(နာဆာ၊ ဧပြီလ ၁၂-ရက်)
အာကာသအတွင်း တစ်ခါတစ်ရံမှ တွေ့ရှိရပြီး ပုန်းကွယ်နေတတ်သည့် ကြယ်စင်အစုအဝေးတစ်ခုကို နာဆာအာကာသ သုတေသနပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ကြကြောင်း ဧပြီလ ၁၁-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ ယင်းကြယ်စင်စုတွင်း၌ ဓာတ်ငွေ့များ၊ အမှုန်များနှင့် ရောင်စဉ်တန်းများ ရောပြွမ်းစွာမြင်တွေ့ရပြီး အလွန်တောက်ပသော အနေအထားဖြင့် အရောင်အမျိုးမျိုးပြောင်းလဲကာ မြင်တွေ့ရခြင်းဖြစ်သည်။ အစိမ်းရောင်၊ အ၀ါရောင်နှင့် အနီရောင်များလည်း ထွက်ပေါ်လျက်ရှိသည်။ သို့သော်လည်း ယင်းကြယ်စင်စုသည် ကမ္ဘာဂြိုဟ်မှ အလွန်ကွာဝေးနေပြီး နာဆာအာကာသ သုတေသနပညာရှင်များ၏ ခန့်မှန်တွက်ချက်မှုအရ ကမ္ဘာဂြိုဟ်မှ အလင်းနှစ် ၁၁-သန်း အကွာအဝေး၌ ဖြစ်ပေါ်နေကြောင်း သိရသည်။ (အင်တာနက်)
*** ကမ္ဘာ့ဈေးအမြင့်ဆုံး သတင်းစာ ***
ရိုမေးနီးယားနိုင်ငံ အိုင်ရာဆီမြို့တွင် ၁၈၅၈-ခုနှစ်က ပုံနှိပ်ထုတ်ဝေခဲ့သော Auroch and the Eagle အမည်ရှိ သတင်းစာသည် ဧပြီလ ၁-ရက်နေ့က ပြုလုပ်ခဲ့သော လေလံပွဲတစ်ပွဲ၌ ယူရိုငွေ ၈၂၉၅၀၀ ရရှိခဲ့သည်။ ယင်းသတင်းစာ၌ နိုင်ငံတကာ သတင်းများ စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ သတင်းများနှင့် နိုင်ငံရေးသတင်းများ ဝေေ၀ဆာဆာဖော်ပြထားသည်။ အလွန်ရှားပါးနေပြီဖြစ်သည့် သတင်းစာဖြစ်ပြီး မိတ္တူ ရှစ်စောင်ကူးထားသည်။ ယင်းမိတ္တူ သတင်းစာ၏ ရောင်းဈေးသည်ပင် ယူရိုငွေ ၇၀၀၀၀၀ သတ်မှတ်ထားသည်။ (အင်တာက်နက်)
*** နိုင်ငံတကာ အာကာသယာဉ်စခန်း၌ အမျိုးသမီးအာကာသယာဉ်မှူး အများဆုံးရောက်ရှိနေ ***
(ပေကျင်း၊ ဧပြီလ ၁၂-ရက်)
နိုင်ငံတကာ အာကာသယာဉ်စခန်းတွင် ဒစ္စကာဗာရီအာကာသလွန်းပျံယာဉ် ဧပြီလ ၇-ရက်နေ့က အောင်မြင်စွာ ချိတ်ဆက်နိုင်ခဲ့သည်။ ဒစ္စကာဗာရီအာကာသလွန်းပျံယာဉ်တွင် အမျိုးသမီးအာကာသယာဉ်မှူး ၃-ဦးလိုက်ပါသွားခဲ့ရာ နိုင်ငံတကာအာကာသယာဉ်စခန်း၌ အမျိုးသမီး အာကာသယာဉ်မှူး အများဆုံးရောက်ရှိနေမှုပင်ဖြစ်ကြောင်း နာဆာက ဧပြီလ ၁၁-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** အိန္ဒိယသမုဒ္ဒရာရေပြင်၌ ကုန်တင်သင်္ဘော အပိုင်စီးခံရ ***
အိန္ဒိယသမုဒ္ဒရာရေပြင်တွင် ကုန်တင်သင်္ဘောတစ်စင်းကို ဆိုမာလီဓားပြများက ဧပြီလ ၁၂-ရက်နေ့၌ အပိုင်စီးသွားခဲ့ကြောင်း၊ သင်္ဘောပေါ်တွင် အိန္ဒိယ၊ ပါကစ္စတန်နှင့် တန်ဇန်းနီးယားနိုင်ငံတို့မှ သင်္ဘောသား ၂၅-ဦးပါသွားကြောင်း၊ ယင်းကုန်တင်သင်္ဘောအား ဆိုမာလီနိုင်ငံသို့ ဦးတည်ခုတ်မောင်းသွားစေခဲ့ကြောင်း တန်ဇန်းနီးယားအရာရှိများက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** ကမ္ဘာ့ဈေးကွက်၌ ရွှေဈေးနှုန်းပြန်လည် ဦးမော့ ***
ကမ္ဘာ့ဈေးကွက်တွင် ရွှေဈေးနှုန်းများ ပြန်လည်ဦးမော့လျက်ရှိရာ တရုတ်ရွှေဈေးကွက်၌ ရွှေတစ်အောင်စလျှင် ဧပြီ ၁၂-ရက်နေ့က ဈေးပိတ်ချိန်၌ အမေရိကန်ဒေါ်လာ ၁၁၆၇ ဒသမ ၁၄ ဒေါ်လာဖြစ်ခဲ့ကြောင်း တရုတ်အရာရှိများက သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
*** အာကာသမှ ထူးခြားသော ကြယ်စင်စု ***

No comments:
Post a Comment