ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, April 13, 2010

သင်္ကြန်ချဉ်ပေါင်ဟင်းနှင့် ငရုပ်သီးထောင်း

> သင်္ကြန်ယိမ်း၊ အဆို၊ အက အကြောင်းတွေကို ကြားလိုက်ရတိုင်း ကျနော့်မှာ ဆရာဇော်ဂျီပြောဖူးသော ယဉ်ကျေးမှုအဖွဲ့က တင်ဆက်သည့် သင်္ကြန်ယဉ်ကျေးမှုက ဇာတ်ကလေးအကြောင်းကို သတိရမိတတ်သည်။
ဆရာဇော်ဂျီက ယဉ်ကျေးမှုက ဇာတ်အဖွဲ့၏ အကြံပေးအဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။ သင်္ကြန်မှာ သရုပ်ပျက် ယဉ်ကျေးမှုတွေကများလွန်းနေလေတော့ သရုပ်ပျက်ယဉ်ကျေးမှုကို ရှုတ်ချဝေဖန်သောအားဖြင့် အော်ပရာက ဇာတ်ကလေးတစ်ခုကို တင်ဆက်ကြရမည်။ ဤသို့အားဖြင့် သက်ဆိုင်ရာ လူကြီးတွေက မူအားဖြင့်ချမှတ်လိုက်သည်။
သည်တော့ သက်ဆိုင်ရာ ပြဇာတ်ညွှန်ကြားသူတွေ၊ တေးဖွဲ့သူတွေ၊ တီးလုံးတီးကွက်ထွင်သူတွေ၊ ကကြိုးကကွက် ရှာသူတွေက ချွေးတလုံးလုံးကြိုးစားပမ်းစားလုပ်ကြသည်။ နောက်ဆုံး ၀တ်စုံပြည့်ကခုန်တင်ပြကြတော့ ဆရာဇော်ဂျီတို့အားလုံး သွားရောက်ကြည့်ရှုကြရသည်။ ဆရာဇော်ဂျီ ပြောပြသည်က-
"ကိုအောင်သင်းရယ် ကကွက်ရော၊ တီးလုံးတီးကွက် သရုပ်ဆောင်မှုတွေပ တကယ်ကို ကောင်းကြပါပေတယ်။ ဒါပေမယ့် ဖျက်ပစ်လိုက်ရတယ်။"
"ဟာ… ဟုတ်လားဆရာ၊ ဘာပြုလို့လဲ"
"ဟာ… သူတို့က ဇာတ်မှာ ယဉ်ကျေးစွာ ရေကစားနေပုံက သပြေခက်နဲ့ ရေပက်ပြီး နူးနူးညံ့ညံ့ သိမ်မွေ့လိုက်တာ။ ကျုပ်တို့တောင် ပျင်းလာတယ်"
"သရုပ်ပျက်သမားတွေကကော ဆရာ"
"ဟာ… ဟိုကောင်တွေကတော့ ဘာပြော ကောင်းမလဲ။ ၀တ်တာ၊ စားတာကစပြီး လှုပ်ရှားမှုအားလုံးဟာ ပျော်စရာကြီး၊ တကယ့်ကို ပျော်စရာကြီး၊ ကိုယ်တောင် သူတို့နဲ့တစ်ချီလောက်လိုက်ပြီး ရေပက်ချင်စိတ်ပေါက်လာတယ်" ဆရာက ပြောရင်း ရယ်မောလိုက်ပါသည်။

"အဲဒါနဲ့ မကနဲ့တော့လို့ ဖျက်လိုက်ရတယ်"
"ဟုတ်လားဆရာ၊ သူတို့တော့ ခဲလေသမျှ ဖြစ်သွားမယ်ထင်တယ်"
