ယမန်နေ့ နေလည်ပိုင်းကထိုင်းနိုင်ငံတောင်ပိုင်းရနောင်းမြို့ ပါနန်းမှ ကျုံဖေါ်မြို့ သို့  မြန်မာအလုပ်သမားများတင်ဆောင်လာသည့်ကားနှင့်ကားမောင်သူများအား ထိုင်းရဲကဖမ်းဆီးလိုက်ကြောင်းယနေ့ ထုတ်ထိုင်းရပ်သတင်းစာတွင်ဖေါ်ပြထားသည်။ဘန့်ဟတ်စုပန့် အဝေးပြေးလမ်းမအတိုင်းမောင်းနှင်လာစဉ် အမှတ်၂၅၂၁ မှတာဝန်ကျထိုင်းစစ်တပ်ကစစ်ဆေးဖမ်းဆီးလိုက်သည်။ဟိုင်းလတ်ကားအမှတ်၆၅၃၃တွင်၂၀ဦးနှင့်ကားအမှတ်၁၆၀၇တို့ပေါ်တွင်၁၁ဦးစုစုပေါင်းမြန်မာ၃၁ဦးတို့အားဖမ်းဆီးရမိခဲ့သည်။ အသက်၄၀ အရွယ်ကားမောင်သူ နိုင်စုန်ဆပ်ကလီယာက ထိုသို့ ပို့ ဆောင်ခဲ့သည်မှာ
သုံးခေါက်ရှိပြီးဖြစ်ကြောင်းနှင့် ထိုသို့ ပို့ ဆောင်ခအဖြစ် မြန်မ်ာတစ်ဦးကို ဘတ်၃၀၀၀
စီယူဆောင်ကြောင်းထွက်ဆိုသွားခဲ့သည်။အဆိုပါကောင်းမောင်းသူများနှင့်ကားတို့ အား
လူကုန်က:ူမှုဥပဒေဖြင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းထိုင်းသတင်းစာတွင်ဖေါ်ပြထားသည်။
***ကိုကျော်သောင်း(ဘန်ကောက်)***
***(မတ် ၁၊၂၀၁၀။ ကိုတီး။ရခိုင့်တံခွန်ဂျာနယ်)**

No comments:
Post a Comment