ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, March 17, 2010

ဘီးနံပါတ် OK 0122L

> ကျမ တက္ကသိုလ်မှာ ပထမနှစ်စတက်တော့ အ.ထ.က ကျောင်းမှာ အတူတက်ခဲ့တာမဟုတ်တဲ့ သူငယ်ချင်း အသစ် တွေ ရပါတယ်။ အနယ်နယ် အရပ်ရပ်က ရောက်လာကြတဲ့ သူတွေပေါ့၊ အဲဒီအချိန်က ကျမကိုယ်တိုင်က ၁၇ - ၁၈ နှစ်တွေဆိုတော့ ဘာမှ လေးလေးနက်နက် မရှိပါဘူး၊ ဒါ ကြောင့် လေးလေးနက်နက် တွေးတတ်သူတွေဟာ ကျမတို့ အတွက် ထူးခြားနေတာပေါ့။ ကျမမှာ ထူးခြားတဲ့ သူငယ် ချင်းတယောက် ရှိခဲ့ဖူးပါတယ်၊ သူနာမည်က စိုင်းနေ၀င်းတဲ့၊ သူနဲ့ ကျမက ပရယ်တီကယ်လုပ်ရင် တဖွဲ့ထဲလုပ်ရတော့ ကျမတို့ ခင်နေပါတယ်။

သူက ကျမကို နောက်နောက်ပြောင်ပြောင် နာမည်တခု ပေး ထားပါတယ်၊ အဲဒါက ပိုးဟပ်ဖြူတဲ့၊ အကြောင်းကတော့ ကျမက ပရယ်တီကယ်လုပ်တိုင်း ချောင်တခုခုမှာ ခိုနေတတ်ပါတယ်။ သူတို့ အဖြေရမှ ကျမက လိုက်ကူးတတ်လို့ပါ၊ သူက ကျမတို့ထက် နည်းနည်းအသက် ပိုကြီးပါတယ်။ ဒါပေမဲ့ အသက်နဲ့မလိုက်အောင် အတွေးအခေါ် စာပေတွေကို ဖတ်တတ်ပါတယ်။ သူက ရှမ်းပြည်မှာနေပေမဲ့ ရန်ကုန်မှာပဲ ၁၀ တန်း ဖြေခဲ့တယ်။ ကျမတို့ အုပ်စုက ပရယ်တီကယ်ပြီးတာနဲ့ ကင်တင်းကို ပြေးတတ်ကြပါတယ်။ R.C (3) မှာ ကျောင်းထိပ်က ကင်တင်းက အမြဲ သီချင်းတွေ ဖွင့်တတ်တယ်၊ ဒါကြောင့် ကျမတို့က အမြဲတမ်း ကျောင်းထိပ်က ကင်တင်းမှာပဲ ထိုင်လေ့ရှိပါတယ်။

ကင်တင်းက သီချင်းအစုံဖွင့်ပေမဲ့ တခါတလေ စိုင်းထီးဆိုင် သီးချင်းကိုလဲ ဖွင့်ပါတယ်။ အောင်မြင်မှု သက်တမ်းအရှည်ဆုံး အဆိုတော် တွေထဲမှာ စိုင်းထီးဆိုင်လဲ ပါတယ်လေ၊ ဒါကြောင့် ကျမတို့ ငယ်ငယ်လေးထဲကစပေါ်ခဲ့တာဖြစ်ပေမဲ့ ကြီးတဲ့အထိလဲကြိုက်နေရသေး တာပေါ့ ကျမရဲ့ သူငယ်ချင်းစိုင်းနေ၀င်းက အမြဲလိုလို ထီးဆိုင်သီချင်းတွေကို တောင်းဆိုတတ်ပါတယ်။ ပြီးရင် သူဆက်ပြောနေကြ စ ကားက ထီးဆိုင်ရဲ့သီချင်းတွေက အဓိပ္ပါယ်တွေ အများကြီးရှိနေတဲ့အပြင် သူ့ရဲ့ နူးညံ့ချိုသာတဲ့အသံနဲ့ ခပ်ဝဲ၀ဲလေးဆိုဟန်က ဘယ် သူနဲ့မှမတူဘူးတဲ့ အဲဒါကို ကျမတို့လဲ ထောက်ခံကြပါတယ်။

