(အစ္စတန်ဘူလ်၊ မတ်လ ၂-ရက်)
တူရကီနိုင်ငံတွင် ငလျင်လှုပ်၍ ဆူနာမီဖြစ်ပေါ်မည့် အခြေအနေရှိနေကြောင်း တူရကီအစိုးရ တာဝန်ရှိသူများက မတ်လ ၁-ရက်နေ့၌ သတိပေးလိုက်သည်။ ဘိုဂါဇီဇီတက္ကသိုလ် မြေငလျင်ဆိုင်ရာ သုတေသနဌာနမှ ညွှန်ကြား ရေးမှူး မူစတာဖာအဲရစ်က အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။ မိမိတို့နိုင်ငံအတွင်း ဆူနာမီဖြစ် ပေါ် လာနိုင်သည့် အနေအထားရှိနေကြောင်း၊ ယင်းဆူနာမီမှာ အနောက်တောင်ပိုင်းရှိ ကမ်းခြေဒေသများကို ခြိမ်း ခြောက်နေကြောင်း ၄င်းက ပြောကြားသည်။ တူရကီနိုင်ငံ၌ ၁၉၉၉ ခုနှစ် ဇူလိုင်လ ၁၇-ရက်နေ့က ရစ်ခ်ျစတာ စကေး ၇ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်ခဲ့ရာ နိုင်ငဲံ၏ အနောက်မြောက်ပိုင်းဒေသမှ ပြည်သူ ၁၇၀၀၀-ကျော် သေ ဆုံးခဲ့ရသည်။ (အင်တာနက်)

*** တာလီဘန် ထိပ်တန်းတပ်မှူး တိုက်ပွဲအတွင်း သေဆုံး ***
(ပက်ရှ်ဝါ၊ မတ် ၂-ရက်)
တာလီဘန်ထိပ်တန်းတပ်မှူး တစ်ဦးသည် မတ်လ ၁-ရက်နေ့က ပါကစ္စတန်နိုင်ငံ ဆွပ်တောင်ကြား၌ ပါကစ္စတန်လုံခြုံရေး တပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့မှုအတွင်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ အဆိုပါ တာလီဘန် တပ်မှူး၏ အမည်မှာ မိုဟာမက်အလန်ဘီယာနော့ ဖြစ်ပြီး ပါကစ္စတန်အစိုးရက ရူပီးငွေ ၁၀-သန်း (အမေရိကန်ဒေါ်လာ ၁၁၇၀၀၀) ဆုငွေထုတ်ခံထားရသူဖြစ်သည်။ ၄င်း၏ ဦးခေါင်းကို ဖြတ်နိုင်ခဲ့သူအား ယင်းဆုကြေးငွေကို ပေးမည်ဟု ပါကစ္စတန်အစိုးရက ထုတ်ပြန်ထားသည်။ (အင်တာနက်)
*** သခင်ကိုသတ်ခဲ့သည့် ဝေလငါးကြီးစွမ်းရည် ဖလော်ရီဒါ အော်လန်ဒို၌ ပြန်လည်ပြသ ***
(အော်လန်ဒို (ဖလော်ရီဒါ) မတ်လ ၂-ရက်)
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် အော်လန်
ဒိုရှိ ဝေလငါးစွမ်းရည်ပြ ဆီးဝါးအမည်ရှိ ကုမ္ပဏီရေကန်၌ လွန်ခဲ့သော သုံးရက်က လေ့ကျင့်သင်ကြားပေးသော သခင်ကို ပြန်လည်တိုက်ခိုက်သတ်ပုတ်ခဲ့သည့် ဝေလငါးကြီး၏ စွမ်းရည်ပြသပွဲကို မတ်လ ၁-ရက်နေ့က ပြန်လည်ပြသပြီ ဖြစ်သည်။ ဝေလငါး သတ်ပုတ်မှုခံရသော မစ္စစ် ဘရန်ချုး၏ နာရေးအခမ်းအနားကို ချီကာဂိုမြို့၌ မတ်လ ၁-ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယင်းဝေလငါး၏ အမည်ကို တီလီကွန်းဟု အမည်ပေးထားပြီး အခြားတိုက်ခိုက်မှု နှစ်ရပ်ဖြစ်ပွားမှုနှင့် ဆက်နွယ်နေသော်လည်း ၄င်းကုမ္ပဏီက ယင်းဝေလငါးကို ဆက်လက် ထားရှိသွားမည်ဟု ဆိုသည်။ (အင်တာနက်)
