တစ်ပင်လုံးထိန်ထိန်ဝါ
ပွင့်ပါပေါ့ ပိတောက်ပန်း
ခူးဆွတ်ယူ ပန်တော်ဆက်နိုင်ဖို့
အစ်ကို- အစ်ကို ကာလသားတစ်သိုက်
အားစိုက်လို့ ကြိုးပမ်းရှာ….။
**သည်ရွှေပိတောက်ပန်းကိုဖြင့်
မရိုးတမ်းအစဉ်အလာရှိတာက
မငြိုးပန်းထိန်ဝါပွင့်အောင်
မိုးစက်ကဖျန်း….။
**အကြိုက်ထူးပါလို့
ပိတောက်ဖူးကိုဖြင့်ပန်
ရွှင်လန်းတဲ့သူ့ဟန်မှာ
ထွန်းတောက်တဲ့နေပမာ
ရွှန်းပလို့ကြည်သာခဲ့ပေသမို့
သပြေတစ်ခက်နဲ့ ရေစွတ်ခါ နံ့သာဆမ်း
အတာရေဘ၀င်လန်းအောင်
ဖျန်းပက်ချင်စမ်းပါဘိ….။
**အကြံတူရန်သူ မမှတ်နိုင်ဘူး
လက်ဦးသူသည် မောင်ခူးကာပ
မရုဏ်ဦးလင်းရောင်စမှာ
ဆံထောက်ကညာ ထွက်ခါလှမ်းရင်
ပိတောက်ဝါဆက်ချင်စမ်းလို့ရယ်
ခူးခဲ့တော့တယ်….။
ရိုးစင်:လို့အလှကြွယ်
သည်ရွာမယ်ပြိုင်စံကင်း
ဂုဏ်သတင်းလှိုင်လှိုင်သင်းတဲ့
ကွမ်းတောင်ကိုင်အပျိုချောကို
မောင့်သဘောပိုအလိုလိုက်ကာ
ပန်းဆက်မိတယ်…။ ။
*** ကိုရွှေအောင်သင်း ***
( ဧပြီလ ၂၀၀၇-ခုနှစ် စုံထောက်မဂဇင်းမှ ကူးယူဖော်ပြသည်။)
**အတာမိုးရွာဖြိုးပါတဲ့ နွေအခါ
တစ်ပင်လုံးထိန်ထိန်ဝါ
ပွင့်ပါပေါ့ ပိတောက်ပန်း
ခူးဆွတ်ယူ ပန်တော်ဆက်နိုင်ဖို့
အစ်ကို- အစ်ကို ကာလသားတစ်သိုက်
အားစိုက်လို့ ကြိုးပမ်းရှာ….။
**သည်ရွှေပိတောက်ပန်းကိုဖြင့်
မရိုးတမ်းအစဉ်အလာရှိတာက
မငြိုးပန်းထိန်ဝါပွင့်အောင်
မိုးစက်ကဖျန်း….။
**အကြိုက်ထူးပါလို့
ပိတောက်ဖူးကိုဖြင့်ပန်
ရွှင်လန်းတဲ့သူ့ဟန်မှာ
ထွန်းတောက်တဲ့နေပမာ
ရွှန်းပလို့ကြည်သာခဲ့ပေသမို့
သပြေတစ်ခက်နဲ့ ရေစွတ်ခါ နံ့သာဆမ်း
အတာရေဘ၀င်လန်းအောင်
ဖျန်းပက်ချင်စမ်းပါဘိ….။
**အကြံတူရန်သူ မမှတ်နိုင်ဘူး
လက်ဦးသူသည် မောင်ခူးကာပ
မရုဏ်ဦးလင်းရောင်စမှာ
ဆံထောက်ကညာ ထွက်ခါလှမ်းရင်
ပိတောက်ဝါဆက်ချင်စမ်းလို့ရယ်
ခူးခဲ့တော့တယ်….။
ရိုးစင်:လို့အလှကြွယ်
သည်ရွာမယ်ပြိုင်စံကင်း
ဂုဏ်သတင်းလှိုင်လှိုင်သင်းတဲ့
ကွမ်းတောင်ကိုင်အပျိုချောကို
မောင့်သဘောပိုအလိုလိုက်ကာ
ပန်းဆက်မိတယ်…။ ။
*** ကိုရွှေအောင်သင်း ***
( ဧပြီလ ၂၀၀၇-ခုနှစ် စုံထောက်မဂဇင်းမှ ကူးယူဖော်ပြသည်။)


No comments:
Post a Comment