မကြာသေးမှီကအင်တာဗျူးတခုတွင် တတိယအင်အားစုမှ ဒေါ်ချိုချိုကျော်ငြိမ်းက ဦးသုဝေတို့လေသံအတိုင်း ရွေးကောက် ပွဲဝင်ခြင်းက တိုင်းပြည်ပြုပြင်ပြောင်းလဲမှုကို သူတို့တတိယအင်အားစုရည်မှန်းထားသည့်အတိုင်းပြောင်းလဲမှုလုပ်သွားနိုင် လောက်ကြောင်းအာဝဇွန်းရွှင်ရွှင်ပြောပြခဲ့သည်ကို ဖတ်ရှုရသည်။ ထိုမျှသာမကသေးပါ။ ဒေါ်ချိုချိုကျော်ငြိမ်းက အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့တင်းမာသည့်လမ်းစဉ်ရွေးချယ်ကာ နအဖစစ်အာဏာရှင်တို့နှင့် ညှိနှိုင်း ဖြေရှင်းမှုမပြုလုပ်ခဲ့သောကြောင့် တိုင်းပြည်ဒီအခြေအနေမှာရှိနေသည်ဟုလဲ ပြောဆိုခဲ့သည်။ ငါ့စကားနွားရပြောလေသ လား၊ မိမိစကားကဘယ်ရောက်သည်ကိုမသိပဲနှင့်ပြောလေသလား၊ နအဖအလိုကျပဲအခုအချိန်ထဲက အမြှီးနှန့်၍ပြောလေ သလားကတော့ သူသာပင်သိပါလိမ့်မည်။
ကျွန်တော်တို့ထက်အသက်ကြီးသော ဒေါ်ချိုချိုကျော်ငြိမ်းအနေနှင့် နာဇီလက်ထက်က နာဇီလက်အောက်က လုပ်နိုင်သ လောက်ပြောင်းလဲမှုတွေလုပ်ကြည့်ရအောင်ဟု လူပျင်းလူညံ့ပြောစကားနှင့် ကိုယ့်ညံ့ဖျင်းမှုကိုကာကွယ်ပြီး ဂျူးလူမျိုးခြောက် သန်းကျော်ကို နာဇီလက်ထဲဝကွပ်အပ်သွားမိမှန်းမသိလုပ်ခဲ့မိကြသော ဂျူးခေါင်းဆောင်တချို့၏ လေသံများနှင့်လာတူနေ အောင်ပြောနိုင်သည်က အံ့သြစရာကောင်းသည်။ အမျိုးဖျက်မည့်အာဏာရှင်များနှင့်ပေါင်းပြီးလုပ်ကြလျှင် သူတို့ကဲ့သို့ ပင် တိုင်းပြည်နှင့်အမျိုးကိုဖျက်ဘို့သာပဲ ပေါင်းလုပ်ကြခြင်းဖြစ်လိမ့်မည်။ လူထုကောင်းစားရေးတော့ ဖြစ်လာမည်မဟုတ် တာသေချာပါသည်။
သူတို့စကားများထဲမှ မေးချင်နေတာတချို့ရှိပါတယ်။ နအဖနှင့် ဒေါ်အောင်ဆန်းစုကြည်ညှိနှိုင်းဆွေးနွေးရန် အကြိမ်ကြိမ် မတောင်းဆို၊ မကြိုးစားခဲ့ပါဘူးလား။ ဒီလိုကြိုးစားခဲ့သည်ကိုမသိရလောက်အောင် ဒေါ်ချိုချိုကျော်ငြိမ်းတယောက်မည် သည့်ချောင်တွင် ဘဝမေ့အောင်သွားအကဲကြီးကဲနေခဲ့ပါသနည်း။ တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာရေးကို မလိုလားသူမှာ နအဖဖြစ်တာက ရှင်းနေသည်။ တတိုင်းတပြည်လုံး၊ ပြည်သူတရပ်လုံးကထိုသို့သော အခြေခံအချက်ကလေးများကို ကောင်းကောင်းသိနေပါလျှက်နှင့် လူထုအတွက် လုပ်မည်ဆိုသော ဒေါ်ချိုချိုကျော်ငြိမ်းက မသိသည်မှာ အလွန်ပင်တော် လွန်းလှသည်ပြောရမည်။ နအဖအတွက် အမြှီးနှန့်ဖေါ်လန်ဖါးရန်တော်ခြင်းဖြစ်သည်။ တွေ့ဆုံဆွေးနွေးရေးကို မလိုလား သောနအဖနှင့် ဒေါ်ချိုချိုကျော်ငြိမ်းတို့၊ ဦးသုဝေတို့က မည်သို့များတွေ့ဆုံဆွေးနွေးကြပါမည်နည်း။ မပြောခင်နဲနဲလေး စဉ်းစားကြည့်သင့်သည်။ ဒေါ်ချိုချိုကျော်ငြိမ်းနှင့် ဦးသုဝေတို့ နအဖနှင့်ညှိနှိုင်း အလျှော့ပေးအဖြေရှာ၍ ရအောင်လုပ်နိုင်ရ မည်ဆိုလျှင် နောက်ပြီး ဒီအနှစ်၂၀ကာလလုံးလုံးတွင် သူတို့တတွေဘယ်နေရာတွေမှာများသွားရောက်အဖြေရှာအလျှော့ ပေးညှိနှိုင်းနေခဲ့ပါသနည်း။ ရွေးကောက်ပွဲဝင်ချင်လိုစိတ်အမြှီးနှန့်၍သာ ယခုကျမှ ဤစကားပြောနိုးထလာကြခြင်းများ လားဆိုသည်ကို စဉ်းစားစရာပင်ဖြစ်သည်။ အနှစ်၂၀ကာလပတ်လုံး ဒေါ်ချိုချိုကျော်ငြိမ်းနှင့်ဦးသုဝေတို့အုပ်စုများဘာမှ အရာပေါ်အောင်ညှိနှိုင်းဖြေရှင်းနိုင်ခြင်းမရှိပဲနှင့် နောက်ထပ်အချိန်ဘယ်လောက်များများ သူတို့ညှိနှိုင်းဆွေးနွေးအဖြေရှာ ပြု ပြင်ပြောင်းလဲမှုလုပ်လိမ့်မည်ကို မည်သို့ယုံကြရပါမည်နည်း။ သြော် - ဒါမှမဟုတ် နအဖ၏ယခု၂၀၁၀ရွေးကောက်ပွဲဆို သည်မှာ သူတို့၏တိတ်တဆိတ်ညှိနှိုင်းခြင်းကြောင့်ထွက်ပေါ်လာသော ရလာဒ်ဖြစ်သလော။ ထိုသို့ဆိုလျှင်တော့ နအဖနှင့် တကြိတ်တဥာဏ်ထဲ ကြံစည်ဆွေးနွေးနိုင်ခဲ့သော မဟာဦးနှောက်ကြီးများကို အိမ်သာတွင်းထဲချထားသင့်ကြသည်။
