ရှိသည်ကို မနာလို ဖြစ်နေသည်။ “ငြိမ်းချမ်းနေတဲ့ လူတွေကို သွားရောက်
နှောင့်ယှက်ဦးမယ်။ နို့မဟုတ်ရင် ငါတို့ဟာ မိစ္ဆာကောင် မပီသတော့ဘူး”
ဟုတွေးမိသည်။ ထို့နောက် မိစ္ဆာငယ် တစ်ကောင်အား ခေါ်ပြီး လယ်သမားတစ်ဦးကို
သွားရောက် နှောင့်ယုက်စေသည်။ ထိုလယ်သမားမှာ နေ့တိုင်းပင်ပန်းဆင်းရဲစွာ
လယ်လုပ်သောသူဖြစ်သည်။ ၀င်ငွေမှာ အနည်းငယ်သာ ရသော်လည်းရသမျှနှင့်
တင်းတိမ်ပြီး ဘ၀တွင်ပျော်ရွှင် ငြိမ်းချမ်းစွာ နေသောသူ ဖြစ်သည်။
မိစ္ဆာကောင်မှာ ထိုလယ်သမား အကျိုးပျက်စီးအောင် စတင် နှောင့်ယှက်လေသည်။
လယ်သမား မထွန်ယက်နိုင်အောင် မြေကြီးကို မာအောင်လုပ်လိုက်သည်။ လယ်သမားမှာ
လယ်များကို ခက်ခဲပင်ပန်းစွာ ထွန်ယက်နေသော်လည်း ညည်းညူခြင်း မရှိခဲ့ပေ။
မိစ္ဆာကောင်မှာ နှောင့်ယှက်ရာတွင် မအောင်မြင်သဖြင့် လက်လွတ်လိုက်သည်။
မိစ္ဆာအိုမှာ ဒုတိယ မိစ္ဆာကောင်ကို လွတ်ပြီး နှောင့်ယှက်စေပြန်သည်။ ဒုတိယ
မိစ္ဆ္ဆာကောင်မှာ လယ်သမားသည် မည်မျှ ဆင်းရဲပင်ပန်းစွာ လုပ်သော်လည်း
ညည်းညူခြင်းမရှိ ဘ၀တွင် ပျော်နေသည်။ သူ့အား ပင်ပန်းအောင် ထပ် မလုပ်ဘဲ
သူ၏အစာများကို ယူမည်ဟု စဉ်းစားမိသည်။ ထိုနောက် လယ်သမား၏ အစာများကို
ခိုးယူ စားသုံးလေသည်။ လယ်သမားသည် မောမောပန်းပန်းနှင့် ဆာလောင်ပြီး
အလုပ်မှ ပြန်လာသောအခါ အစာများမတွေ့တော့ပေ။ “ဘယ်ကသနားစရာလူပါလိမ့်၊ အစာတွေ
ငါ့ထက် ပိုလိုအပ်လို့ ဖြစ်လိမ့်မယ်။ အဲဒီ အစာတွေနဲ့ သူဝလင့်ပါစေ”ဟု
ကြင်နာစွာ ရေရွတ်လေသည်။
လယ်သမားကို ပျက်စီးအောင် နည်းလမ်း မရှိတော့ဘူးလား ဟု မိစ္ဆာအိုမှာ
အံသြနေသည်။ တတိယ မိစ္ဆာကောင်တစ်ကောင်မှာ လယ်သမားကို ပျက်စီးအောင်
လုပ်နိုင်ကြောင်း မိစ္ဆာအိုအား ပြောသည်။
မိစ္ဆာငယ်မှာ လယ်သမားနှင့် မိတ်ဆွေဖြစ်အောင် အရင်ကြိုးစားသည်။ နိမိတ်
ကြိုဖတ်တတ်သော မိစ္ဆာငယ်မှာ လယ်သမားအား နောင်နှစ်တွင် မိုးခေါင်နိုင်သည်။
ရေကိုသိုလှောင်သင့်သည်ဟု ကြိုတင် သတိပေးလေသည်။ လယ်သမားလည်း မိစ္ဆာငယ်
စကားအတိုင်း လုပ်ဆောင်ရာ အခြားသူများထက် စပါးအထွက်နှုန်း ကောင်းခဲ့သည်။
