(ဧပြီ ၁၀-ရက် ၂၀၁၀)
ဘန်ကောက်မြို့ တောင်ဘက။်ဖက်က ဆင်လမ်းမကြီးလူနေဆောင်တွင် ၅ ကြိမ်မြောက် ဓါးပြတိုက်ခံလိုက်ရ ကြောင်း အတိုက်ခံရသည့် အထည်ချုပ် မြန်မာအလုပ်သမားလင်မယားတို့ ကပြောသည်။ ဘန်ကောက်မြို့  ခေါင်း ခွန်းဈေး၊ စွန်ထောင်းစီ၊ ဖက်ကဆင် ၆၉ လမ်းရှိ အခန်းပေါင်း ၃၀ ကျော်ရှိသည့် လူနေဆောင်အတွင်း နေထိုင် သည့် ကိုအောင်အောင်နှင့် မခင်မင်း တို့ ဇနီးမောင်နှံတို့ ပြီးခဲ့သည့် ဧပြီ ၆ ရက်နေ့  ညနေ ၈ နာရီခန့်  က အမည် မသိ ထိုင်းလူမျိုးတစ်ဦး အရိုးအသွား ၂တောင်ခန့်  ရှိသည့် ဓါးအနှောက်ဘက် လွှသွားပါ ဓါးရှည်ဖြင့် ၀င်ရောက်ပြီး ဓါးပြတိုက်သွားခဲ့သည်။
လက်စွပ်၂ ကွင်း ရွှေအလေးချိန် ၆ ပဲကျော်၊ စီဒီအောက်စက်တစ်လုံး၊ နိုကီယားဖုန်းတစ်လုံး၊ ဘတ်ငွေ ၅၀၀၀ ကျော်နှင့် သားရေအိပ် စုစုပေါင်းကာလတန်ဘိုး ဘတ်တစ်သောင်းကျော်ဖိုး ဓါးပြတိုက်ခံလိုက်ရသည်။ ကိုအောင်အောင်က“ ကျနော်တို့ လင်မယား၂ယောက်က ပုတ်ပြတ်ချုပ်ပါတယ်၊ ကျနော်က ချုပ်ပြီးတဲ့အထည်ဖိုး တွေတွက်နေပါတယ်၊ ကျနော့်မိန်းမကလည်း ရေချိုးခါနီး ထမိန်ရင်လျှားနဲ့ ပဲ အစောကြီးရှိသေးတော့ တံခါးကမ ပိတ်မိဘူး၊ ရုတ်တရက် ဆိုင်ကယ်ဦးထုတ်ဆောင်းထားတဲ့ လူတယောက်ဝင်လာတယ်၊ အရိုးအသွား ၂တောင်နီးနီ လောက်ရှိတဲ့ ဓါးရှည်နဲ့  ကျနော့် လည်ကုတ်ကို ထောက်ထားတယ်၊ ပြီးတော့ ကျနော်တို့ လင်မယား၂ယောက်ကို ရေချိုးခန်းထဲကိုသွင်းပြီးတော့ အိမ် ထဲမှာ စိတ်ကြိုက်ရှာတော့တာပဲ”ဟုပြောသည်။ အဆိုပါ လူနေတိုက်ခန်းဆောင်တွင် ဒီ့ မတိုင်ခင် ၄ ကြိမ် ဖြစ်ခဲ့ပြီးဖြစ်သည်။ အမည်မဖေါ်လိုသည့် တောင်ကြီးရှမ်း အမျိုးသမီးငယ်တစ်ဦးဆိုလျှင် ဘတ်ငွေ နှစ်သောင်းကျော်နှင့် ဖုန်းတို့ ကိုယူငင်သွားရုံသာမက ဘလက္ကာယ ပြုကျင့်ခြင်းကိုပင်လျှင်ခံခဲ့ရဖူးသည်။ မခင်မင်းက“ကျမတို့ လည်းဘာလုပ်လို့  လုပ်ရမှန်းမသိတော့ဘူး၊ ထူပူသွားတာပဲ၊ စိတ်ကြိုက်ရှာသွားတယ်၊ ကျမတို့ မှာတီဗွီကအလုံးတော်တော်ကြီးလို့ ၊ မဟုတ်ရင်သူ ယူသွားမယ့်သဘောရှိပါတယ်၊ ကျမတို့ တရား မစွဲရဲဘူးလေ၊ ကျမတို့ တရားစွဲတယ်လို့ သိရင် လာသတ်မှာပေါ့”ဟုပြောသည်။ ဓါးပြတိုက်မှုဖြစ်ပွားပြီးနောက်နေ့ တွင် နယ်မြေရဲတစ်ဦးရှောက်ရှိလာပြီး အတိုက်ခံရသည့်ပစ္စည်းစရင်းများကို လာရောက်မှတ်ယူသွားသည်။ အဆိုပါတိုက်တွင် တစ်ကျော်ကျော်ခန့်  အကြာတွင်ယခုကဲ့ သို့ ဖြစ်ပေါ် လေ့ရှိသည်။ အဆိုပါဓါးပြမှာ အသက်၃၀ အရွယ်ခန့်  ဖီနိုအမျိုးအစား ဆိုင်ကယ် အဖြူရောင်နှင့် ဖြစ်ကြောင်းမျက်မြင်များကပြောသည်။
*** သတင်း-ကိုကျော်သောင်း (ဘန်ကောက်) ***

No comments:
Post a Comment