၁၉၉၀ရွေးကောက်ပွဲတွင် သူတို့လဲပါခဲ့ကြသည်။ ဤသည်ကိုတော့ ဘယ်လောက်ကဲနေရကဲနေရ မမေ့လောက်သေးဟု ထင်ရသည်။ မေ့နေလျှင်လဲ ထိုသို့ဦးနှောက်မရှိသူများ၏ပြောစကားကို မည်သူကမျှ အလေးအနက်ထားစဉ်းစားကြလိမ့် မည်မဟုတ်ပေ။ ထိုရွေးကောက်ပွဲကို တရားမျှတသောရွေးကောက်ပွဲဟု သတ်မှတ်ခဲ့ကြသည်။ စစ်အာဏာရှင်တို့က ထို ရွေးကောက်ပွဲရလာဒ်ကို ဗြောင်ငြင်းဆိုခဲ့ကြသည်။ ဒေါ်ချိုချိုကျော်ငြိမ်းနှင့်ဦးသုဝေတို့ တတုံးစား၍မမှတ်မိခြင်းပင်လော။ သို့မဟုတ်ဆက်စားကောင်း၍လော။ ယခုနအဖ၏၂၀၁၀ရွေးကောက်ပွဲ ပြိုင်ကြရန်သူတို့ကပဲတိုက်တွန်းနေကြပြန်သည်။ ယခုရွေးကောက်ပွဲတွင် ယခင်ရွေးကောက်ပွဲအတိုင်း နအဖက ဆက်လက်ငြင်းဆန်မည်ဆိုပါက ဒေါ်ချိုချိုကျော်ငြိမ်း၊ ဦးသုဝေနှင့် တတိယအင်အားစုများဘာလုပ်ကြမည်နည်း။ နောက်တခါ ၂၁၀၀ ရွေးကောက်ပွဲ လုပ်ချင်လုပ်လာသည့်အခါ တတုံစားမဝ၊ နှစ်ပုံစားလဲမဝနှင့် ဆက်စားကောင်း၍စားပြီး ဒါလဲလုပ်ရမည်၊ နအဖကလုပ်ပေးသည့်အချိန်အထိထိုင်စောင့် ကာအသနားခံညှိနှိုင်းရမည်ဟု ပြောကြဦးမည်လော။ ထိုသို့နအဖက ဒီတခါထပ်လုပ်လျှင် ဘာလုပ်မည်ဆိုသည်ကို ပြည် သူတရပ်လုံးသိအောင်ချဆွေးနွေးစေချင်သည်။ အကယ်၍သာဆွေးနွေးရဲသောသတ္တိများရှိမည်ဆိုလျှင်ပေါ့။ ထိုသို့မလုပ် ရဲ၊ မရှင်းပြနိုင်ပဲနှင့် ခိုးစားသည်ကိုလူမိ၍မျက်နှာပြောင်တိုက်တတ်သောအကျင့်များအတိုင်း ပြောင်ပြောင်ပဲ လူထုကို လိမ် ရန်မကြိုးစားသင့်ပါ။ သူတို့ဘာသာနအဖက ယိုချမည်လား၊ လေလည်မည်လားကိုစောင့်နေလိုလျှင်စောင့်နေသည်ကို မည်သူကမျှအပြစ်ပြောမည်မဟုတ်ပါ။ လူထုအတွက်ဟုဆိုကာ လူထုအားလက်ညှိုးထိုးအကာအကွယ်ယူ၍ မိမိအမြှီးနန့် ကြသည်ကို ဖုံးကွယ်ရန်မကြိုးစားကြပါနှင့်။ လူသားတဦးအတွက်အရေးအကြီးဆုံးမှာ ဂုဏ်သိက္ခာဖြစ်သည်။ ထိုဂုဏ်သိက္ခါ ကိုဖျက်ဆီးနှိမ့်ချခြင်းကို ကာကွယ်ခုခံကြရမည်မှာ လူသားတိုင်း၏တာဝန်ဖြစ်သည်။ အမေရိကန်နိုင်ငံတွင်လူမဲများတန်းတူ ရည်တူရရှိရေးလှုပ်ရှားမှု၊ အမျိုးသမီးများတန်းတူမဲပေးခွင့်ရရေးလှုပ်ရှားမှု၊ တောင်အာဖရိကတွင် လူဖြူလူမဲပြသနာတို့တွင် လူ၏ဂုဏ်သိက္ခာကိုထိမ်းသိမ်းပြီးလူလိုဆက်ဆံခံခွင့်ရအောင် တိုက်ပွဲဝင်ခဲ့ကြသည်။ ကျွန်တော်တို့နိုင်ငံတွင် နိုင်ငံသား