ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, April 13, 2010

ဧပြီလအတွင်း ထိုင်းနှင့် မလေးရှားနိုင်ငံတ၀ှမ်း သတင်းအတိုအထွာများ…

>
(ဧပြီလ ၁၃-ရက် ၂၀၁၀) ယနေ့သည် ထိုင်းသင်္ကြန်အကျနေ့ (၀ါ) မြန်မာသင်္ကြန် အကြိုနေ့ဖြစ်သဖြင့် ထိုင်း နိုင်ငံတ၀ှမ်းသို့ ပျံ့နှံ့ရောက်ရှိနေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မိမိတို့ လုပ်ငန်းခွင်များတွင် လည်းကောင်း၊ လုပ်ငန်းခွင်ပြင်ပရှိ အလုပ်သမားတန်းလျားများတွင် လည်းကောင်း၊ ခြံတောင်ယာနှင့် မွေးမြူ ရေးခြံ များတွင်လည်းကောင်း ပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ (မြန်မာပြည်သား)

(ဧပြီလ ၁၂-ရက် ၂၀၁၀) ထိုင်းနိုင်ငံ ဆန္ဒပြပွဲများ၌ သွေးထွက်သံယိုမှုများရှိလာပြီးနောက် နိုင်ငံ၏ အခြေအနေ ကို လက်ရှိအစိုးရမှ ပြန်လည်တည်ငြိမ်အောင် ဖော်ဆောင်နိုင်ရန်အတွက် `လွှတ်တော်ကို ဖျက်သိမ်းပေးရန်´ ထိုင်းတပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီး အနူဖွန်ဖောင်ကျင်ဒါက တိုက်တွန်းလိုက်သည်။ (BBC)
(ဧပြီလ ၁၁-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွင် အာဆီယံအဖွဲ့၏ ချဉ်းကပ်ဖျောင်းဖျရေးမူဝါဒသည် အလုပ်မဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် အာဆီယံဒေသ၏ ဒီမိုကရေစီနိုင်ငံ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် ဒေသတွင်းရှိ အကြီးဆုံး ဒီမိုကရေစီနိုင်ငံကြီးဖြစ်သော `အင်ဒိုနီးရှား´နိုင်ငံက ပိုမို အားထုတ်သင့်ပါကြောင်း မလေးရှားအတိုက်အခံခေါင်းဆောင် အန်ဝါအီဗရာဟင်က ပြောဆိုလိုက်သည်။ (RFA)
ဖြစ်ရပ်-၂။ ။ ယမန်နေ့(စနေ့နေ့က) ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ ရတ်ချာဒမ်နိုအန်းလမ်းပေါ်မှ နာရီပေါင်းများစွာကြာသော အကြမ်းဖက်တိုက်ခိုက်မှုများအပြီးတွင် ထိုင်းစစ်သား ၄-ဦး၊ ဂျပန်သတင်းထောက်တစ်ဦးအပါအ၀င် အရပ်သား ၁၈-ဦး သေဆုံးပြီး လူ(၁၀၀)ထက်မနည်း ဒဏ်ရာရရှိကြကြောင်း သတင်းရရှိသည်။ (ဘန်ကောက်ပို့စ်)ဘာသာပြန်-နေ့သစ်မီဒီယာ
(ဧပြီလ ၁၀-ရက် ၂၀၁၀) ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ၀န်ကြီးချုပ်ဟောင်း တက်ဆင် ရှင်နာဝတ် ကို ထောက်ခံကြတဲ့ အနီဝတ် ဆန္ဒပြသူတွေ အခြေအနေပိုဆိုးလာတာကြောင့် အစိုးရ တပ်တွေက ပစ်ခတ်နှိမ်နှင်းတာတွေ လုပ်နေတာ အခု ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။ (VOA)
(ဧပြီလ ၉-ရက် ၂၀၁၀) ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့ပိုင် နိုင်ဖို့ရူးဝေါရားနားသည် အုန်းဖျန်ကရင်ဒုက္ခသည်စခန်းသို့ ယနေ့ လာရောက်လည် ပတ်ခဲ့ပြီး ဒုက္ခသည်များအား ထိုင်းနိုင်ငံ၏ စည်းမျဉ်းဥပဒေများကို အလေးထားလိုက်နာရန် ပြောဆိုသွားခဲ့သည်ဟု သိရသည်။ (ကရင်သတင်းစဉ်)
(ဧပြီလ ၈-ရက် ၂၀၁၀) ထိုင်းနိုင်ငံအတွင်း ခိုးဝင်လာကြသော မြန်မာအလုပ်သမားများ တနေ့တခြားများပြားလာနေသောကြောင့် (အမေရိကန်နှင့် မက္ကဆီကို နယ်စပ်ရှိ စီးပွားရေးဇုန်ကဲ့သို့) ထိုင်း-မြန်မာနယ်စပ်တွင် စီးပွားရေးဇုန်တစ်ခုကို ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ၄င်းတို့၏ မိခင်နိုင်ငံ မြန်မာပြည်တွင်ပင် နယ်စပ်စီးပွားရေးဇုန်တစ်ခုကို ဖန်တီးပေးခြင်းအားဖြင့် ၄င်းတို့နှင့် ပတ်သက်သော ကျနိးုမာရေး၊ လူမှုရေး၊ စီးပွားရေးများကို အဆင်ပြေစေမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်တစ်ဦးက ပြောဆိုသည်။ (BBC)
