အသက်သွေးများ ဆာလောင်နေစဲ စစ်ပါးစပ်ပေါက်ထဲ
အကျင့်ပျက် လက်များနဲ့ လက်နက်ခဲယမ်း မီးကျောက်တွေ အတင်းခွန့်ကျွေး
ဇီဝိန်ခြွေမဲ့ စစ်ခရာရှည်စွဲသံက မရဏမင်း ခွေးအူသံလို
ဆူညံခြောက်ခြား အပြစ်မဲ့သူတွေ ဟိုပြေးဒီလွှား ဒုထည်ကြီးမား စစ်ဒုစရိုက်
လူဆိုးးလူညံ့များ တည်တည်ငြိမ်ငြိမ် ဖောက်ပြား
နှစ်ရက်တွေ အခက်တိုးပွေ စစ်မက်သက်ဆိုးရှည်ခဲ့တယ် ။
**ဘိုးဘွားလက်ထက် ကထဲက သွေးပွက်ပွက်ထ
ပက်ကပ်စက်စက် ခြွတ်ခြုံကျဆင်းရဲခဲ့ အမိမြေ
အလုပ်လက်မဲ့ တပ်မတော်နဲ့ရေရှည် ပြည်တွင်းစစ်ကို တင်ကျွေးထားရ
ကမ္ဘာ့အလယ် ခေါင်းမမော့ ခါးကော့နေတာ ကြာပြီ ။
**ကမ္ဘာကြီးက ခရီးမသွားရ တားမြစ်ခံထားရတဲ့
ယမ်းငွေ့တဝေေ၀ အမဲနက်ရောင် အမိမြေဟာ
လင်သေ မုဆိုးမလို ရှင်သန် ၊
အီရတ်စစ်ပြန်လို စိတ်ကစဥ့်ကလျားဖြစ် ၊
ဟေတီ နဲ့ ချီလီ ငလျင်လို ပြိုပျက် ၊
နာဂစ်နဲ့ NGO ဒဏ်ကိုလဲ ခံခဲ့ရဘူးပြီ ။
**အမြဲတစေ မွဲတေနေစဲ တိုင်းပြည်မှာ
တရားကို နတ်က စောင့်ယုံစောင့်
မတရားမှုတွေက လက်ဝါးကြီးအုပ် လုပ်ချင်တာလုပ်
လျှပ်စစ်မီးသာ မှန်မှန်မလာတာ
စာရင်းဖျောက်မဲ့ ရှို့မီးတွေက တဟုန်းဟုန်း ပုံမှန်လောင်ကျွမ်း
စစ်မီးထဲ ခေတ်သမီးတွေ ရောင်းကုန်ဖြစ်နေပြီ ။
**တရုပ် နဂါးနိုးထဖို့
အဖိနှိပ်ခံ ရွှေမြန်မာတွေဘဝ
သစ်တွေလို ခုတ်လှဲခံ မျိုးတုန်းကာ လုံးပါးပါးနေရ
အသိအမှတ် မပြုချင်တဲ့ အိမ်နီးချင်းနိုင်ငံတွေက မျက်စောင်းထိုး
မျက်စိကြီး နားကြီး အင်အားကြီးနိုင်ငံများက မျက်စိ စပါးမွှေးစူး
ခိုလှုံရာမဲ့ ဘ၀တွေ မျက်စိမျက်နှာပျက်
ဒုက္ခတွေကို ပြန်ပို့လို့ရရင် ပြန်ပို့လိုက်ချင်ပြီ ။
**ဂျပန်တော်လှန်ရေးတုန်းကလဲ မရှိ
နယ်ချဲ့တိုက်ထုတ်စဉ်မှာလဲ မပါခဲ့
ကိုယ့်လူမျိုးချင်း ဖိနှိပ်သတ်ဖြတ်တော့ လက်သံပြောင်ကြ
သိပ်ရှက်ဖို့ကောင်းတဲ့ ယနေ့ဖောက်ပြန်ရေး ဗိုလ်ချုပ်များကြောင့်
ပြည်သူ့တပ်မတော်က ပြည်သူ့သတ်မတော်ဖြစ်နေပြီ ။
**ကောင်းမွန်တဲ့ မြေဆီမြေနှစ်မှာ
အဆိပ်ပန်းတွေ ဝေေ၀ဆာဆာ ဖူးပွင့်
ဖွဲ့စည်းပုံ သေမင်းတံခါး တွန်းဖွင့်
မကောင်းတဲ့မြေပုံနဲ့ ဦးတည်ချက်မဲ့ စစ်ပွဲအရပ်ဆီ ရွက်လွှင့်နေကြတယ် ။
***အောင်ခိုင်မြင့် ***
**စစ်ဘေး စစ်ဒဏ်ပိလို့ ရင်စို့ခါးချိနေတဲ့ အမိမြေ

No comments:
Post a Comment