"သူတို့သာ မဟုတ်ဘူး။ လူကြီးတွေလည်း ခဲလေသမျှပဲ။ တကယ်ဆိုတော့ စေတနာသက်ရောက်မှုနဲ့ အားထုတ်မှုက လမ်းချော်သွားတာကိုး၊ သရုပ်ပျက်တွေကို မသိမသာ အားကျစိတ်တွေ ၀င်နေလေတော့ သရုပ်မှန်ထက်၊ သရုပ်ပျက်ကို ဖိပြီးအားစိုက်ကြတာပေါ့"
"ဒီတော့ သရုပ်ပျက်သမားတွေက ပိုပြီးဆွဲဆောင်မှုရှိသွားတာ ဖြစ်မှာပေါ့"
"ဆွဲဆောင်မှုရှိတာတော့ ပြောမနေနဲ့။ ဇာတ်သိမ်းရဲကဆွဲသွားတော့တောင်မှ ပါသွားပုံက ပျော်စရာကြီး၊ ကိုယ်တောင်ပါချင်သလိုလို ဖြစ်သွားသေးတယ်"
ဆရာဇော်ဂျီ ပျော်ပျော်ကြီးရယ်မောနေသည်ကို ယခုထက်တိုင်မြင်ယောင်နေမိပါသေးသည်။ ဆရာဇော်ဂျီပြောသည့် အနုပညာရှင်တို့၏ စေတနာရွေ့ခြင်း၏ အကြောင်းရင်းလည်း မှန်ပါပေသည်။ သို့သော် ဆရာဇော်ဂျီပြောလေ့ရှိသော အားပြိုင်မှုသဘောက သရုပ်ပျက်တို့ဘက်မှာ ရှိနေပြန်သည်ဟု ထင်မိသည်။
ပြောနေရင်း ကျနော့်၏ ရဲဘော်ကြီး ကိုတိုင်းမောင်ပြောသည်ကို သတိရမိပြန်သည်။ "ကိုအောင်သင်းရဲ့ ရေပက်တယ်ဆိုတာ မိန်းကလေးတွေကို ပက်ရမှ အရသာရှိတာဗျ။ ယောင်္ကျားချင်းပက်ရင် ထမင်းချင်း မြှုပ်စားနေရသလို ဘယ်မှာ အဓိပ္ပါယ်ရှိမလဲ။ ထမင်းထဲကို ဟင်းမြှုပ်စားရမှ အရသာထွက်မှာပေါ့"တဲ့။
နောက်တစ်ယောက်ကတော့ မြင့်ထွန်းဆိုတဲ့ကောင်ကြီး၊ သူကတော့ ပိုလို့တောင် ပြတ်လိုက်သေးသည်။
"မိန်းကလေးတွေများ ကြည့်လိုက်ရရင် ဘယ်မိန်းကလေးကိုပဲကြည့်ကြည့် ကျက်သရေရှိနေတာပဲ။ ငါတို့ ယောင်္ကျားလေးတွေများ ကြည့်လိုက်ရင် ဘယ်ကောင်ကိုပဲ ကြည့်ကြည့် ကျက်သရေတုံးနေတာပဲ"တဲ့။
သူတို့ပြောသောစကားများမှာ ဟာသ သဘောနှင့် လွန်ကဲနေသည်ဖြစ်သော်လည်း မှန်သင့်သလောက် မှန်သည်ဟု ကျနော်ယူဆမိသည်။
တခြားနေရာတွေကို ထားလိုက်ဦးတော့ ကျနော်တို့လည်း ရေပက်ပြီဆိုလျှင် မိန်းကလေးတွေကိုသာ ပက်ချင်သည်။ ယောင်္ကျားလေးအချင်းချင်း ပက်ရလျှင် ရေကုန်သည်ဟု ထင်သည်။ ကလေးတွေကိုတော့ထည့် ပြောစရာမလို။ သူတို့ကတော့ ကျနော်တို့လို အဖိုးကြီးတွေကိုတောင် ချမ်းသာပေးသည်မဟုတ်။ ထို့ကြောင့် သင်္ကြန်းတွင်း