အားလုံးကို ခြံထဲထည့်ထားသည့်တရိစ္ဆာန်များကဲ့သို့ သူတို့လုပ်ချင်ရာလုပ်ခြင်းကို မည်သူမျှ မခံကြသင့်ချေ။ လူသားအား လုံးကို လူသားဂုဏ်သိက္ခာနှင့် ဆက်ဆံလာရအောင်လုပ်ရမည်မှာ အားလုံး၏တာဝန်ဖြစ်သည်။ ထိုသို့မလုပ်ပဲ-နာဇီခေတ် ကလို နာဇီတွေလုပ်သမျှပဲခံကြတာကောင်းပါတယ်ဆိုပြီးတိုက်တွန်းနေသူများကို အာဏာရှင်လက်ပါးစေခွေးများအဖြစ်သာ သတ်မှတ်ရလိမ့်မည်ဖြစ်သည်။
မတရားမှုများကိုရင်ဆိုင်ကြရာတွင် ခေါင်းဆောင်များကိုသာအားကိုးနေ၍ရမည်မဟုတ်ပါ။ အားလုံးတွင်တာဝန်ရှိပါသည်။ အားလုံးက ခေါင်းဆောင်များ၏ညွှန်ကြားမှုရသည့်အခါမှသာလိုက်လုပ်တတ်သော သူများအဖြစ်သာမက ကိုယ်ကိုတိုင် လုပ်ဆောင်ထည့်ဝင်လုပ်နိုင်သောအရာများအားလုံးကို အပြည့်အဝလုပ်ဆောင်ကြသည့်အခါတွင်မှသာ ရှေ့မှရပ်တည်ရ သောခေါင်းဆောင်တို့တွင်လဲအားရှိမည်ဖြစ်သည်။ အကျိုးမသက်ရောက်သော ကြေငြာချက်များ၊ လက်တွေ့မပါသော အပြောသက်သက်အစည်းအဝေးများကိုရပ်ပြီး မိမိတို့ဘယ်အစိတ်အပိုင်းကပါဝင်၍ ပြုပြင်ပြောင်းလဲရေးသမိုင်းလှုပ်ရှားမှု တွင်တာဝန်ကျေအောင် မည်သို့လုပ်ကြရမည့်အချိန်ဖြစ်ပါသည်။ သူများကိုမြျှောက်ပေး၊ ကြေညာချက်ထုတ်၊ အချောင်ခို နေ၍မရပါ။ အားလုံးတသိုက်တဝန်းတည်း ဘက်ပေါင်းစုံကလုပ်ကြမှ ပြောင်းလဲမှုဖြစ်ပေါ်လာရန်အလားအလာမြင်ကြရပေ လိမ့်မည်။ တွေဝေနေ၊ အချောင်ခိုနေကြရန်အချိန်မဟုတ်တော့ပါ။
***ငြိမ်းချမ်း***
နအဖစစ်အာဏာရှင်တွေက သူတို့ကိုယ်ကိုရော၊ တိုင်းပြည်နဲ့လူထုကိုရော အစဉ်အဆက်လိမ်လာခဲ့တာကြာတော့ လိမ်ပြီး ပြောတာတွေကို သူတို့ဘာသာတောင်မှ အမှန်လို့ထင်နေကြတဲ့သူတွေဖြစ်တဲ့အတွက် သူတို့ကို မလိမ်ပါနဲ့သွားပြောလို့ ကတော့ သူတို့အဖြေပြန်ပေးကောင်းပြန်ပေးမဲ့ တကယ်ပါ၊ မလိမ်ပါဘူးဆိုတာကိုကတည်းက လိမ်ပြီးဖြစ်နေမှာဖြစ်လို့ ဘာ မှအကျိုးရှိမှာမဟုတ်ပါဘူး။ ဒါပေမဲ့နအဖလိုမဟုတ်ပဲ လူထုအတွက်လုပ်မယ်ဆိုတဲ့လူတွေကတော့ နိုင်ငံရေးသမားတွေဆို