အဲဒီဆိုင်မှာ စိုင်းထီးဆိုင် လက်ရွေးစင်သီချင်းခွေရှိတယ်၊ သူတို့စိတ်ကြိုက် ရွေးကူးထားတဲ့ သီချင်းခွေပေါ့၊ အဲဒီထဲမှာ ငွေတောင်တန်း အတွက် သီချင်းတပုဒ်ဆိုတာရှိတယ်။ “၁၀ နှစ် နီးပါး စောင့်ခဲ့ရပြီးမှ ဒီအချိန်မှာ တညဖြစ်ဖြစ် နှစ်သိမ့်ဆုလေးလောက်တော့ တသက် လုံးမခွဲကြခင် ကြင်နာခွင့် ရသင့်တယ်” ဒီစာသားရဲ့ အဓိပ္ပါယ်ကို နင်တို့သိလားလို့ စိုင်းနေ၀င်းက မေးခဲ့ဖူးပါတယ်။ ကျမတို့က မ သိဘူးလို့ဖြေတော့ သူပြောပြချင်တယ်တဲ့၊ နင်တို့က ပြည်မကလူတွေဆိုတော့ ပြည်နယ်ကလူတွေရဲ့ ခံစားချက်ကို အများကြီးမသိနိုင် ဘူးတဲ့၊ သူ ပြောပြတာက “တကယ်တော့ ဗမာပြည်ကြီးက အင်္ဂလိပ်တွေရဲ့ ကျွန်အဖြစ်နှစ်ပေါင်း ၁၀၀ ကျော်နေခဲ့ရတယ်။

ကိုယ်လိုနီဘ၀မှာ ပြည်နယ်၊ ပြည်မ သွေးခွဲ အုပ်ချုပ်တာကို ခံခဲ့ရတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေထဲမှာလဲ အင်္ဂလိပ်ကျွန်အဖြစ် မနေ နိုင်တဲ့ လူတွေရှိတယ်။ ဒီတော့ အင်္ဂလိပ်ကို တော်လှန်ခဲ့တယ်။ ပထမတော့ သီးခြားစီပေါ့ဟာ၊ ငါတို့ ရှမ်းတွေမှာ သမိုင်းမတွင်ခဲ့ပေမဲ့ အင်္ဂလိပ်ကိုတော်လှန်လို့ အင်္ဂလိပ်က ခေါင်းဖြတ်သတ်တာကို ခံခဲ့ရတဲ့အာဇာနည်တွေ အတော်များများရှိခဲ့တယ်။ နောက်တော့ ငါတို့ တွေ တဖြည်းဖြည်း နားလည်လာတာက အားလုံးစုပေါင်းတော်လှန်မှ ဖြစ်မယ်ဆိုတာကိုပဲ။ ဒါကြောင့် အားလုံး တစုတစည်းတည်း တော်လှန် ခဲ့ကြတယ်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ လူတွေသိန်းပေါင်းများစွာ သေကုန်ကြတော့ ငါတို့တွေက စစ်ဖြစ်ရမှာကို ကြောက်လာတယ်။ အင်္ဂလိပ် တွေကလည်း နားလည်တယ်။ ပြည်နယ်နဲ့ ပြည်မပေါင်းရင် အင်အားကြီးလာမှာကြောက်တော့ ပြည်နယ်နဲ့ ပြည်မကိုခွဲဖို့ ကြိုးစားခဲ့ ကြတယ်။ ဒီအခြေအနေကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာကို ကောင်းကောင်းကြီးသိထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ညှိုနှိုင်းပြီး ၁၉၄၇ ခု ဖေဖော်ဝါရီ ၁၂ ရက်မှာ ပင်လုံစာချုပ်ချုပ်ခဲ့တယ်။