လက်ဖက်ရည်ဆိုင်သွားလျှင် ငွေစက္ကူလေးတွေကို ပလပ်စတစ်အိတ်ထဲ ထည့်ပြီးဆောင်သွားရသည်။ သူတို့ကိုလည်း ဘာမှအပြစ်တင် စိတ်ဆိုးနေစရာမလို။ မိမိကိုယ်တိုင် ကလေးဘ၀က ရေဖလားကိုင်ပြီးပက်ရမည့်သူကို စောင့်နေတာ တစ်ယောက်မျှမတွေ့တော့ နွားမကြီးတစ်ကောင်ဖြတ်အလာမှာ ရေပက်ခဲ့သောကြောင့် လူကြီးတွေရယ်မောကြတာ ခုထက်ထိ သတိရနေမိသေးသည်။
လူပျိုပေါက်တော့မလိုလို ဖြစ်လာတော့ မိန်းကလေး တစ်ယောက်ကို ရိပ်ခနဲ မြင်လိုက်လျှင် ရေဖလား၊ ရေပြွတ်ကိုကိုင်ခဲ့ပြီး အပြေးလိုက်မိတော့သည်သာ။ မိန်းကလေးတွေကလည်း ရေပက်ခံသက်သက်ထွက်တာ မဟုတ်လျှင် သူတို့ကို ရေပက်မှာ အလွန်ကြောက်ကြသည်။ သူတို့ကြောင့်လေ ရေပက်ရတာအရသာတွေ့လေဖြစ်တတ်သည်ဟု ကျနော်ခံစားမိသည်။ ရေဖလားနှင့် လိုက်လို့ မိန်းကလေးတစ်ယောက်ကထွက်ပြေးပြီဆိုလျှင် မှီအောင်အပြေးလိုက်သည်။ လွတ်သွားခါနီးတွင် ကပ်ပြီးလှမ်းပက်လိုက်ရသည့်အရသာမှာ ဘာနှင့်မျှမတူ။ ရေပက်ခြင်းကို ချဉ်ပေါင်ဟင်းနှင့်တူပါသည်ဆိုလျှင် သဘောမတူ ပြေးလွှားတိမ်းရှောင်ခြင်းသည် ငရုပ်သီးထောင်းနှင့်တူသည်။ ချဉ်ပေါင်ဟင်းသက်သက်လည်း ကောင်းပါ၏။ သို့သော် ငရုပ်သီးထောင်းစပ်စပ်က ကိုလျှာပေါ်တင်လိုက်မိလို့ စပ်နေခိုက်တွင် ချဉ်ပေါင်ဟင်းကို သောက်လိုက်ရတော့ ချဉ်ပေါင်ဟင်းအရသာက နှစ်ဆလောက်တက်သွားသည်ဟု ထင်လိုက်ရသည်။ သို့သော် ငရုပ်သီးအစပ်များလွန်းတော့လည်း ချဉ်ပေါင်ဟင်းအရသာပါ ပျက်သွားတတ်ပြန်သည်။
××××××××××××××××××××××××××××××××××××××
ကျနော် ၀ိုးတ၀ါးမှတ်မိနေတာလေး တစ်ခုရှိသည်။ စိတ်ထင်မှန်းကြည့်ရသလောက် ၄-နှစ်သားလောက်ဖြစ်မည်ထင်သည်။
ကျနော်တို့အိမ်က လှမ်းမြင်ရသောနေရာတွင် ခြေတံရှည်အိမ်တစ်လုံးရှိသည်။ ထိုအိမတ်တွင် မိန်းမကြီး ၂-ယောက်ရှိသည်။ ထိုအသက်အရွယ်က ကလေးတစ်ယောက်အမြင်နှင့် မိန်းမကြီး ၂-ယောက်ဟုဆိုလိုက်ရသော်လည်း အသက် ၂၀-ခန့်လောက်သာရှိပါလိမ့်မည်။ မိန်းမတစ်ယောက်အမည်ကိုတော့ ခုထက်ထိမှတ်မိနေသေးသည်။ မလှရွှေ… တဲ့။
ထိုအပျို ၂-ယောက်ကို ကာလသားတစ်သိုက် ရေပက်ဖို့လာသည်။ မိန်းကလေးတွေက ပုန်းနေသည်။ မထွက်၊ အိမ်ရှေ့ကြမ်းပြင်မှာ ထိုင်နေသူက ကိုကျော်လှတဲ့၊ သူ့အသက်က (ယခုပြန်စဉ်းစားကြည့်တော့)အစိတ်သုံးဆယ် လောက်ရှိမယ်ထင်သည်။ မလှရွှေတို့ မောင်ကြီးတစ်ဝမ်းကွဲ တော်သည်ဟု ပြောသည်။
မိန်းမပျိုတွေက ထွက်ပြီးအပက်မခံတော့ ကာလသားတစ်ချို့က ရေပက်ဖို့အိမ်ပေါ်တက်မည်လုပ်သည်။ ကိုကျော်လှကြီးကတားသည်။ ဇွတ်တက်ကြသည်။ ကိုသာလှ ဆိုသူတစ်ယောက်က အကဲဆုံးဖြစ်သည်။ ကိုသာလှနှင့် ကိုကျော်လှတို့ ဘယ်လိုထွေးလုံး ရစ်ပတ်ဖြစ်လိုက်သည်မသိ၊ ကိုသာလှတစ်ယောက် ၁၀-ပေလောက်မြင့်သော အိမ်ကြမ်းပြင်မှ ထွေးခနဲ မြေကြီးပေါ် ကျသွားသည်။ အောက်ရောက်တော့ သတိမေ့နေသည်။ လူတွေဝိုင်းပြီး နှာနှပ်တာလား၊ ဘာလုပ်တာလဲမသိ ၀ိုင်းဝန်းပြုစုနေသည်ကိုသာ မှတ်မိတော့သည်။
ဒီအသက် ဒီအရွယ်ထိ ထိုမြင်ကွင်းကို မြင်ယောင်မှတ်မိနေပါသေးသည်။ ယခုပြန်ပြီး စဉ်းစားကြည့်တော့ ငရုပ်သီးများလွန်းသွားသည်ဟု ထင်မိသည်။
×××××××××××××××××××××××××××××××××××××××
ပုဂံခေတ် ငရုတ်သီးထောင်းကတော့ အတော်လေးကို လက်လွန်သွားသည်ဟု ဆိုနိုင်သည်။
နရသီဟပတေ့က မိဖုရားစောလုံကို အလွန်မြတ်နိုးသည်။ တပေါင်းတန်ခူး သဲသောင်ပြင်မဏ္ဍပ်တွင် ယာယီတဲနန်းနှင့် စံနေခိုက် မောင်းမတော်များအား စောလုံကိုချုပ်ကိုင်ပြီး ရေမွန်းနေအောင်လောင်းစေသည်။ စောလုံက ခံပြင်းလှသောကြောင့် မင်းကြီးအား စားတော်ပွဲတွင် အဆိပ်ခပ်လုပ်ကြံသည်။ မင်းကြီးက သိသွားသောကြောင့် စောလုံမီးရှိုံ့ အသတ်ခံရသည်။ သတ်လိုက်ရသော်လည်း ချစ်လှစွာသော မိဖုရားဖြစ်နေ၍ ညဥ့်အိမ်နေရင်းပင် "စောလုံ- စောင့်ပါခလှည့်"ဟု ယောင်ယမ်းရေရွတ်သည်ဟု ဆိုသည်။ "စောလုံရေ- လာပြီး ငါ့ထံကိုလာပြီး စောင့်ရှောက်ခစားပါဦးလားကွဲ့" ဟု ဆိုလိုဟန်ရှိပါသည်။
