ဟုတ်ကဲ့ပါခင်ဗျား….။ မကြာသေးမီက ပြီးစီးသွားတဲ့ ချန်ပီယံလိဂ်ရှုံးထွက် အုပ်စုအဆင့်ပွဲစဉ်တွေထဲက တက် လာကြတဲ့ အသင်း (၈)သင်းကို မနေ့ကပဲ ဇယားချလိုက်ပြီဖြစ်ပါတယ်။ အခု ခွဲချလိုက်တဲ့ ကွာတားဖိုင်နယ် ပထမအ ကျော့ပွဲစဉ်တွေကို မတ်လ ၃၀-ရက်နဲ့ ၃၁-ရက်နေ့မှာ ကစားပြီး ဒုတိယအကျော့ပွဲစဉ်တွေကိုတော့ ဧပြီလ ၆- ရက်နဲ့ ၇-ရက်နေ့တွေမှာ ယှဉ်ပြိုင်ကစားကြမယ်လို့ သိရပါတယ်။
ကဲ….။ အောက်မှာ ကြည့်ရင် ဟောဒီလို ဇယားချထားတာတွေ့ရမယ်လေ။
*** လိုင်ယွန် (ပြင်သစ်) - ဘော်ဒိုး (ပြင်သစ်)
*** ဘိုင်ယန်မြူးနစ် (ဂျာမနီ) - မန်ယူ (အင်္ဂလန်)
*** အာဆင်နယ် (အင်္ဂလန်) - ဘာစီလိုနာ (စပိန်)
*** အင်တာမီလန် (အီတလီ) - စီအက်စ်ကေအေမော်စကို (ရုရှား)
ကိုင်း….။ ပွဲကြီး ပွဲကောင်းတွေကို အိပ်ရေးအပျက်ခံပြီး၊ အလုပ်အပျက်ခံပြီး ရှုစားကြဦးစို့……။ ။
စုစည်းတင်ပြသူ- ဘောလုံးသူရဲတစ်ဦး

No comments:
Post a Comment