ဒါပေမဲ့ ဒို့တွေသင်ရတဲ့သမိုင်းစာအုပ်မှာ ပင်လုံစာချုပ်ရဲ့အကြောင်းကို စုံစုံလင်လင်မသင်ခဲ့ရဘူး၊ ဒီတော့ နင်တို့မသိတဲ့အကြောင်းတွေ ပါတယ်။ ငါကသိတယ်ဆိုတာက ငါ့အဖိုးအဖွါးတွေ ငါ့မိဘတွေက တော်လှန်ရေးအဆက်ဆက်မှာ ပါဝင်ခဲ့ဘူးတယ်တဲ့၊ သူဆက်ပြောပြ တာက “ပင်လုံစာချုပ်မှာ မြန်မာပြည်ကြီးကို ဖယ်ဒရယ်မူနဲ့ ၁၀ နှစ်အုပ်ချုပ်မယ်၊ ဒါကိုမှ မကြိုက်ဖူးဆိုရင် ၁၀ နှစ်စောင့်ကြပြီးရင် ကိုယ် ပိုင်အုပ်ချုပ်ခွင့် ပြုမယ်တဲ့။” အဲဒီအချိန်က ကျမတို့ကိုယ်တိုင်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ခွဲထွက်ခွင့်ကိုသေချာနားမလည်ခဲ့ပါဘူး၊ သမိုင်း တွေမှာ သင်ရတာက တိုင်းရင်းသားတွေ ခွဲထွက်ခွင့်တောင်းလို့ စစ်တပ်က အာဏာသိမ်းခဲ့တယ်လို့ ဆိုတာကိုး။

ဒါကို စိုင်းနေ၀င်းက ကျမတို့ကို သေချာရှင်းပြခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရပြီး နောက်ပိုင်းမှာတက်ခဲ့တဲ့ အစိုး ရတွေက ဖယ်ဒရယ်စစ်စစ် နိုင်ငံတော်ကို မတည်ထောင်နိုင်ခဲ့ပါဘူး၊ ဗဟိုအစိုးရရဲ့ ချုပ်ကိုင်မှုတွေကများတော့ ဖယ်ဒရယ်မကျတကျ နိုင်ငံအဖြစ်နဲ့ပဲ ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ တချို့တိုင်းရင်းသားတွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တောင်းခဲ့ပေမဲ့၊ ရှမ်းအမျိုးသားတွေက ဦး ဆောင်ပြီး ဖယ်ဒရယ်နိုင်ငံစစ်စစ်ဖြစ်ရေးကို တောင်းဆိုကြိုးပမ်းခဲ့ကြပါတယ်။ ဒါပေမဲ့ ၁၉၅၈ ခုနှစ်မှာ အချောင်သမား ဗိုလ်နေ၀င်းက အာဏာလွှဲ ပြောင်းယူခဲ့ပါတယ်။

ဗိုလ်နေ၀င်း အာဏာလွှဲပြောင်းယူပြီးတဲ့နောက်ပိုင်းမှာ တိုင်းရင်းသားတွေက ခွဲထွက်ခွင့်တောင်းဆိုတယ်ဆိုပြီး အပြင်းအထန် နှိပ်ကွပ်ခဲ့ ပါတယ်။ အာဏာရဲ့အသုံးဝင်မှုကို ကောင်းကောင်းခံစားဖူးသွားတဲ့ ဗိုလ်နေ၀င်းက တိုးမဲ့စစ် နောက်တလှမ်းဆုတ်တဲ့သဘောနဲ့ ၁၉၆၀ ခုနှစ်မှာ အနိုင်ရပါတီကို အာဏာအပ်ခဲ့ပါတယ်။ ၁၉၆၀ ခုနှစ်တွေမှာ အာဏာရအစိုးရဟာ တိုင်းရင်းသားတွေကို စည်းရုံးဖို့ထက်ကို တ နိုင်ငံလုံးမှာဖြစ်ပွါးနေတဲ့ ပြည်တွင်းစစ်ကိုတောင် ရပ်တန့်အောင်မလုပ်နိုင်တော့ပါဘူး။ အဲဒီလိုဖြစ်ပျက်နေခဲ့တာဟာ အချောင်သမားအ တွက်တော့ အခွင့်အရေးကောင်းဖြစ်ခဲ့ပါတယ်။