ကျနော်တို့ မဟာမှိုင်းကြီးကလည်း ထက်လိုက်သည့် ကလောင်၊ ပြောင်လိုက်သည့်စကားလုံး၊ ရေးသွားလိုက်ပုံက ရင်ထဲမှာ ငြိကျန်ပြီး ဆွေးမြေ့စွဲလန်းလောက်ပါသည်။
"သေလမ်းဝင် မှောင့်ရှာတဲ့ တမိရယ်ကြောင့်
ရွှေနန်းရှင် မောင့်မှာဖြင့် မချိပြီဘူး
မောင့်ပါခလှည့် - မောင့်ပါခလှည့်ရယ်လို့
တရလေရှာသကွယ်၊
သမ္မတနေလာနွယ်မှာဖြင့် ဖိုဗျာပါအများ
ဘ၀သေပါတယ်လို့လဲ ဆိုကာ ငိုကာမနား…။"
ဒီစာပိုဒ်ကလေးတွေကို စွဲလိုက်ပုံမှာ ငယ်ငယ်ကတည်းက နှုတ်လွတ်ရနေခဲ့သည်။
ထိုလေးချိုးအဆုံးသတ်ကလေးကိုလည်း ကြည့်ပါဦး။ မလှပေဘူးလား။
"သဘောမဆုံသနဲ့ မခံချင်ပါလျှင် မကစားကြလေနဲ့
သြော်… ချောဂုဏ်နဲ့ နွဲ့ရှာတဲ့
စောလုံရဲ့ ပုဂံရာဇ၀င်တရား တဲ့"
"ချောဂုဏ်နဲ့ နွဲ့ရှာတဲ့၊ စောလုံရဲ့ ပုဂံရာဇ၀င်တရား"ဟူသော စာပိုဒ်တွင် "ချောဂုဏ်နဲ့ နွဲ့ရှာတဲ့"ဟူသော စကားလုံးလေးကို ကျနော်ဘယ်လို ချစ်မိမှန်းမသိ။ "စောလုံရဲ့" နှင့်ကာရန်မိပြီး အသံချိုမြနေသည်သာမက အဓိပ္ပါယ်ကလည်း "ရှာတဲ့"ဟူသော စကားလေးက စာဆို၏ ကရုဏာသံကိုပေါ်လွင်စေပါသည်။ စကားလုံးလေးတွေကို ချစ်နေရမိရာက မိဖုရားငယ်စောလုံကိုပါ ချစ်သနားစိတ်ဝင်လာစေသည်။
မြန်မာစာဖတ်ပရိသတ်၏ အချစ်တော် အိုင်းရစ်လူမျိုး မစ္စတာမောရစ်ကောလစ်ကလည်း သူ၏ She Was A Queen (မိဖုရားစော)၀တ္ထုတွင် စောလုံကွယ်လွန်ခန်းကို တခမ်းတနားလွမ်းလောက်အောင် ဖွဲ့ဆိုထားခဲ့ပါပေသေးသည်။ သူလည်းစောလုံကို လွမ်းသနားခဲ့ဟန်တူသည်။
ကျနော်ပင်လျှင် She Was A Queen ကို ဖတ်ပြီးတော့ စောလုံကွယ်လွန်ခန်းကို စွဲလန်းမိသည်နှင့် မော်လမြိုင်ကောလိပ်တွင် အမှုထမ်းနေစဉ်က မော်လမြိုင်မြို့ရပ်ကွက်တစ်ခုက ကပွဲအတွက် တစ်ခန်းရပ် ဇာတ်ကွက်ကလေး တစ်ခုကို ဒါရိုက်တာလုပ်ပြီးတင်ဆက်ခဲ့ဖူးပါသေးသည်။
ငရုတ်သီးများသွားသော ပုဂံသင်္ကြန်ဇာတ်လမ်းဟု ဆိုရလေမလားမသိ။
××××××××××××××××××××××××××××××××××
နာမည်ကြီး ရှေးခေတ်ကာလပေါ် အဆိုတော် မကြည်အောင်သီဆိုသည့် သီချင်းကို စာဖတ်သူ ကြားဖူးလေမည်လားမသိ။ နာထောင်ကြည့်ပါဦး။
