***(၂၀၊ စူဠကပါနဇာတ်) ပစ္စုပ္ပန်ဝတ္ထု***
မြတ်စွာဘုရားသည် ကောသလတိုင်းသို့ ဒေသစာရီကြွစဉ် စူဠကပါန ရွာ၏ ရေကန်အနီး ဆပ်သွားတော၌ သီတင်းသုံးတော်မူစဉ်- ရေကန်မှ ကျူရိုးတို့ကို အပ်ချည်ဗူး လုပ်ရန်အတွက် သာမဏေတို့အား ယူစေ၏။
ကျူရိုးအားလုံးတို့၏။ အဆစ်များမှာ အခေါင်းချည်းဖြစ်နေသဖြင့် မည်သို့ဖြစ်ရသည်ကို မြတ်စွာဘုရားထံ လျှောက်ထားကြ၏။
မြတ်စွာဘုရားက `ကျူပင်များမှာ အပိတ်မပါ အခေါင်းချည်း ဖြစ်နေရခြင်းမှာ ငါ၏ ရှေးအဓိဌာန်ကြောင့်တည်း´ဟု မိန့်တော်မူ၍ အတိတ်ဇာတ်ကို ဟောကြားတော်မူ၏။
***အတိတ်ဇာတ်***
ရှေးအခါက ထိုရေနှင့် ကျူတောသည် လူမနေသော အရပ်ဖြစ်ခဲ့၏။
ထိုရေကန်၌ ဒကရက္ခိုက်သည် စောင့်၏။ ရေကန်တွင် ရေသောက်ဆင်းသမျှ သတ္တ၀ါတို့ကို စား၏။ ထိုအခါက ဘုရားလောင်းသည် မျောက်မင်းဖြစ်၍ မျောက် ရှစ်သောင်း ခြံရံလျက် ထိုတောမှာနေ၏။
ဘုရားလောင်းက မျောက်အပေါင်းတို့အား…….. `ရေကန်မြင်တိုင်း ရေမသောက်ကြနှင့်၊ ငါကိုမေးပြီးမှ သောက်ကြ´ဟု မှာထား၏။
တစ်နေ့တွင် မျောက်အပေါင်းတို့ လှည့်လည် သွားလာကြရင်း ရေကန်တစ်ကန်ကို တွေ့၏။
ရေမသောက်ကြသေးဘဲ ဘုရားလောင်းလာအောင် စောင်ကြ၏။
ဘုရားလောင်းသည် ရေကန်သို့ စေ့စေ့စပ်စပ်ကြည်သော်- ရေကန်တွင် ဆင်းသော ခြေရာများသာတွေ့ပြီး တက်သောခြေရာကို မမြင်၍…
`ဤရေကန်ကို ဘီလူးစောင့်သည်´ဟု ဘုရားလောင်းက ပြော၏။
ဒကရက္ခိုက်သည် ထိုမျောက်တို့ ရေသောက်မဆင်းသည်ကိုသိ၍ ရေထဲမှ ခွဲထွက်လာပြီး ရေသောက်ရန်ပြော၏။
ဘုရားလောင်က……..
`သင် ဒကရက္ခိုက် မဟုတ်လော၊ သက်ကား ရေကန်သို့ ဆင်းသော သတ္တ၀ါတို့ကို စားရန် အပိုင်စား ရသလော´ဟု မေး၏။
`အပိုင်စားရသည်။ ရေကန်သို့ ဆင်းသမျှ သတ္တ၀ါ ငှက်ပါမကျန် စားမည်။ သင်တို့လည်း ရေသောက်ကြမည်လော´
`ရေသောက်ကြမည်။ သို့သော်သင်စားပိုင်ခွင့်ရမည်မဟုတ်´
`သင်တို့ ရေသောက်ကြလျှင် ဘာကြောင့် ငါစားပိုင်ခွင့် မရရှိရမည်နည်း´
`သင်ရေကန်သို့ ငါတို့မဆင်းဘဲ ကျူရိုးတစ်ချောင်းစီယူပြီး သင့်ရေကန်မှရေကို သောက်ကြမည်။ သင်စားပိုင်ခွင့် ရဦးမည်လော´ဟု ဆို၏။
ဘုရားလောင်းသည် ကျူတစ်ခုကို ယူစေပြီး။ ပါရမီတို့ကို ဆင်ခြင်ပြီး သစ္စာပြု၍ ပါးစပ်ဖြင့်မှုတ်၏။
ကျူရိုး၏ အတွင်းအဆစ် အားလုံးပြုတ်၍ အခေါင်းဖြစ်သွား၏။
ဤသို့ဖြင့် ကျူရိုး တစ်ချောင်းစီ တစ်ချောင်းစီကို ယူ၍ မှုတ်ပေး၏။ ဘုရားလောင်းသည် ဤသို့ ကျူရိုး ရှစ်သောင်းကို မှုတ်နေရလျှင် ပြီးမည် မဟုတ်ဟု ကြံ၍…
`ဤရေကန် ပတ်ဝန်းကျင်ရှိ ကျူရိုးတို့သည် တစ်ပေါက်တည်း ဖြစ်စေသတည်း´ဟု အဓိဌာန်ဖြင့် ဤရေကန်ကို ရံ၍ဖြစ်သော ကျူရိုးအားလုံးသည် အခေါင်း တစ်ပေါက်တည်းသာရှိသည်။ ဖြစ်ကုန်၏။
ရှစ်သောင်းသော မျောက်အပေါင်းသည် ရေကိုသောက်ကြကုန်၏။
ထို့ကြောင့် လူတို့သည် ´ကျူ၊ လ၊ ငုံး၊ အိမ်၊ ထုံးမတိမ်၊ ဘုန်းရှိန်ကမ္ဘာတည်´ဟု ဆိုရိုးပြုကြ၏။ အဓိပ္ပာယ်မှာ တစ်ကမ္ဘာပတ်လုံးတည်ရှိသည့် လေးပါးသော တန်ခိုးကား ဤရေကန်မှ ကျူရိုးတွင် ဤဘဒ္ဒကပ်ကမ္ဘာပတ်လုံး အပေါက် တစ်ခုတည်းသာ ရှိလိမ်မည်။ လ-ပေါ် ယုန်ရိပ်သည် ဤဘန္ဒကပ် ကမ္ဘာပတ်လုံးတည်လိမ့်မည်။ ငုံးမင်းသစ္စာဇာတ်နှင့် မီးငြိမ်းရာအရပ်ကို ဤဘဒ္ဒပတ်ကမ္ဘာပတ်လုံး မီးမလောင်၊ ဃဋိကာရ၏ အိမ်နေရာသည် ဤဘဒ္ဒကပ်ကမ္ဘာပတ်လုံး မိုးမစွပ်ဘဲတည်လိမ့်မည် ဟူသတည်း။
ဇာတ်ပေါင်းသော်………
ဒကရက္ခိုက်သည် - ဒေ၀ဒတ်
မျောက်မင်းပရိသတ်သည် - ငါဘုရား၏ ပရိသတ်
မျောက်မင်းသည်- ငါဘုရားဟု ဇာတ်တော်ကို ပေါင်း၏။
*** ဦးလှခင်- ဆန်းညွန့်ဦး ***
*** ကမ္ဘာတည်သော အဓိဌာန် ၀တ္ထု ***

No comments:
Post a Comment