တိုင်းပြည်ရဲ့အခြေအနေကို လက်ညှိုးထိုးပြပြီး၊ စစ်တပ်က အာဏာသိမ်းလိုက်ပါတယ်။ ဒီတော့ရှမ်းတိုင်းရင်းသားတွေရဲ့ မျှော်လင့်ချက် နဲ့ကြိုးစားမှုဟာ စစ်တပ်ရဲ့ အာဏာသိမ်းခြင်းရဲ့နောက်ကွယ်မှာ လုံးဝပြိုကွဲပျက်စီးသွားခဲ့တယ်တဲ့။ အဲဒီသီချင်းနဲ့ ဆက်စပ်လို့ရခဲ့တဲ့ သီ ချင်းက “ဘီးနံပါတ် OK 0122L” ၊ စိုင်းနေ၀င်းကပြောခဲ့တာက အတည့်စီလိုက်ရင် LOOK 12.2 တဲ့လေ။ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ချုပ် ဆိုတဲ့နေ့ကို သတိရကြပါတဲ့။ သူပြောတော့မှ စိုင်းထီးဆိုင်ရဲ့ ရှမ်းသံဝဲ၀ဲနဲ့ဆိုထားတဲ့ သီချင်းဟာ ပိုနားထောင်လို့ ကောင်းလာပါတယ်။ ပြောပြခဲ့တဲ့ စိုင်းနေ၀င်းကိုလဲ ကျမတို့ ငေးမောနေခဲ့မိကြပါတယ်။

တိုင်းပြည်တပြည်မှာရှိနေတဲ့ တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ဖို့ အမှန်တကယ်လိုအပ်ပါလား ဆိုတာကို ပိုပြီးနားလည်လက်ခံမိပါ တယ်။ ၁၉၆၂ ခုနှစ်နောက်ပိုင်းမှာတော့ ပြည်တွင်းစစ်ဟာ အရှိန်အဟုန်နဲ့ လောင်ကျွမ်းလာပါတယ်။ တိုင်းရင်းသားတိုင်းလိုလိုမှာ အာ ဏာရှင်ကို ပုန်ကန်တဲ့အဖွဲ့တွေ ရှိနေခဲ့ပြီး၊ ပြည်မကြီးမှာလဲ စစ်အာဏာရှင်ကို လစ်ရင်လစ်သလိုဆန့်ကျင်ခဲ့တဲ့ လူတွေအတော်များများ ရှိနေခဲ့ပါတယ်။ စစ်အာဏာရှင်ရဲ့အလုပ်ကလည်း ဆန့်ကျင်သူတွေနဲ့ စေ့စပ်ညှိုနှိုင်းတာမျိုးမလုပ်ပဲနဲ့၊ တိုက်မယ် သတ်မယ်ဆိုတဲ့ ၀ါဒနဲ့ အုပ်ချုပ်လာခဲ့တာ မြန်မာပြည်လဲအတော်ကို မွဲတေ စုတ်ပြတ်နေခဲ့ပါတယ်။

စစ်တပ်ကလည်း တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ အမြဲတစေ ပစ်ခတ်တိုကခိုက်နေခဲ့ကြပါတယ်။

တိုက်ပွဲတိုင်းမှာ ဟိုဘက်ဒီဘက် အကျအရှုံးရှိခဲ့ကြပါတယ်။ ဒီအချိန်မှာ စိုင်းခမ်းလိတ်က “အိပ်စက်အနားယူပြီိ” ဆိုတဲ့ သီချင်းကိုရေးဖွဲ့ ခဲ့ပါတယ်။