ရင် လူထုအပေါ်လိမ်ညာမှုကို ပိုပြီးတောင် သတိထားကြသင့်ပါတယ်။ ဒီလိုမဟုတ်ပဲ လွယ်လွယ်အခုပြီးပြီးရောလိမ်လိုက်ရ တာဘာဖြစ်လို့လဲဆိုလို့ကတော့ သူတို့တတွေလဲ လူထုအပေါ်နအဖလိုပဲ ဒုက္ခပေးမဲ့သူတွေပဲဆိုတာ ကိုယ့်ကိုကိုယ်စံချိန် သတ်မှတ်ထားပေးပြီးသားဖြစ်ပါလိမ့်မယ်။ ကိုယ်ဘာတွေလုပ်နေသည်လဲနှင့်ရေရှည်ဖုံးကွယ်ထား၍မရသောစိတ်ဓါတ်များ ကိုကြည့်၍လဲ ထိုသို့လူထုအားလိမ်စားရန်ဝန်မလေးသူများကို လူထုကခွဲခြားသိနိုင်ပါသည်။
မကြာသေးမှီကအင်တာဗျူးတခုတွင် တတိယအင်အားစုမှ ဒေါ်ချိုချိုကျော်ငြိမ်းက ဦးသုဝေတို့လေသံအတိုင်း ရွေးကောက် ပွဲဝင်ခြင်းက တိုင်းပြည်ပြုပြင်ပြောင်းလဲမှုကို သူတို့တတိယအင်အားစုရည်မှန်းထားသည့်အတိုင်းပြောင်းလဲမှုလုပ်သွားနိုင် လောက်ကြောင်းအာဝဇွန်းရွှင်ရွှင်ပြောပြခဲ့သည်ကို ဖတ်ရှုရသည်။ ထိုမျှသာမကသေးပါ။ ဒေါ်ချိုချိုကျော်ငြိမ်းက အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့တင်းမာသည့်လမ်းစဉ်ရွေးချယ်ကာ နအဖစစ်အာဏာရှင်တို့နှင့် ညှိနှိုင်း ဖြေရှင်းမှုမပြုလုပ်ခဲ့သောကြောင့် တိုင်းပြည်ဒီအခြေအနေမှာရှိနေသည်ဟုလဲ ပြောဆိုခဲ့သည်။ ငါ့စကားနွားရပြောလေသ လား၊ မိမိစကားကဘယ်ရောက်သည်ကိုမသိပဲနှင့်ပြောလေသလား၊ နအဖအလိုကျပဲအခုအချိန်ထဲက အမြှီးနှန့်၍ပြောလေ သလားကတော့ သူသာပင်သိပါလိမ့်မည်။
ကျွန်တော်တို့ထက်အသက်ကြီးသော ဒေါ်ချိုချိုကျော်ငြိမ်းအနေနှင့် နာဇီလက်ထက်က နာဇီလက်အောက်က လုပ်နိုင်သ လောက်ပြောင်းလဲမှုတွေလုပ်ကြည့်ရအောင်ဟု လူပျင်းလူညံ့ပြောစကားနှင့် ကိုယ့်ညံ့ဖျင်းမှုကိုကာကွယ်ပြီး ဂျူးလူမျိုးခြောက် သန်းကျော်ကို နာဇီလက်ထဲဝကွပ်အပ်သွားမိမှန်းမသိလုပ်ခဲ့မိကြသော ဂျူးခေါင်းဆောင်တချို့၏ လေသံများနှင့်လာတူနေ အောင်ပြောနိုင်သည်က အံ့သြစရာကောင်းသည်။ အမျိုးဖျက်မည့်အာဏာရှင်များနှင့်ပေါင်းပြီးလုပ်ကြလျှင် သူတို့ကဲ့သို့ ပင် တိုင်းပြည်နှင့်အမျိုးကိုဖျက်ဘို့သာပဲ ပေါင်းလုပ်ကြခြင်းဖြစ်လိမ့်မည်။ လူထုကောင်းစားရေးတော့ ဖြစ်လာမည်မဟုတ် တာသေချာပါသည်။
