တစ်ခါတုန်းက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် နိုင်ငံခြား သင်္ဘောများဆိုက်ကပ်သော ဘောတံတား (ဂျေလီ) တစ်ခုတွင် မြန်မာအလုပ်သမား တစ်ယောက် တာလီစာရေး အဖြစ်တာဝန်ထမ်းဆောင် နေလျှက်ရှိ သည်။ တစ်နေ့တွင် နိုင်ငံခြားသင်္ဘောတစ်စီး ကုန်တင်ကုန်ချ ပြုလုပ်နေစဉ် ဆန်အိပ် နှစ်လုံးက ကာရိန်းကြိုး မကောင်း၍ ကြိုးပြတ်ပြီး ရေထဲသို့ ပြုတ်ကျလေသည်။
တာလီစာရေးမှာ မိမိတာဝန်ချိန်၌ ဤသို့ဖြစ်သွားသဖြင့် နိုင်ငံခြားသားကို မည်သို့ပြန်ပြောရမှန်း မသိဖြစ်နေသည်။ ကုန်တွေ တင်၍ အပြီး ကုန်တွေစစ်ဆေးရာ ဆန်အပ်နှစ်လုံးလိုနေတာကိုတွေ့တော့ နိုင်ငံခြားသား သင်္ဘောအရာရှိက ၄င်းတာလီစာရေးအား ချော့မေးလေရာ တာလီစာရေးက ပြန်ဖြေလိုက်သော စကားမှာ….
`တူး ဆန်အိပ်၊ နိုးကြိုးမကောင်း၊ ၀ါတာ၊ ၀ါတာ၊ ဂျောင်း ဂျောင်း´ဟူ၍ ပြောလိုက်လေသည်။ နိုင်ငံခြားသား သင်္ဘောအရာရှိလဲ ဘာမှ ပြန်မပြောပဲ Ok Ok ဟုဆိုပြီး ထွက်သွားလေသည်။ ၄င်းသင်္ဘောအရာရှိ ထင်သွားသည်မှာ… ငါ… ဒီမြန်မာနိုင်ငံသား တာလီစာရေးလေး အင်္ဂလိပ်လို ပြောလိုက်တာကိုတောင် ငါနားမလည်ဘူး။ ငါ တော်တော် အင်္ဂလိပ်စာ လေ့လာရအုန်းမယ်ဟု ထင်မှတ်သွားလသတည်း…။ ။
*** ခံစားတင်ပြသည်- မင်းသိန်း (ဖုတ်ဖရား- ရွှေ့ပြောင်းလုပ်သားတစ်ဦး)***
(ဟာဒယနှလုံး- တခဏပြုံး)

No comments:
Post a Comment