ရေတံခွန် စီးကျနေသကဲ့သို့
အလှတွေ အံ့မခန်း
အလွမ်းတွေ အံ့မဆုံး
အပြုံးတွေ အံ့မပြီး
မငြီးငွေ့ နိုင်တဲ့
ခရီးတကွေ့က တေးအလင်္ကာများ…။
မေတ္တာစိတ်နဲ့ ယှဉ်
ကရုဏာစိတ်နဲ့ ၀င်
မုဒိတာစိတ်နဲ့ ဆင်လိုက်တော့
မြင်မြင်သမျှ၊ မြင်တိုင်းလှ
ပပ၀င်းနေတဲ့ မြမြနှင့်ကလေးများ…။
အလင်းသန့်သန့်၊ နှင်းရနံ့ကလေးနဲ့
သင်းပျံ့ဝင်းဖန့်နေတဲ့ ပန်းပွင့်ကလေးများ…။
မြင်သာတိုင်း ကောက်
ရင်ဆာလှိုင်း ပျောက်ပေလိမ့်
ထိန်ထိန်တောက်နေတဲ့
စိန်ကျောက်ရတနာ ပွင့်ကလေးများ…။
*** တင်မိုး ***
၂၈၊ ဇန္န၀ါရီ ၁၉၉၉
မှတ်ချက်။ ။ (၁၉၉၉) တင်မိုး ကဗျာပေါင်းချုပ်မှ
အလျှံပယ် ကြွယ်ဝ
ရေတံခွန် စီးကျနေသကဲ့သို့
အလှတွေ အံ့မခန်း
အလွမ်းတွေ အံ့မဆုံး
အပြုံးတွေ အံ့မပြီး
မငြီးငွေ့ နိုင်တဲ့
ခရီးတကွေ့က တေးအလင်္ကာများ…။
မေတ္တာစိတ်နဲ့ ယှဉ်
ကရုဏာစိတ်နဲ့ ၀င်
မုဒိတာစိတ်နဲ့ ဆင်လိုက်တော့
မြင်မြင်သမျှ၊ မြင်တိုင်းလှ
ပပ၀င်းနေတဲ့ မြမြနှင့်ကလေးများ…။
အလင်းသန့်သန့်၊ နှင်းရနံ့ကလေးနဲ့
သင်းပျံ့ဝင်းဖန့်နေတဲ့ ပန်းပွင့်ကလေးများ…။
မြင်သာတိုင်း ကောက်
ရင်ဆာလှိုင်း ပျောက်ပေလိမ့်
ထိန်ထိန်တောက်နေတဲ့
စိန်ကျောက်ရတနာ ပွင့်ကလေးများ…။
*** တင်မိုး ***
၂၈၊ ဇန္န၀ါရီ ၁၉၉၉
မှတ်ချက်။ ။ (၁၉၉၉) တင်မိုး ကဗျာပေါင်းချုပ်မှ
No comments:
Post a Comment