ဗြိတိန်နိုင်ငံ ကိုဗင်ထရီမြို့တွင် တည်ဆောက်ထားသော မတ်ကတ်အမည်ရှိ ရုပ်ရှင်ရုံလေးသည် အလျား ၃-မီတာနှင့် အနံ ၂-မီတာရှိသည်။ ရုပ်ရှင်ပိတ်ကားမှာလည်း အလျား ၂၁၃ စင်တီမီတာနှင့် အနံ ၁၂၂ စင်တီ မီတာမျှသာ ရှိသည်။ ယင်းရုပ်ရှင်ရုံတွင် လူ ၄-ဦးသာ ကြည့်ရှုနိုင်ပြီး နေ့စဉ် နံနက် ၁၀-နာရီမှစတင်ကာ တစ်နေ့ လျှင် ရုပ်ရှင် ၃-ပွဲသာ ပြသလေ့ရှိသည်။ ရုပ်ရှင်ရုံအတွင်းဝင်ရောက်ကြည့်ရှုသူများကို အစားအစာများ၊ အချိုရည် ဘူးများဖြင့် ဧည့်ခံကျွေးမွေးသည်။ ရုပ်ရှင်တစ်ကားလျှင် နှစ်နာရီကြာ ပြသချိန်သတ်မှတ်ပြီး လက်မှတ်များကို ကြိုတင်ရောင်းချထားခြင်းမရှိဘဲ ကြည့်ရှုသူက တိုက်ရိုက်ဝယ်ယူနိုင်ရန် စီစဉ်ပေးထားသည်။ (အင်တာနက်)
*** ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံစတင် ***
(ဘွန်း၊ ဧပြီလ ၁၁-ရက်)
ဂျာမနီနိုင်ငံ ဘွန်းမြို့တွင် ဧပြီလ ၉-ရက်နေ့တွင် ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံကို စတင်ကျင်းပသည်။ အဆိုပါ ၃-ရက်ကြာ အစည်းအဝေးတွင် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာညီလာခံ (ယူအင်န်အက်ဖ်စီစီစီ)၏ ရှေ့အလားအလာ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ ဆွေးနွေးမည်ဖြစ်သည်။ လာမည့် နိုဝင်ဘာ ၂၉-ရက်နေ့မှ ဒီဇင်ဘာလ ၁၀-ရက်နေ့အထိ မက္ကဆီကိုနိုင်ငံတွင် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နောက်ဆက်တွဲညီလာခံကို ကျင်းပမည်ဖြစ်သည်။ (ဆင်ဟွာ)
*** ညူကလီးယား လုံခြုံရေးအစည်းအဝေး ၀ါရှင်တန်တွင် ကျင်းပမည် ***
(၀ါရှင်တန်၊ ဧပြီလ ၁၁-ရက်)
ကမ္ဘာလုံးဆိုင်ရာ ညူကလီးယားလုံခြုံရေး ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်အတွက် ကမ္ဘာ့ခေါင်းဆောင်အများအပြား ၀ါရှင်တန်သို့ လာမည့် ရက်သတ္တပတ်တွင် လာရောက်ကြသည့်အခါ စိန်ခေါ်မှုသစ်တစ်ရပ်ဖြစ်သော ညူကလီးယား အကြမ်းဖက်တိုက်ခိုက်မှုပြဿနာအပေါ် ကိုင်တွယ်ဖြေရှင်းကြမည်ဖြစ်ကြောင်း ဧပြီလ ၁၀-ရက်နေ့က အင်တာနက်သတင်းတစ်ရပ်တွင် ဖော်ပြသည်။ (အင်တာနက်)
*** ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာတန်ဖိုးကျဆင်း ***
ကမ္ဘာ့ငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာ တန်ဖိုးများ ကျဆင်းလျက်ရှိရာ ဂျပန်ငွေကြေးဈေးကွက်တွင် ဧပြီလ ၁၁-ရက်နေ့က ဂျပန်ယန်း ၉၀-လျှင် အမေရိကန် တစ်ဒေါ်လာဖြစ်ခဲ့ကြောင်း ဂျပန်အရာရှိများက ပြောကြားသည်။ (အင်တာနက်)
*** ပနားမားသင်္ဘော အပိုင်စီးခံရမှုမှ လွတ်မြောက် ***
ပနားမားနိုင်ငံမှ ကုန်တင်သင်္ဘောတစ်စင်းသည် ယီမင်နှင့် ဆိုမာလီနိုင်ငံအကြား ရေမြင်တွင် ပင်လယ်ဓားပြများက အပိုင်စီးရန် ကြိုးစားခဲ့ရာ ပနားမားသင်္ဘောက မြန်နှုန်းမြှင့် မောင်းနှင်ခဲ့သဖြင့် လွတ်မြောက်လာခဲ့ကြောင်း ပနားမားအရာရှိများက ဧပြီလ ၁၁-ရက်နေ့တွင် ပြောကြားသည်။ (အင်တာနက်)
*** အမေရိကန်နိုင်ငံ ဆန်ဂျို့စ်မြို့သို့ မုန်တိုင်းတိုက်ခတ်နိုင် ***
အမေရိကန်နိုင်ငံ ဆန်ဂျို့စ်မြို့သို့လာမည့် ၄၈-နာရီအတွင်း မုန်တိုင်းဝင်ရောက်တိုက်ခတ်နိုင်ကြောင်း၊ ယင်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး ရေလွှမ်းမှုများ ဖြစ်ပွားနိုင်ကြောင်း ဧပြီလ ၁၁-ရက်နေ့က သတင်းထုတ်ပြန်ထားသည်။ (အင်တာနက်)
*** ဂါဇာကမ်းမြောင်ဒေသမှ ရင်ချင်းဆက်အမြွာခွဲစိတ်စဉ်သေဆုံး ***
ပါလက်စတိုင်းရှိ ဂါဇာကမ်းမြောင်ဒေသမှ သီတင်းနှစ်ပတ်သားအရွယ် ရင်ချင်းဆက် အမြွှာညီအမနှစ်ဦးအား ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့ဆေးရုံတွင် ဆရာဝန်ကြီးများက ခွဲစိတ်ကုသပေးခဲ့သော်လည်း နှစ်ဦးစလုံးသေဆုံးခဲ့ကြောင်း ပါလက်စတိုင်းမှ ကျန်းမာရေးအရာရှိများက ဧပြီလ ၁၁-ရက်နေ့က သတင်းထုတ်ပြန်သည်။ (အင်တာနက်)
*** စုစည်းဘာသာပြန်- မောင်ချစ်ကြည် ***
*** ကမ္ဘာ့အသေးငယ်ဆုံး ရုပ်ရှင်ရုံသေး ***

No comments:
Post a Comment