(ပို့အော်ပရင့်စ်၊ မတ် ၃-ရက်)
ဟေတီနိုင်ငံ၌ လွန်ခဲ့သည့် ရက်သတ္တပတ်နောက်ဆုံးက မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမှုကြောင့် လက်စ်ကာရက်စ်မြို့၌ သေဆုံးသူဦးရေမှာ ၁၃-ဦးအထိ ထပ်မံတိုးမြှင့်လာကြောင်း မတ် ၁-ရက်တွင် ၄င်းနိုင်ငံ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ပြောကြားသည်။ (ဆင်ဟွာ)
*** ငလျင်ဒဏ်ခံစားရသည့် ချီလီပြည်သူများသို့ အမေရိကန်ဒေါ်လာ ၁-သန်း တရုတ်ထောက်ပံ့မည် ***
(ပေကျင်း၊ မတ်လ ၃-ရက်)
ချီလီနိုင်ငံ၌ ငလျင်ဒဏ်ခံစားရသည့် ဒေသရှိ ပြည်သူများအတွက် တရုတ်နိုင်ငံမှ အရေးပေါ်လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၁-သန်းထောက်ပံ့ကူညီမည်ဖြစ်ကြောင်း မတ် ၁-ရက်နေ့တွင် ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ ချီလီနိုင်ငံ၌ လှုပ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် သေဆုံးသူပေါင်း ၇၀၈-ဦးရှိပြီး ရာပေါင်းများစွာ ပျောက်ဆုံးနေကြောင်း ဆင်ဟွာသတင်း၌ ဖော်ပြသည်။ (ဆင်ဟွာ)
*** ဂါဇာနယ်စပ်ဂိတ် အီဂျစ် ပြန်လည်ဖွင့်လှစ်ပေး ***
(ဂါဇာ၊ မတ်လ ၃-ရက်)
အီဂျစ်အစိုးရအနေဖြင့် ဂါဇာကမ်းမြောင်ဒေသနှင့် နယ်နိမိတ်ထိစပ်နေသော ရက်ဖ်နယ်စပ်ဖြတ်ကျော်ရေးဂိတ်ကို မတ်လ ၁-ရက်နေ့က ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း ဟာမတ်စ်အာဏာပိုင်များက ပြောကြားသည်။ လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းပြဿနာများကို ဖြေရှင်းရန်အတွက် အဆိုပါ နယ်စပ်ကို သုံးရက်ကြား ဖွင့်လှစ်ပေးမည်ဟု ဆိုသည်။ (ဆင်ဟွာ)
*** ချီလီ၌ ပြိုကျသည့် အဆောက်အအုံများမှ ၇၉-ဦး ကယ်ဆယ် ***
အင်အားပြင်းငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီနေသော ကွန်စီရှင်းမြို့ အဆောက်အအုံပျက်များအတွင်းမှ ပိတ်မိနေသူ ၇၉-ဦးအား ကယ်ဆယ်ရေးအဖွဲ့များက မတ်လ ၃-ရက်နေ့ နံနက်တွင်အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ကြောင်း ချီလီနိုင်ငံရှိ နိုင်ငံတကာကယ်ဆယ်ရေးရေးအဖွဲ့များက ပြောကြားသည်။ (အင်တာနက်)
*** တောင်ကိုရီးယား တိုက်လေယာဉ် ၂-စင်း ပြန်လည်တွေ့ရှိ ***
တောင်ကိုရီးယားတိုက်လေယာဉ် ၂-စင်း လေ့ကျင့်ပျံသန်းနေစဉ် မတ်လ ၂-ရက်နေ့က ပျောက်ဆုံးခဲ့ရာ ယင်းတိုက်လေယာဉ် ၂-စင်းပျောက်ဆုံးမှုကို မတ်လ ၃-ရက်နေ့က ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ယင်းလေယာဉ်မှာ ပျက်ကျပြီး လေယာဉ်ပေါ်လိုက်ပါလာသူ ၃-ဦးသေဆုံးခဲ့ကြောင်း၊ တောင်ကိုရီးယားလေတပ်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
*** ဟေတီနိုင်ငံ၌ ရေလွှမ်း၍ ၁၃-ဦးသေဆုံး ဒေသခံ ၃၀၀၀-ကျော် ရွှေ့ပြောင်းပေးခဲ့ရ ***

No comments:
Post a Comment