*** ချီလီငလျင်အတွင်း သေဆုံးသူ ၇၀၀ ကျော်ရှိ ***
(ကွန်လက်ဆီယွန်(ချီလီ) မတ်လ ၂-ရက်)
ချီလီနိုင်ငံ၌ အင်အားပြင်းထန်ငလျင်လှုပ်ပြီး ဆူနာမီဖြစ်ပေါ်ခဲ့သဖြင့် သေဆုံးသူဦးရေ ၃၅၀-ဦးရှိခဲ့ရာ ဖေဖော်ဝါရီလ ၂၈-ရက်နေ့က နှစ်ဆ တိုးလာသကဲ့သို့ အစိုးက ငလျင်ဒဏ်ခံရသူများအား ကယ်ဆယ်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ ငလျင်လှုပ်ခဲ့မှုကြောင့် ပီလ်လူဟူးနှင့် ကွန်စတီကျူးရှင်းမြို့များ အပါအ၀င် ကမ်းရိုးတန်းတစ်လျှောက်ရှိမြို့များ ထိခိုက်ခဲ့ပြီး နေအိမ်အများအပြား ပြိုကျပျက်စီးခဲ့သည့်အပြင် လမ်းများပေါ်တွင် မော်တော်ကားများကျွမ်းထိုးမှောက်ခုံ မြင်မကောင်းအောင် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါငလျင်ကြောင့် ချီလီနိုင်ငံ အလယ်ပိုင်း၌ အနည်းဆုံး လူ ၂-သန်း ထိခိုက်ခဲ့ပြီး အများအပြား ပျောက်ဆုံးနေဆဲဖြစ်သည်။ (ရိုက်တာ)
*** ချီလီ၌ အကူအညီပေးရေးဆိုင်ရာ လေယာဉ်ပျက်ကျ ***
အင်အားပြင်းငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်နေသော ချီလီနိုင်ငံတွင် မြို့တော် ဆန်တီယာဂိုမြို့မှ ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်ပျံသန်းလာသော လေယာဉ်တစ်စင်း မတ်လ ၂-ရက်နေ့ နံနက်က ပျက်ကျခဲ့ရာ လေယာဉ်ပေါ်လိုက်ပါလာသူ ၆-ဦး သေဆုံးခဲ့ကြောင်း ချီလီအရာရှိများက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** ရုရှားက ဆက်သွယ်ရေး ဂြိုဟ်တု လွှတ်တင် ***
ရုရှားနိုင်ငံ ဘိုင်ကိုနော အာကာသယာဉ် လွှတ်တင်ရေးစခန်းမှ မတ်လ ၂-ရက်နေ့ နံနက်က ဆက်သွယ်ရေးဂြိုဟ်တု သုံးလုံးပါရှိသော ဒုံးပျံတစ်စင်းကို ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာ လွှတ်တင်လိုက်ကြောင်း၊ ရုရှားနိုင်ငံအနေဖြင့် ၂၀၁၀-ခုနှစ်အတွင်း ဂြိုဟ်တု ၂၄-လုံး လွှတ်တင်ရန် စီစဉ်ထားကြောင်း ရုရှားအရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** တောင်ကိုရီးယား တိုက်လေယာဉ် ၂-စင်း ပျောက်ဆုံးနေ ***
တောင်ကိုရီးယား လေတပ်မှ အက်ဖ် ၅-တိုက်လေယာဉ် ၂-စင်းသည် မတ်လ ၂-ရက်နေ့ နံနက်က လေ့ကျင့်ပျံသန်းမှုများ ပြုလုပ်နေစဉ် ပျောက်ဆုံးသွားခဲ့ကြောင်း၊ တောင်ကိုရီးယားနိုင်ငံ ပြုံချန်မြို့အနီး တောင်တစ်တောင်နှင့်တိုက်မိပြီး ပျက်ကျခဲ့ခြင်းဖြစ်နိုင်ကြောင်း တောင်ကိုရီးယား လေတပ်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
*** တူရကီ ငလျင်ကြောင့် ဆူနာမီဖြစ်ပေါ်နိုင် ကျွမ်းကျင်သူ သတိပေးပြောကြား ***

No comments:
Post a Comment