သူတို့စကားများထဲမှ မေးချင်နေတာတချို့ရှိပါတယ်။ နအဖနှင့် ဒေါ်အောင်ဆန်းစုကြည်ညှိနှိုင်းဆွေးနွေးရန် အကြိမ်ကြိမ် မတောင်းဆို၊ မကြိုးစားခဲ့ပါဘူးလား။ ဒီလိုကြိုးစားခဲ့သည်ကိုမသိရလောက်အောင် ဒေါ်ချိုချိုကျော်ငြိမ်းတယောက်မည် သည့်ချောင်တွင် ဘဝမေ့အောင်သွားအကဲကြီးကဲနေခဲ့ပါသနည်း။ တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာရေးကို မလိုလားသူမှာ နအဖဖြစ်တာက ရှင်းနေသည်။ တတိုင်းတပြည်လုံး၊ ပြည်သူတရပ်လုံးကထိုသို့သော အခြေခံအချက်ကလေးများကို ကောင်းကောင်းသိနေပါလျှက်နှင့် လူထုအတွက် လုပ်မည်ဆိုသော ဒေါ်ချိုချိုကျော်ငြိမ်းက မသိသည်မှာ အလွန်ပင်တော် လွန်းလှသည်ပြောရမည်။ နအဖအတွက် အမြှီးနှန့်ဖေါ်လန်ဖါးရန်တော်ခြင်းဖြစ်သည်။ တွေ့ဆုံဆွေးနွေးရေးကို မလိုလား သောနအဖနှင့် ဒေါ်ချိုချိုကျော်ငြိမ်းတို့၊ ဦးသုဝေတို့က မည်သို့များတွေ့ဆုံဆွေးနွေးကြပါမည်နည်း။ မပြောခင်နဲနဲလေး စဉ်းစားကြည့်သင့်သည်။ ဒေါ်ချိုချိုကျော်ငြိမ်းနှင့် ဦးသုဝေတို့ နအဖနှင့်ညှိနှိုင်း အလျှော့ပေးအဖြေရှာ၍ ရအောင်လုပ်နိုင်ရ မည်ဆိုလျှင် နောက်ပြီး ဒီအနှစ်၂၀ကာလလုံးလုံးတွင် သူတို့တတွေဘယ်နေရာတွေမှာများသွားရောက်အဖြေရှာအလျှော့ ပေးညှိနှိုင်းနေခဲ့ပါသနည်း။ ရွေးကောက်ပွဲဝင်ချင်လိုစိတ်အမြှီးနှန့်၍သာ ယခုကျမှ ဤစကားပြောနိုးထလာကြခြင်းများ လားဆိုသည်ကို စဉ်းစားစရာပင်ဖြစ်သည်။ အနှစ်၂၀ကာလပတ်လုံး ဒေါ်ချိုချိုကျော်ငြိမ်းနှင့်ဦးသုဝေတို့အုပ်စုများဘာမှ အရာပေါ်အောင်ညှိနှိုင်းဖြေရှင်းနိုင်ခြင်းမရှိပဲနှင့် နောက်ထပ်အချိန်ဘယ်လောက်များများ သူတို့ညှိနှိုင်းဆွေးနွေးအဖြေရှာ ပြု ပြင်ပြောင်းလဲမှုလုပ်လိမ့်မည်ကို မည်သို့ယုံကြရပါမည်နည်း။ သြော် - ဒါမှမဟုတ် နအဖ၏ယခု၂၀၁၀ရွေးကောက်ပွဲဆို သည်မှာ သူတို့၏တိတ်တဆိတ်ညှိနှိုင်းခြင်းကြောင့်ထွက်ပေါ်လာသော ရလာဒ်ဖြစ်သလော။ ထိုသို့ဆိုလျှင်တော့ နအဖနှင့် တကြိတ်တဥာဏ်ထဲ ကြံစည်ဆွေးနွေးနိုင်ခဲ့သော မဟာဦးနှောက်ကြီးများကို အိမ်သာတွင်းထဲချထားသင့်ကြသည်။
