မန်စီးတီးအသင်းမှ ၀ိန်းဘရစ်ခ်ျတစ်ယောက် ဟိုင်းဝေးခရီးသွားရင်း၊ နောက်ဖေးသွားချင်လာသည်။ ဓာတ်ဆီဆိုင်တစ်ခုအတွင်းရှိ ရေအိမ်အတွင်းသို့ အသည်းအသန်းပြေးဝင်ပြီး ကိစ္စအပြီးတွင် စက္ကူလိုက်ရှုာရာမတွေ့။ နံရံတွင် စာရေးထားသည်ကိုသာ တွေ့ရသည်။
`စက္ကူမရှိပါ။ သို့သော် နံရံရှိအပေါက်ထဲသို့ လက်ထည့်လိုက်ပါက အညစ်အကြေးများကင်းစင်သွားပါလိမ့်မည်။´
ဝိန်းဘရစ်ခ်ျကြံရာမရဖြစ်ပြီး စဉ်းစားမနေတော့ဘဲ နံရံရှိအပေါက်ထဲလက်ထည့်လိုက်သည်။ ချက်ချင်းပင် တစ်ဘက်မှလူက အုတ်ခဲနှစ်လုံးဖြင့်ဝိန:်ဘရစ်ခ်ျ၏ လက်ချောင်းများကို ရိုက်ထည့်လိုက်သည်။ ရုတ်တရက်အလွန်အမင်း နာကျင်သွား၍ ၀ိန်:ဘရစ်ခ်ျမှာ အော်ဟစ်ရင်းပါးစပ်တွင်းထည့်လိုက်လေတော့၏။
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
*** (ရွှင်ပြုံးတခဏ- ဘောလုံးဟာသ) ***

No comments:
Post a Comment