မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ အမေရိကန်သံရုံးရှေ့တွင်မြန်မာစစ်အစိုးရအားအရေးယူ ဆောင်ရွက်ပေး ရန် မြန်မာ၂-ဦး ယနေ့နံနက်ပိုင်းကသွားရောက် ဆန္ဒပြ ကြသည်။ ကွာလာလမ်ပူအခြေစိုက်၊ လူအင်အား ၁၀၀၀၀-ကျော်ဖြင့် ဖွဲ့စည်းထားသော အထွေထွေသပိတ်ကော်မတီမှ နိုင်လင်း(ခေါ်)ကိုဂျပန်ကြီးနှင့် ကိုတင် အေးတို့ ၂-ဦး ယနေ့ နံနက် ၁၀-နာရီခန့်တွင် ၂၀၁၀ ရွေးကောက်ပွဲ မတရားကြောင်း၊ မြန်မာစစ်အစိုးရအား ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီကတရားစွဲဆို အရေးယူနိုင်ရေးအတွက် ဓါတ်ပုံနှင့် လက်မှတ်ပေါင်း ၁၄၀၀၀ တို့ ရေးထိုးပြီး အမေရိ ကန်အစိုးရက ထိရောက်စွာအကူအညီပေးရန် တောင်းဆိုထားသည်။
ပြောရေးဆိုခွင့်ရှိသူ ကိုဂျပန်ကြီးက“အမေရိကန်သံမှူးကိုယ်တိုင်ထွက်လာပြီးတော့ကျနော်တို့
တောင်းဆိုချက်ရေးသားထားတဲ့စာရွက်များကိုလက်ခံရယူသွားပါတယ်။ အမေရိကန်
သမ္မတကြီးဆီကိုရောက်အောင်ပို့ ပေးမယ်လို့ ပြောပါတယ်” ဟုပြောသည်။
အမေရိကန်သံရုံးရှေ့ သို့ မလေးရှားရဲများရောက်ရှိလာပြီးနောက် အကြမ်းဖက်မှုမဖြစ်စေရန်
နှင့်မြန်မာပြည်သားများ၏ ခံစားနေရမှုများကို စာနာနားလည်ကြောင်း ရဲများကပြောသည်။
အမေရိကန်သံရုံးသို့လက်မှတ်ထိုးတောင်းဆိုချက်စာရွက်များကိုပေးအပ်ခဲ့သောယနေ့  လှုပ်ရှားမှုကို နာရီဝက်ကျော်ခန့် အကြာတွင်အောင်မြင်စွာပြီးဆုံးခဲ့သည်။
သတင်း-ဦးကျော်သောင်း (ဘန်ကောက်)
(မတ်လ ၂-ရက်)

No comments:
Post a Comment