၁၉၉၀ရွေးကောက်ပွဲတွင် သူတို့လဲပါခဲ့ကြသည်။ ဤသည်ကိုတော့ ဘယ်လောက်ကဲနေရကဲနေရ မမေ့လောက်သေးဟု ထင်ရသည်။ မေ့နေလျှင်လဲ ထိုသို့ဦးနှောက်မရှိသူများ၏ပြောစကားကို မည်သူကမျှ အလေးအနက်ထားစဉ်းစားကြလိမ့် မည်မဟုတ်ပေ။ ထိုရွေးကောက်ပွဲကို တရားမျှတသောရွေးကောက်ပွဲဟု သတ်မှတ်ခဲ့ကြသည်။ စစ်အာဏာရှင်တို့က ထို ရွေးကောက်ပွဲရလာဒ်ကို ဗြောင်ငြင်းဆိုခဲ့ကြသည်။ ဒေါ်ချိုချိုကျော်ငြိမ်းနှင့်ဦးသုဝေတို့ တတုံးစား၍မမှတ်မိခြင်းပင်လော။ သို့မဟုတ်ဆက်စားကောင်း၍လော။ ယခုနအဖ၏၂၀၁၀ရွေးကောက်ပွဲ ပြိုင်ကြရန်သူတို့ကပဲတိုက်တွန်းနေကြပြန်သည်။ ယခုရွေးကောက်ပွဲတွင် ယခင်ရွေးကောက်ပွဲအတိုင်း နအဖက ဆက်လက်ငြင်းဆန်မည်ဆိုပါက ဒေါ်ချိုချိုကျော်ငြိမ်း၊ ဦးသုဝေနှင့် တတိယအင်အားစုများဘာလုပ်ကြမည်နည်း။ နောက်တခါ ၂၁၀၀ ရွေးကောက်ပွဲ လုပ်ချင်လုပ်လာသည့်အခါ တတုံစားမဝ၊ နှစ်ပုံစားလဲမဝနှင့် ဆက်စားကောင်း၍စားပြီး ဒါလဲလုပ်ရမည်၊ နအဖကလုပ်ပေးသည့်အချိန်အထိထိုင်စောင့် ကာအသနားခံညှိနှိုင်းရမည်ဟု ပြောကြဦးမည်လော။ ထိုသို့နအဖက ဒီတခါထပ်လုပ်လျှင် ဘာလုပ်မည်ဆိုသည်ကို ပြည် သူတရပ်လုံးသိအောင်ချဆွေးနွေးစေချင်သည်။ အကယ်၍သာဆွေးနွေးရဲသောသတ္တိများရှိမည်ဆိုလျှင်ပေါ့။ ထိုသို့မလုပ် ရဲ၊ မရှင်းပြနိုင်ပဲနှင့် ခိုးစားသည်ကိုလူမိ၍မျက်နှာပြောင်တိုက်တတ်သောအကျင့်များအတိုင်း ပြောင်ပြောင်ပဲ လူထုကို လိမ် ရန်မကြိုးစားသင့်ပါ။ သူတို့ဘာသာနအဖက ယိုချမည်လား၊ လေလည်မည်လားကိုစောင့်နေလိုလျှင်စောင့်နေသည်ကို မည်သူကမျှအပြစ်ပြောမည်မဟုတ်ပါ။ လူထုအတွက်ဟုဆိုကာ လူထုအားလက်ညှိုးထိုးအကာအကွယ်ယူ၍ မိမိအမြှီးနန့် ကြသည်ကို ဖုံးကွယ်ရန်မကြိုးစားကြပါနှင့်။ လူသားတဦးအတွက်အရေးအကြီးဆုံးမှာ ဂုဏ်သိက္ခာဖြစ်သည်။ ထိုဂုဏ်သိက္ခါ ကိုဖျက်ဆီးနှိမ့်ချခြင်းကို ကာကွယ်ခုခံကြရမည်မှာ လူသားတိုင်း၏တာဝန်ဖြစ်သည်။ အမေရိကန်နိုင်ငံတွင်လူမဲများတန်းတူ ရည်တူရရှိရေးလှုပ်ရှားမှု၊ အမျိုးသမီးများတန်းတူမဲပေးခွင့်ရရေးလှုပ်ရှားမှု၊ တောင်အာဖရိကတွင် လူဖြူလူမဲပြသနာတို့တွင် လူ၏ဂုဏ်သိက္ခာကိုထိမ်းသိမ်းပြီးလူလိုဆက်ဆံခံခွင့်ရအောင် တိုက်ပွဲဝင်ခဲ့ကြသည်။ ကျွန်တော်တို့နိုင်ငံတွင် နိုင်ငံသား အားလုံးကို ခြံထဲထည့်ထားသည့်တရိစ္ဆာန်များကဲ့သို့ သူတို့လုပ်ချင်ရာလုပ်ခြင်းကို မည်သူမျှ မခံကြသင့်ချေ။ လူသားအား လုံးကို လူသားဂုဏ်သိက္ခာနှင့် ဆက်ဆံလာရအောင်လုပ်ရမည်မှာ အားလုံး၏တာဝန်ဖြစ်သည်။ ထိုသို့မလုပ်ပဲ-နာဇီခေတ် ကလို နာဇီတွေလုပ်သမျှပဲခံကြတာကောင်းပါတယ်ဆိုပြီးတိုက်တွန်းနေသူများကို အာဏာရှင်လက်ပါးစေခွေးများအဖြစ်သာ သတ်မှတ်ရလိမ့်မည်ဖြစ်သည်။
မတရားမှုများကိုရင်ဆိုင်ကြရာတွင် ခေါင်းဆောင်များကိုသာအားကိုးနေ၍ရမည်မဟုတ်ပါ။ အားလုံးတွင်တာဝန်ရှိပါသည်။ အားလုံးက ခေါင်းဆောင်များ၏ညွှန်ကြားမှုရသည့်အခါမှသာလိုက်လုပ်တတ်သော သူများအဖြစ်သာမက ကိုယ်ကိုတိုင် လုပ်ဆောင်ထည့်ဝင်လုပ်နိုင်သောအရာများအားလုံးကို အပြည့်အဝလုပ်ဆောင်ကြသည့်အခါတွင်မှသာ ရှေ့မှရပ်တည်ရ သောခေါင်းဆောင်တို့တွင်လဲအားရှိမည်ဖြစ်သည်။ အကျိုးမသက်ရောက်သော ကြေငြာချက်များ၊ လက်တွေ့မပါသော အပြောသက်သက်အစည်းအဝေးများကိုရပ်ပြီး မိမိတို့ဘယ်အစိတ်အပိုင်းကပါဝင်၍ ပြုပြင်ပြောင်းလဲရေးသမိုင်းလှုပ်ရှားမှု တွင်တာဝန်ကျေအောင် မည်သို့လုပ်ကြရမည့်အချိန်ဖြစ်ပါသည်။ သူများကိုမြျှောက်ပေး၊ ကြေညာချက်ထုတ်၊ အချောင်ခို နေ၍မရပါ။ အားလုံးတသိုက်တဝန်းတည်း ဘက်ပေါင်းစုံကလုပ်ကြမှ ပြောင်းလဲမှုဖြစ်ပေါ်လာရန်အလားအလာမြင်ကြရပေ လိမ့်မည်။ တွေဝေနေ၊ အချောင်ခိုနေကြရန်အချိန်မဟုတ်တော့ပါ။
***ငြိမ်းချမ်း***

No comments:
Post a Comment