(ဧပြီလ ၇-ရက် ၂၀၁၀) ထိုင်းနိုင်ငံအတွင်း ယနေ့နံနက်ပိုင်းက ထွက်ပေါ်ခဲ့သော `ဆူနာမီ´သတိပေးချက်ကြောင့် ထိုင်းနိုင်ငံ ပင်လယ်ကမ်းခြေပိုင်းဒေသများရှိ မြန်မာအလုပ်သမားများသည်လည်း ထိုင်းဒေသခံများနည်းတူ တိမ်းရှောင်ခဲ့ကြကြောင်း သိရသည်။ (ခေတ်ပြိုင်)
(ဧပြီလ ၆-ရက် ၂၀၁၀) မလေးရှားနိုင်ငံတွင် တောင်းရမ်းစားသောက်နေကြသော မြန်မာနိုင်ငံသား အချို့ကို သက်ဆိုင်ရာက နေရပ်ရင်းသို့ ပြန်ပို့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ (RFA)
(ဧပြီလ ၅-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ အသက် ၃၃-နှစ်အရွယ်ရှိ မြန်မာအလုပ်သမား ကိုမင်းစောဦး ဆိုသူသည် ယမန်နေ့က မလေးရှားနိုင်ငံ ဆီလန်ဂါရှိ ကလန်မြို့မှ ပိုက်စက်ရုံတစ်ခုရှေ့တွင် လဲကျသေဆုံးနေသည်ကို တွေ့ရကြောင်း ယနေ့ထုတ်မလေး မေးလ်သတင်းစာ၌ ဖော်ပြထားသည်။ တွေ့ရှိချိန်တွင် တကိုယ်လုံး၌ သွေးများဖြင့် ပေကျံနေပြီး ၀မ်းဗိုက်တွင် ဓားဒဏ်ရာများတွေ့ရှိရကာ မသေခင် လူစုလူဝေးဖြင့် ရိုက်နှက်ခံထားရတာဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က သုံးသပ်သည်။ (Freedom news group)
ဖြစ်ရပ်-၂။ ။ ဘန်ကောက်မြို့ အချက်အချာနေရာများတွင် ၃-ရက်ကြာ ဆန္ဒပြနေကြသော ရှပ်နီဝတ် ဆန္ဒပြသမားများသည် ယနေ့တွင် ထိုင်းနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်ရုံးအား ၀င်ရောက်စီးနင်းသိမ်းပိုက်လိုက်ကြောင်း သတင်းရရှိသည်။ (RFA)
ဖြစ်ရပ်-၃။ ။ မလေးရှားနိုင်ငံ ဂျာဟိုးပြည်နယ်တနေရာတွင် တရားမ၀င် ၀င်ရောက်လာသော အင်ဒိုနီးရှားနိုင်ငံသား (၁၂)ဦးအား မလေးရှားရေကြောင်း ထိန်းသိမ်းရေး ရဲတပ်ဖွဲ့မှ ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။ (RFA)
(ဧပြီလ ၃-ရက် ၂၀၁၀) မြန်မာပြည်တွင်းမှ NLD ၏ ရွေးကောက်ပွဲ မ၀င်ရေးနှင့် ပါတီမှတ်ပုံမတင်ရေး ဆုံးဖြတ် ချက်ကို ထောက်ခံပွဲနှင့် နောက်ဆက်တွဲနိုင်ငံရေးအလားအလာ သုံးသပ်ချက် ဆွေးနွေးပွဲတရပ်ကို ထိုင်း-မြန်မာ နယ်စပ်တနေရာ၌ ယနေ့ကျင်းပသည်ကို တွေ့ရသည်။
(ဧပြီလ ၂-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ မလေးရှားနိုင်ငံတွင် အလုပ်လုပ်နေကြသော တရားမ၀င်နိုင်ငံခြားသားများအား အာဏာပိုင်များက နေ့စဉ်ရက်ဆက်ဖမ်းဆီးလျက်ရှိရာ၊ အလုပ်သမားလက်မှတ်မရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ အခက်အခဲတွေ့နေကြကြောင်း သတင်းရရှိသည်။ (RFA)
ဖြစ်ရပ်-၂။ ။ ထိုင်းနိုင်ငံ တောင်ပိုင်း နာရာသီဝပ်ခရိုင်တွင် လူ ၆-ဦးပစ်သတ်ခံထားရတာကိုတွေ့ရှိရကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောဆိုသည်။ အဆိုပါ အခင်းဖြစ်ပွားရာသို့ ရဲများသွားကြချိန်တွင် လမ်းဘေး၌ ပေါက်ကွဲမှုဖြစ်ပွားပြီး ရဲအရာရှိ (၁၀)ဦး ဒဏ်ရာရရှိသွားသည်။ (VOA)
(ဧပြီလ ၁-ရက် ၂၀၁၀) ထိုင်းဘက်မှ မြန်မာဘက်သို့ ပြန်ပို့ရန်နောက်ဆုံး အသုတ်အဖြစ် ကျန်ရှိနေသော ကရင်စစ်ပြေးဒုက္ခသည် (၆၅၃)ဦးတို့ကို ယမန်နေ့က မြန်မာပြည်ဘက်ခြမ်းသို့ ပြန်ပို့လိုက်သည်။ ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ ယာယီဒုက္ခသည်စခန်းများဖြစ်ကြသော `နောင်ဘိုး´ရွာမှ (၁၀၃)ဦးနှင့် မဲ့အူးစူရွာမှ (၅၅၀)တို့အား ထိုင်းအာဏာပိုင်များနှင့် အန်ဂျီအိုများ၏ စီစဉ်ပေးမှုဖြင့် ပြန်ပို့ခဲ့ခြင်းဖြစ်သည်။ (ခေတ်ပြိုင်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)