ရွှေဖားကြီးနဲ့ ရေကစားတာ
တကယ်ကြမ်းလှပါသရှင် စပယ်ပန်းတွေတောင်
ကြွေကုန်ပါပေါ့လေ။
ငွေဖလားကြီးနဲ့ ရေကစားတာ
အလွန်ကြမ်းလှပါသရှင် ဇွန်ပန်းတွေတောင်
ကြွေကုန်ပါပေါ့လေ။
ရှေးကတော့ ရိုရိုသေသေ ကစားကြပေ။
မွေးသမိခင်ထံခွင့်ပန်ကာတောင်းရပါတယ်လေ။
လာလေမဟာဆွေမေမရှက်နဲ့ ရက်မြတ်ထဲရောက်နေ
မာပါစေ၊ သာပါစေ သပြေခက်နဲ့ ပက်ကြတဲ့
သင်္ကြန်တော်ရေ….။
ဤသီချင်းလေးကို ကျနော်အလွန်ကြိုက်သည်။ တေးသားနှင့် တေးသွားအလွန်လိုက်ဖက်သည်ဟုထင်မိသည်။
သို့သော် ထိုသီချင်းအတိုင်းရေပက်ရလျှင်တော့ ဆရာဇော်ဂျီပြောသလို "ပျင်းစရာကြီး"ဟု အောက်မေ့မိသည်။ ရှူးရှူးရှဲရှဲ ငရုပ်သီးထောင်းကလေးမှ မပါလျှင် သင်္ကြန်ချဉ်ပေါင်ဟင်းက ပေါ့ပျက်ပျက် ဖြစ်နေလိမ့်မည်ထင်သည်။
ရေပက်သူနှင့် ရေပက်ခံရသူ လိုက်သူနှင့် ပြေးသူလေးပါမှ ပျော်စရာကောင်းပေမည်။ မွေးသမိခင်၊ မွေးသဖခင်ထံလည်း ခွင့်ပန်မနေနိုင်ပေါင်၊ သင်္ကြန်တွင်း မဟုတ်လား။ နှုတ်ခမ်းတော်စူလေ၊ မျက်စောင်းခဲလေ၊ သင်္ကြန်ရေက အရသာတိုးလေပါပဲ၊ ရုတ်တရက် အလစ်တွင်ပက်လိုက်ရ၍ ကောင်မလေးလန့်ပြီး အော်လိုက်ယောင်လိုက်လျှင် ပိုလို့တောင် အရသာရှိသေးသည်။ သြော်… အရွယ် မလှတော့သော်လည်း ငယ်ဘ၀ကိုတော့ လွမ်းမိသေးသည်။
ကိုယ့်အသက်ကို တွက်ကြည့်လိုက်တော့လည်း လာမည့်နှစ်ဆန်းတစ်ရက် (၁၇-၄၂--၇) ဆိုလျှင် အသက်ရှစ်ဆယ်တင်းတင်း ပြည့်တော့မည်။
လွန်ခဲ့သည့် ဒီဇင်္ဘာလထဲက တောင်တွင်းကြီးနှစ်လည်အစည်းအဝေး၊ ပညာချွန်ဆုပေးပွဲနှင့် သက်ကြီးပူဇော်ပွဲလုပ်တော့ အောင်သင်းကလည်းကန်တော့ခံထဲမှာ ပါနေခဲ့လေပြီ။ ကန်တော့ပွဲပြီးတော့ ကန်တော့ခံအမျိုးသမီးတစ်ယောက်က "ကိုအောင်သင်း ကျမကို မှတ်မိသေးလား"တဲ့။ သေချာကြည့်ပြီး ငယ်ရုပ်ဖမ်းဖို့ မှန်းဆကြည့်နေစဉ်မှာပင် "ခင်ရီ"လေတဲ့။ အမယ်လေး တောင်တွင်းကြီးတွင် မယ်ဘွဲ့ရခဲ့သော "ရွှေတွင်းမယ် မခင်ရီပါလား"