မိစ္ဆာကောင်မှာ လယ်သမားအား ယခုနှစ်တွင် ဘာစိုက်ပျိုးသင့်သည်၊
ဘာလုပ်သင့်သည် ဆိုသည်ကို အမြဲ အကြံပေးလေသည်။ သို့နှင့် သုံးနှစ်လွန်သော်
လယ်သမားမှာ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ လာသည်။ မိစ္ဆာငယ်မှာ လယ်သမားအား
ဆန်စပါးဖြင့် အရက်ချက်နည်းကို သင်ပြပြီး ရောင်းစေသည်။ ငွေကြေးပိုမို
ရရှိသဖြင့် လယ်သမားမှာ လယ်ဆက် မလုပ်တော့ဘဲ အရောင်းအ၀ယ်ဖြင့်
စီးပွားရှာခဲ့သည်။
လယ်သမားမှာ ဥစ္စာပစ္စည်း ကြွယ်ဝချမ်းသာ လာသည်နှင့်အမျှ အစားအသောက်ပါ
ဖက်လာသည်။ ညစဉ်ညတိုင်း အပေါင်းအဖော်များနှင့် ပျော်ပွဲများ ကျင်းပကြသည်။
တစ်ညနေတွင် လယ်သမားအိမ်တွင် ညစာစားပွဲ ကျင်းပလေသည်။ မိစ္ဆာငယ်မှာ
မိစ္ဆာအိုအားခေါ်၍
“ကျွန်တော်နှောင့်ယှက်ထားလို့ လယ်သမားဟာ တဖြေးဖြေး ပျက်စီးလာပြီဆိုတာကို
ပြပါ့မယ်” ဟု ဆိုသည်။ ညစာစားပွဲတွင် လယ်သမားသည် သူဋ္ဌေး
အပေါင်းအဖော်များနှင့် အကောင်းဆုံး အစားအစာ၊ အကောင်းဆုံး အရက်များဖြင့်
ပျော်ပါးစားသောက်ကြသည်။ သေရည်သေစာများကို အလာဟသ ဖြုန်းတီးကြသည်။
ထိုအချိန်တွင် အရက်ခွက်များ ကိုင်ထားသော အစေအပါး တစ်ယောက်က မတော်တဆ
လှဲကျလေသည်။ အစေအပါးမှာ ဆာလောင်လွန်းသောကြောင့် မူးလဲသွားခြင်းဖြစ်သည်။
လယ်သမားမှာ ညစာ စားပွဲမပြီးမချင်း အစာ မကျွေးနိုင်ဟု
ဆူပူကြိမ်းမောင်းလေသည်။
“လယ်သမားမှာ အကြင်နာတရားလည်း မရှိတော့ဘူး” မိစ္ဆာငယ်က ဆိုသည်။
မိစ္ဆာအိုမှာ ၀မ်းမြောက်စွာဖြင့် “ဘာလိုလုပ်လိုက်သလဲ”
“သူလိုအပ်တာထက် ပိုပေးလိုက်မိတာပါပဲ။ ဒါမှ ရှိနေတဲ့ သူရဲ့လောဘနဲ့
အတ္တကိုအကောင် အထည် ဖော်လိုရ မှာ”
စိတ်ပြောင်းလဲသော် သဘောထားလိုက်ပြောင်းလဲသည်။
သဘောထားပြောင်းလဲသော် အပြုအမှုလိုက်ပြောင်းလဲသည်။
အပြုအမှု ပြောင်းလဲသော် အကျင့်လိုက်ပြောင်းလဲသည်။
မှုရင်း စာရေးသူ - Leo Tolstoy
ဘာသာပြန်...... နိုင်းနိုင်းစနေ
တစ်ခါက မိစ္ဆာအိုတစ်ကောင်သည် လူ့ပြည်တွင် လူအများ စိတ်လက်ချမ်းသာ

No comments:
Post a Comment