အရေးတော်ပုံစိတ်နဲ့ ငါ…။
ဘယ်နေရာမှာ ချောက်ကမ်းပါးဆိုလဲ
ကြော က်အားပိုစရာ ငါ့မှာမရှိ…။
ဘယ်သောင်ကွေ့မှာ
မိကျောင်းတွေ တွေ့တယ်ဆိုလဲ
မမေ့မလျော့အ ပ္ပမာဒ စိတ်နဲ့
ရိပ်ကနဲဆို သတိမောင်းတင်ပြီး
အောင်မြင်အောင် ရင်ဆိုင်မယ်…။
အစာတဖက်ရှာ ရန်သူတဖက်ကြည့်တဲ့
ကျီးကန်းရဲ့ သတိမျိုးနဲ့
မုဆိုးရဲ့ လေး အ၀င့်ကိုလဲ
နားစွင့်လို့ နေဦးမယ်…။
ဘ၀ဆိုတာ ကစားကွင်း
ခြေပြင်းတိုင်း မနိုင်
ဂိုးသွင်းပိုင်မှ အောင်ပွဲရ
အလွန်လှတဲ့ ပွဲကြီး ပွဲကောင်းတခုပါ…။ ။
*** တင်မိုး ***
(၃၀၊ ဇန္န၀ါရီ၊ ၁၉၉၉ စနေနေ့ နံနက်ခင်း)
ဘ၀ကို သံပတ်ပေးနေတဲ့
အရေးတော်ပုံစိတ်နဲ့ ငါ…။
ဘယ်နေရာမှာ ချောက်ကမ်းပါးဆိုလဲ
ကြော က်အားပိုစရာ ငါ့မှာမရှိ…။
ဘယ်သောင်ကွေ့မှာ
မိကျောင်းတွေ တွေ့တယ်ဆိုလဲ
မမေ့မလျော့အ ပ္ပမာဒ စိတ်နဲ့
ရိပ်ကနဲဆို သတိမောင်းတင်ပြီး
အောင်မြင်အောင် ရင်ဆိုင်မယ်…။
အစာတဖက်ရှာ ရန်သူတဖက်ကြည့်တဲ့
ကျီးကန်းရဲ့ သတိမျိုးနဲ့
မုဆိုးရဲ့ လေး အ၀င့်ကိုလဲ
နားစွင့်လို့ နေဦးမယ်…။
ဘ၀ဆိုတာ ကစားကွင်း
ခြေပြင်းတိုင်း မနိုင်
ဂိုးသွင်းပိုင်မှ အောင်ပွဲရ
အလွန်လှတဲ့ ပွဲကြီး ပွဲကောင်းတခုပါ…။ ။
*** တင်မိုး ***
(၃၀၊ ဇန္န၀ါရီ၊ ၁၉၉၉ စနေနေ့ နံနက်ခင်း)
No comments:
Post a Comment