(ဆိုက်ဘေးရီးယား၊ မတ်လ ၇-ရက်)
ဆိုက်ဘေးရီးယား အာတိတ်သမုဒ္ဒရာ ကမ်းဦးရေတိမ်ပိုင်းမှ မီသိန်းဖန်လုံအိမ်ဓာတ်ငွေ့များ ထွက်ရှိနေကြောင်း သိပ္ပံပညာရှင်များက မတ်လ ၆-ရက်နေ့တွင် သတိပေးပြောကြားသည်။ မီသိန်းဓာတ်ငွေ့များ၏။ ယိုစိမ့်မှုကို ၀င်ရိုးစွန်းဒေသမြေလွှာများက ပိတ်ဆို့ထားနိုင်ကြောင်း၊ သို့သော် မြေအောက်တွင် မီသိန်းဓာတ်ငွေ့သည် ကြီးမားသည့် ဖိအားဖြင့် စုပြုံလျက်ရှိကြောင်း၊ မြေထုအောက်ပိုင်းမြေလွှာများသည် မီသိန်းဓာတ်ငွေ့မယိုစိမ့်ရန် တားဆီးနိုင်စွမ်းမရှိကြောင်း အလက်စကာပြည်နယ် ဖဲယားဘင့်တက္ကသိုလ်မှ ရှက်ဟိုဗာက ပြောကြားသည်။ စိမ့်မြေများနှင့် ပင်လယ်ကြမ်းပြင်အောက် မြေဆီလွှာများတွင်
မီသိန်းဓာတ်ငွေ့သည် ကာဗွန်ဓာတ်ငွေ့ပမာဏ၏ နှစ်ဆခန့် ပါဝင်လျက်ရှိကြောင်း သုတေသီ ဟိန်းမန်းက သိပ္ပံဂျာနယ်၌ ရေးသားထားသည်။ (အင်တာနက်)
*** ရုရှားတိုက်ချင်းပစ်ဒုံးပျံ အောင်မြင်စွာ စမ်းသပ်ပစ်လွှတ် ***
(မော်စကို၊ မတ် ၇-ရက်)
ရုရှားနိုင်ငံသည် ဆိန်ဗာအမည်ရှိ နိုင်ငံတကာတိုက်ချင်းပစ်ဒုံးပျံတစ်စင်းကို မတ်လ ၄-ရက်နေ့က အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်လိုက်သည်။ အဆိုပါတိုက်ချင်းပစ်ဒုံးပျံကို မော်စကိုစံတော်ချိန် နံနက် ၇-နာရီ ၅၀ မိနစ်က ဘရန့်ပင်လယ်ရှိ တူလာရေငုပ်သင်္ဘောမှနေ၍ ပစ်လွှတ်လိုက်ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။ ရုရှားတပ်ဖွဲ့အတွက် အရေးအကြီးဆုံး ကိစ္စတစ်ခုမှာ လာမည့်ဆယ်စုနှစ်တွင် ခေတ်မီရေတပ် ပြန်လည်တည်ဆောက်သွားရန်ဖြစ်သည်ဟု ရုရှားသမ္မတ ဒီမီထရီမက်ဗီဒက်ဗ်က ပြီးခဲ့သည့် စက်တင်ဘာလ၌ ပြောကြားခဲ့သည်။ (ဆင်ဟွာ)
***အမေရိကန် အလုပ်လက်မဲ့ဦးရေ ခန့်မှန်းထားသည်ထက် ပိုမိုလျော့နည်းဟုဆို ***
(၀ါရှင်တန်၊ မတ် ၇-ရက်)
အမေရိကန်နိုင်ငံ၏ ကျဆင်းနေသည့်စီးပွားရေး တဖြည်းဖြည်းပြန်လည်ဦးမော့လာရန် ကြိုးပမ်းနေသည့်ကြားမှပင် ဖေဖော်ဝါလအတွင်း အလုပ်လက်မဲ့ဦးရေ ၃၆၀၀၀-ရှိနေခြင်းက စီးပွားရေးပြန်လည် နာလန်မထူသေးကြောင်းကို ပြသနေသည့် လက္ခဏာဖြစ်သည်။ သို့သော်လည်း မတ်လ ၅-ရက်နေ့တွင် အလုပ်သမားဌာနက ထုတ်ပြန်သည့် ဤအလုပ်လက်မဲ့ဦးရေမှာ အမေရိကန်နိုင်ငံ၏ အလုပ်လက်မဲ့ဦးရေ ၆၇၀၀၀ ရှိမည်ဟု ယခုလအစောပိုင်းက ခန့်မှန်းသည်ထက် များစွာ နည်းသေးကြောင်း ဖော်ပြသည်။း အမေရိကန်နိုင်ငံ၏ အရှေ့မြောက်ပိုင်း ပြည်နယ်များ၌ ရာသီဥတုဆိုးရွားမှုများကြောင့် အလုပ်လက်မဲ့နှုန်း တိုးမြှင့်လာခြင်းဖြစ်နိုင်ကြောင်း အဆိုပါဌာနက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** အိန္ဒိယအမျိုးသမီးလေယာဉ်မှူး အောင်မြင်စွာပျံသန်းနိုင် ***
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှ ခရီးသည်များအပြည့်တင်ဆောင်ထားသည့် လေယာဉ်တစ်စင်းကို အိန္ဒိယအမျိုးသမီးလေယာဉ်မှူး တစ်ဦးက အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ မတ်လ ၇-ရက်နေ့တွင် အောေ်မြင်စွာ မောင်းနှင်ပျံသန်းနိုင်ခဲ့ကြောင်း အိန္ဒိယလေကြောင်း အရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
*** အာတိတ်ဒေသ ပင်လယ်ပြင်အောက်တွင် မီသိန်းဓာတ်ငွေ့ စုပြုံလျက်ရှိဟု သုတေသီများပြောကြား ***

No comments:
Post a Comment