“ချယ်ရီပင်အောက် နောက်ဆုံးအကြိမ်နှုတ်ဆက်ဖို့ရယ်
မလာနိုင်တော့တယ် ကြင်သူသက်ထား သားသမီး ငယ်
ဘယ်လိုရှိမယ် မြင်ခြင်သေးလဲ အချစ်ရေးထက်
ပြည်ရေးရာက ပိုခက်တော့ကွယ် အိပ်စက်အနားယူပြီ”

စိုင်းနေ၀င်းပြောပြခဲ့တာကတော့ S.S.A တယောက်ဖြစ်ချင်လဲ ဖြစ်မယ်၊ အစိုးရစစ်တပ်မှာပါခဲ့တဲ့ ရဲဘော်တဦးလဲဖြစ်ချင်လဲဖြစ်မယ်။ သူ ဟာ သူ့မိသားစုကို နှုတ်ဆက်ဖို့ မဖြစ်နိုင်တော့ဘူး၊ လောကကြီးကို ထာဝရနှုတ်ဆက်သွားခဲ့ပြီ၊ ဇနီးလဲခင်ပွန်းကို ဆုံးရှုံးလိုက်ရပြီ၊ သား သမီးတွေလဲ သူတို့အဖေကိုသေမင်းလက်ထဲအပ်လိုက်ရပြီ၊ ဒါပေမဲ့ နှုတ်တောင်မဆက်လိုက်ရဘူးတဲ့။ အဆိုတော်ရဲ့အသံသာသာလေး အောက်မှာ နင့်နင့်နဲနဲ ခံစားမိလိုက်ပါတယ်။

လူမလာ စာမပါး သတင်းမကြားတာ ရက်လများရယ်
မရေနိုင်တော့တယ် အိမ်ပြန်မယ့်လမ်း ငြိမ်းချမ်းရင်
ရွှေလက်တွဲမယ် ရည်ရွယ်ရင်းနဲ့ စောင့်မျှော်သူ
ဒီအဖြစ်မှန်ကို ဘယ်သိလိမ့်မလဲ အိပ်စက်အနားယူပြီတဲ့

အိမ်ပြန်ရမဲ့လမ်းမှာ ငြိမ်းချမ်းချင်နေကြတဲ့ စစ်ကို တကယ်ရင်ဆိုင်ခဲ့ရသူတွေရဲ့ ဆန္ဒပါ။ ဘယ်သူမှ စစ်ကိုမကြိုက်နိုင်ပါဘူး၊ အထူးသဖြင့် ကိုယ်တိုင်စစ်မြေပြင်ကို ရင်ဆိုင်နေရသူတွေပေါ့။ အားမငယ်ပါနဲ့တဲ့ စစ်ပွဲကိုဖန်တီးနေတဲ့ အာဏာရှင်က မသနားပေမဲ့ မြတ်စွာဘုရား ကတော့သူတို့ကိုသနားလို့ နောင်ဘ၀ကျရင်ပြန်ဆုံခိုင်းမတဲ့လေ။ နားထောင်နေရင်းနဲ့ ပြည်တွင်းစစ်ရဲ့ဆိုးဝါးမှုတွေကို ပိုမြင်လာရတယ် ကျမတို့လို မြို့ပေါ်နေသူတွေအဖို့ စစ်ဆိုတာကြားဖူးပေမဲ့ မမြင်ဖူးခဲ့ဘူးလေ၊ ဒီသီချင်းကို နားထောင်ရင်းနဲ့ စစ်ဆိုတာ ချစ်သူခင်သူတွေ ကိုကွဲကွာစေတယ်၊ စစ်ကြီးက ချစ်သူခင်သူတွေကို ခွဲခွါပစ်လိုက်တယ်ဆိုတဲ့ အသိကိုပေးခဲ့ပါတယ်။

