မြေးအတွက်…
နိုင်ငံအတွက် လူမျိုးအတွက်
ရဲဘော်တွေအတွက်
အတွက် အတွက်
အတွက်ပေါင်းစုံ ဒီလူ့ဘုံမှာ
ကုန်ပဲ ကုန်နိုင်တယ် မရှိ…။
***ဘယ်အတွက်နဲ့
အသက်ရှင်နေသလဲ၊ ဝေခွဲလို့ မရ
စိတ်ထဲမှာ တချိန်ချိန် တဆဆ…။
အသက်ကကြီးပြီ၊ ပုတီးကလေးတဖက်နဲ့
ကိုယ့်အတွက် ကိုယ့်ဖို့ ပါအောင်
ဘာဝနာလေး ဘာလေး လုပ်ဦးနော်… တဲ့။
**ကိုယ့်အတွက်များ၊ မစဉ်းစားနိုင်
တရားဘယ်မှာ နေသလဲမသိ…။
ရိပ်သာသွားတော့ အိပ်ရာခြား
အိပ်ရာခြားတော့ စိတ်ဗျာများ
စိတ်ဗျာများတော့ လိပ်ပြာမနား
အ၀ိဇ္ဇာတွေကလဲ များပါဘိသနော်…။
**သီလတွေကလဲ ၀ိုးတိုးဝါးတား
ဂီတတွေကလဲ ကိုးရိုးကားယား
ထူးမခြားနား လူထုအခြေအနေ
ပူမှုပွေရတာလဲ အနန္တ
တန်ဟ တော်ဟလို့လဲ မနေသာ
ဘယ်မှာ ဘာဝနာ ပွားနိုင်ပါ့မလဲ…။
**`ပြန်ပြောလျှင် ကျွန်ုပ်ဘ၀အမှားပေပေါ့
သံယောဇဉ် ရှုပ်စွတရားတွေနဲ့
ဒုက္ခများလှချည့် ရွှေမှိုင်းရယ်…´တဲ့
ဆရာကြီးမှိုင်း ကဗျာကသိုဏ်းရှုသလို
လူမှုရောဂါ၊ ပြည်တွင်းနာကား
ကုရာနတ္ထိ၊ ဆေးမရှိပါကလား….။
**လူသားအတွက်
အပူပွားတဲ့ အချက်ကိုတော့
ဘယ်သူတားလို့မှ မပျက်နိုင်ချေဘူး….။
*** တင်မိုး ***
၃၁၊ ဇန္န၀ါရီ၊ ၁၉၉၉ (တနင်္ဂနွေနေ့ နံနက်ခင်း)
***သားအတွက် သမီးအတွက်
မြေးအတွက်…
နိုင်ငံအတွက် လူမျိုးအတွက်
ရဲဘော်တွေအတွက်
အတွက် အတွက်
အတွက်ပေါင်းစုံ ဒီလူ့ဘုံမှာ
ကုန်ပဲ ကုန်နိုင်တယ် မရှိ…။
***ဘယ်အတွက်နဲ့
အသက်ရှင်နေသလဲ၊ ဝေခွဲလို့ မရ
စိတ်ထဲမှာ တချိန်ချိန် တဆဆ…။
အသက်ကကြီးပြီ၊ ပုတီးကလေးတဖက်နဲ့
ကိုယ့်အတွက် ကိုယ့်ဖို့ ပါအောင်
ဘာဝနာလေး ဘာလေး လုပ်ဦးနော်… တဲ့။
**ကိုယ့်အတွက်များ၊ မစဉ်းစားနိုင်
တရားဘယ်မှာ နေသလဲမသိ…။
ရိပ်သာသွားတော့ အိပ်ရာခြား
အိပ်ရာခြားတော့ စိတ်ဗျာများ
စိတ်ဗျာများတော့ လိပ်ပြာမနား
အ၀ိဇ္ဇာတွေကလဲ များပါဘိသနော်…။
**သီလတွေကလဲ ၀ိုးတိုးဝါးတား
ဂီတတွေကလဲ ကိုးရိုးကားယား
ထူးမခြားနား လူထုအခြေအနေ
ပူမှုပွေရတာလဲ အနန္တ
တန်ဟ တော်ဟလို့လဲ မနေသာ
ဘယ်မှာ ဘာဝနာ ပွားနိုင်ပါ့မလဲ…။
**`ပြန်ပြောလျှင် ကျွန်ုပ်ဘ၀အမှားပေပေါ့
သံယောဇဉ် ရှုပ်စွတရားတွေနဲ့
ဒုက္ခများလှချည့် ရွှေမှိုင်းရယ်…´တဲ့
ဆရာကြီးမှိုင်း ကဗျာကသိုဏ်းရှုသလို
လူမှုရောဂါ၊ ပြည်တွင်းနာကား
ကုရာနတ္ထိ၊ ဆေးမရှိပါကလား….။
**လူသားအတွက်
အပူပွားတဲ့ အချက်ကိုတော့
ဘယ်သူတားလို့မှ မပျက်နိုင်ချေဘူး….။
*** တင်မိုး ***
၃၁၊ ဇန္န၀ါရီ၊ ၁၉၉၉ (တနင်္ဂနွေနေ့ နံနက်ခင်း)
No comments:
Post a Comment