျေနပ်ဘူး၊တစ်ယောက်ကို
ဘတ်၁၀၀၀ အထက်မှာထပ်ကုန်မယ့်သဘောရှိနေတယ်”ဟုပြောသည်။
ပြီးခဲ့သည့်ဖေဖေါ်ဝါရီ၂၆ရက်နေ့ကဘန်ကောက်မြို့ အနီးမဟာချိုင်မြို့ သို့ လာရောက်ခဲ့သော
ပြည်ထဲရေးဝန်ကြီးဗိုလ်ချုပ်မောင်ဦးရောက်ရှိလာခဲ့ပြီး ထိုင်းအာဏာပိုင်များအပြင် မြန်မာအလုပ်သ
မားအချို့ နှင့်တွေ့ဆုံခဲ့သည်။
မြန်မာအလုပ်သမားရှစ်ထောင်ခန့် ရှိသောထိုင်းယူနစ်ပင်လယ်အစားအစာအလုပ်ရုံတွင် ဗိုလ်ချုပ်မောင်ဦးက ထိုင်းအာဏာပိုင်များအား မြန်မာအစိုးရဘက်မှ စရိတ်သက်သက်သာသာယူ
သကဲ့သို့ဈေးနုန်းသက်သက်စွာလုပ်ကိုင်ပေးရန်ပြောဆိုသွားခဲ့သည်။နယ်စပ်စခန်းများတွင်ထိုင်းနိုင်ငံဘက်မှအချိန်ကြန့် ကြာမှုများမဖြစ်စေရန်လည်းပြောခဲ့သည်။မြန်မာအလုပ်သမားများ၏နေရပ်ရင်း
တို့ တွင် ဖမ်းဆီးခြင်း၊ငွေတောင်းခြင်းများမရှိကြောင်း၊အကယ်၍ရှိခဲ့ပါက နေပြည်တော်သို့လှမ်းပြီ:
သတင်းပို့ရန်ပြောဆိုခဲ့သည်။ဆက်သွယ်နိုင်မည့်ဖုန်းနံပတ်ကိုမူပေးထားခဲ့ခြင်းမရှိပါ။

***ကိုကျော်သောင်း(ဘန်ကောက်)***

(မတ်လ ၁၊၂၀၁၀)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)