အခုအချိန်မှာ ကျမ ပြန်စဉ်းစားမိပါတယ်။ ကျမတို့ တိုင်းပြည်ကြီးက မိုင်းဗုံးကြီးတလုံးနဲ့ တူနေတယ်၊ တိုင်းရင်းသားတွေရဲ့ သဘော တူညီမှုမပါပဲနဲ့ အာဏာတခုတည်းနဲ့ ညီညွတ်မှုကိုတည်ဆောက်နေတယ်၊ ပြည်တွင်းစစ်မီးဟာ အချိန်မရွေး တောက်လောင်နိုင်တယ်၊ ကျမတို့ တိုင်းပြည်အတွက် အရေးတကြီးလိုအပ်ချက်ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပါတယ်။ ဗိုလ်ချုပ်ဟာ တိုင်းရင်းသား တွေအား လုံးကို စည်းရုံးနိုင်ခဲ့သလိုပဲ၊ ဒေါ်အောင်ဆန်းစုကြည်ကလဲ စည်းရုံးနိုင်မယ်လို့ ကျမ ယုံပါတယ်၊ ဒါပေမဲ့ အခုထိတော့ ဒေါ်အောင်ဆန်းစု ကြည်ကို ကြိုးစားခွင့်မပေးခဲ့ပါဘူး၊

ကျမရဲ့အတွေးကို ကျယ်ပြန့်စေခဲ့တဲ့ ကျမ သူငယ်ချင်းဟာ ၁၉၈၈ ခု အရေးအခင်းအပြီး ကျောင်းပြန်ဖွင့်တဲ့အချိန်မှာ သူကျောင်းပြန်မ တက်တော့ပါဘူး၊ ပြန်မလာနိုင်သူတွေထဲမှာ သူပါနေပါတယ်၊ သူ ဘယ်ရောက်သွားလဲဆိုတာကို ကျမတို့ တိတိကျကျ မသိကြရပေမဲ့ သူပြောငါပြောနဲ့ S.S.A ထဲဝင်သွားသလိုလို၊ ဘာလိုလိုနဲ့ ရိုးတိုးရိပ်တိတ် ပြောနေကြပါတယ်။ တချို့ကတော့ သူကိုယ်တိုင် S.S.A ယူ ဂျီလိုလို ဘာလိုလိုနဲ့လဲပြောကြပါတယ်၊ ဘယ်လိုပဲဖြစ်နေနေ သူက ကျမကို အတွေးသစ်တွေတော့ ပေးသွားနိုင်ခဲ့ပါတယ်၊ တိုင်း ရင်းသားတွေ စည်းလုံးညီညွတ်စွာနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေနဲ့ ဖွဲ့စည်းတည်ထောင်တဲ့ ပြည်ထောင်စုကို ဗိုလ်ချုပ်က ပေး ချင်ခဲ့သလို ကျမတို့လဲ လိုချင်နေကြဆဲပါ။

***ခင်ငြိမ်းသစ် ***

ကျမ တက္ကသိုလ်မှာ ပထမနှစ်စတက်တော့ အ.ထ.က ကျောင်းမှာ အတူတက်ခဲ့တာမဟုတ်တဲ့ သူငယ်ချင်း အသစ် တွေ ရပါတယ်။ အနယ်နယ် အရပ်ရပ်က ရောက်လာကြတဲ့ သူတွေပေါ့၊ အဲဒီအချိန်က ကျမကိုယ်တိုင်က ၁၇ - ၁၈ နှစ်တွေဆိုတော့ ဘာမှ လေးလေးနက်နက် မရှိပါဘူး၊ ဒါ ကြောင့် လေးလေးနက်နက် တွေးတတ်သူတွေဟာ ကျမတို့ အတွက် ထူးခြားနေတာပေါ့။ ကျမမှာ ထူးခြားတဲ့ သူငယ် ချင်းတယောက် ရှိခဲ့ဖူးပါတယ်၊ သူနာမည်က စိုင်းနေ၀င်းတဲ့၊ သူနဲ့ ကျမက ပရယ်တီကယ်လုပ်ရင် တဖွဲ့ထဲလုပ်ရတော့ ကျမတို့ ခင်နေပါတယ်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)