နန်းတော်ရှေ့ ဆရာတင်က ရွှေဘိုသနပ်ခါးသီချင်းကို "ညိုသွားပြီ အသားလေးညိုသွားပြီ အသားလေးညိုသွားပြီ" ဟု နိဒါန်းပျိုးခဲ့သလို မခင်ရီ "အိုသွားပြီ အဖွားလေး အိုသွားပြီ" ဟု ပြောလိုက်ပြီး "အအိုလှပေါ့"ဟု ဆိုလိုက်တော့ မခင်ရီက ရွှင်ရွှင်ပျပျ အားရပါးရပြုံးပြီး ရယ်လိုက်သည်။ ရယ်လိုက်မှ နားသယ်တ၀ိုက်က အသားအရေတွှေ တအားခွေပြီး တွန့်သွားပြန်သည်။ သို့သော် အအိုလှလေးပါပဲ။
သြော်…. ရေးနေရင်း ငယ်စဉ်က ကျနော်ရေကစားခဲ့သည် အဖွားအိုကောင်မလေးတွေကို လွမ်းမိပြန်သည်။ ကဗျာဆရာမဖြစ်လာသော်လည်း ကဗျာချစ်တတ်သူမို့ ကဗျာဖြစ်အောင်တော့ ကပျာကရာ ခြစ်လိုက်ချင်သေးသည်။
**ရှေးကအလွမ်း**
သင်္ကြန်ခါ ရေကစားလျှင်ဖြင့်
ငြင်းဆန်ကာ မေတပါးရယ်က
ရွှေအားကုန် သွက်သွက်ပြေးလေမှ
မြက်မြက်ကလေး လိုက်ပက်ချင်….။
"ဆုတ်စမ်းနော်"လို့ နှုတ်ခမ်းတော်တကယ်စူတော့
စံပါယ်ဖြူ၊ စကားဝါ၊ သပြေပန်းတွေနဲ့
အရွယ်တူကို အသားအယာ ရေမဖျန်းချင်ဘု
မှန်းမလွဲ၊ နှစ်ခြမ်းကွဲလောက်အောင်
"ဗွမ်း"ခနဲ ပက်လိုက်လျှင်….။
"ဟဲ့ ပလုပ်တုပ် သေနာကော်" လို့
တကယ့် မဟုတ်တရုတ် ခြွေကာယောင်မှ
ပြောင်တောင်တောင် စပ်ဖြီးဖြီးနဲ့
"အဟီး" လို့ ရယ်ကာပင်၊ ပျော်ရွှင်မိစိတ်ဝမ်း….။
သြော်…. တကယ်ရှုပြန်တော့
ဆယ်စု ရှစ်ခါတိုင်မင့်
ချစ်စရာ မေတ္တာလှိုင်ခဲ့သူတွေမို့
နှစ်အတာမှာ သစ္စာပြိုင်ချင်သေးငဲ့
ရွှေလည်တိုင် တုန်ရီရီပေါ့
ကြုံလှီလှီ်လက်ခြေကလေးတွေနဲ့
မှုံသီသီ မျက်ပေမှေးတို့ကို
တွေးဆလို့ မှန်းတဲ့ပြီး
တေးသ, လို့ တမ်းလိုက်ပါတဲ့
(သြော်…. တောင်တွင်းက အောင်သင်းရဲ့)
ရှေးကအလွမ်း….။ ။

*** အောင်သင်း ***
၂၀၀၇- ဧပြီလ ချယ်ရီမဂဇင်းမှ ကူးယူဖော်ပြသည်။

သင်္ကြန်ယိမ်း၊ အဆို၊ အက အကြောင်းတွေကို ကြားလိုက်ရတိုင်း ကျနော့်မှာ ဆရာဇော်ဂျီပြောဖူးသော ယဉ်ကျေးမှုအဖွဲ့က တင်ဆက်သည့် သင်္ကြန်ယဉ်ကျေးမှုက ဇာတ်ကလေးအကြောင်းကို သတိရမိတတ်သည်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)