(နယူးဂျာစီ၊ မတ်လ ၁၈-ရက်)
အမေရိကန်နိုင်ငံ နယူးဂျာစီမှ ဒိုရာဆမ်ဆင်ဆိုသော အမျိုးသမီးတစ်ဦးသည် ကမ္ဘာ့အ၀ဆုံး လူသားဖြစ်လာ စေရန် ကြိုးစားနေသူဖြစ်သည်။ အသက် ၄၂-နှစ်ရှိပြီဖြစ်သော ဒိုရာဆမ်ဆင်သည် ကမ္ဘာ့အ၀ဆုံးလူသား ဖြစ်လာ စေရန်အတွက် ဟိုတယ်နှင့် စားသောက်ဆိုင်များမှ အကောင်းဆုံးအစားအစာများကို မှာယူစားသုံး နေသည်ဟု ဆိုသည်။ သူအကြိုက်ဆုံး အစားအစာမှာ ဆူရှီဖြစ်သည်။ ယင်းမှာ ဂျပန်အစားအစာဖြစ်သည်။ အ၀ဆုံးဖြစ်လာရန် နေ့စဉ်စားသုံးရန် ကယ်လိုရီ ၁၂၀၀၀ လိုအပ်မည်ဟု သူကဆိုသည်။ လက်ရှိ သူ၏ ကိုယ်အလေးချိန်မှာ ၂၇၃- ကီလိုဂရမ်ဖြစ်သည်။ ကီလိုဂရမ် ၄၅၀-အထိ ရောက်ရှိရန်ကြိုးစားပြီး အ၀ဆုံး လူသားအဖြစ်နှင့် ဂင်းနက်စ်မှတ် တမ်းဝင်ရန် ကြိုးစားမည်ဟု ဆိုနေသည်။ (အင်တာနက်)
*** အီရန်၌ မိုးပျံလမ်းမကြီးဖွင့် ***
(တီဟီရန်၊ မတ်လ ၁၈-ရက်)
အီရန်နိုင်ငံ အစ်ဖာဟန်မြို့၌ ခေတ်မီမိုးပျံအဝေးပြေးလမ်းမကြီးကို မတ်လ ၁၅-ရက်တွင် အီရန်သမ္မတ မာမွတ်အာမက်ဒီနီဂျက်က ဖွင့်လှစ်ပေးကြောင်း ၄င်းမိုးပျံ အဝေးပြေးလမ်းမကြီးသည် မြို့ပြအခြေခံ အဆောက်အအုံများကဏ္ဍ၌ ခေတ်အမီဆုံးလုပ်ငန်းတစ်ခုဖြစ်ပြီး ၂၀၀၈-ခုနှစ် နိုဝင်ဘာမှ စတင်ဖောက်လုပ်ခဲ့သည်။ ဒေါ်လာခြောက်ဘီလီယံ ရင်းနှီးမြှုပ်နှံလျက် ၂၈-လတာ ကာလအတွင်း အပြီးတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မိုးပျံအဝေးပြေးလမ်းမကြီး၏ အရှည်မှာ ငါးကီလိုမီတာရှိသည်ဟု အဆိုပါ သတင်း၌ ဖော်ပြသည်။ (အင်တာနက်)
*** ညူကလီးယားလက်နက် လျှော့ချရေး စာချုပ်သစ် အမေရိကန်-ရုရှားတို့ မကြာမီ ချုပ်ဆိုနိုင်တော့မည် ***
(မော်စကို၊ မတ်လ ၁၈-ရက်)
အမေရိကန်- ရုရှား ညူးကလီးယားလက်နက်လျှော့ချရေး သဘောတူစာချုပ်သစ်တစ်ရပ်ကို မကြာမီ လက်မှတ်ရေးထိုးချုပ်ဆိုနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မော်စကိုမြို့သို့ မကြာမီ သွားရောက်မည့်ခရီးစဉ်မတိုင်မီ ပြောကြားသည်ဟု ရုရှားမဂ္ဂဇင်း သည်နယူးတိုင်းမ်က မတ်လ ၁၅-ရက်နေ့တွင် ဖော်ပြသည်။ (ဆင်ဟွာ)
*** ကမ္ဘာ့လေကြောင်း၌ မက္ကဆီကို ထိပ်တန်းရောက်လာ ***
မက္ကဆီကိုနိုင်ငံတွင် လေကြောင်းကုမ္ပဏီနှင့် လုပ်ငန်းပေါင်း ၁၅၀-ကျော်ရှိရာမှ ယခုအခါ ၂၀၀-ကျော်အထိ တိုးတက်လာသဖြင့် ကမ္ဘာ့လေကြောင်းလုပ်ငန်းတွင် ထိပ်တန်းနေရာ၌ ရပ်တည်နေပြီဖြစ်ကြောင်း မက္ကဆီကိုအရာရှိများက မတ်လ ၁၈-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** ကမ္ဘာ့ဈေးကွက်၌ ရွှေဈေးနှုန်း အနည်းငယ်ကျဆင်းခဲ့ ***
ကမ္ဘာ့ဈေးကွက်တွင် ရွှေဈေးနှုန်းများကျဆင်းလျက်ရှိရာ တရုတ်ရွှေဈေးကွက်၌ မတ်လ ၁၈-ရက်နေ့ဈေးပိတ်ချိန်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၁၂၃ ဒသမ ၁၆ ဒေါ်လာအထိ ကျဆင်းခဲ့ကြောင်း တရုတ်ရွှေလုပ်ငန်းရှင်များက ပြောကြားသည်။ (အင်တာနက်)
*** စုစည်ဘာသာပြန်- မောင်ချစ်ကြည် ***
*** ကမ္ဘာ့အ၀ဆုံး လူသား ***

No comments:
Post a Comment