ချဲလ်ဆီးအသင်းမှ တယ်ရီ၏ ဇနီးဖြစ်သူ တိုနီက ခင်ပွန်း၏ အခန်းအားရှင်းလင်းနေစဉ် အံဆွဲတစ်ခုအတွင်း ဂေါက်သီးဘောလုံး ၃-လုံးနှင့် ဒေါ်လာ ၂၀၀၀-တွေ့ရာ တယ်ရီအိမ်ပြန်ရောက်လာသောအခါ ဤအရာများကို အံဆွဲအတွင်း ဖွက်ထားရခြင်း၏ အကြောင်းရင်းကိုမေးသည်။ တယ်ရီက…. "ဒီလိုပါ…. မိန်းမရယ်။ လွန်ခဲ့တဲ့နှစ်တွေအတွင်း ငါမင်းနောက်ကွယ်မှာ တစ်ကြိမ်ဖောက်ပြန်မိတိုင်း ကိုယ့်ကိုယ်ကိုယ် သတိပေးတဲ့အနေနဲ့ ဂေါက်သီးဘောလုံး တစ်လုံးကို အံဆွဲထဲထည့်ထားလေ့ရှိတာပါ။"
တိုနီမှာ ရုတ်တရက် တုန်လှုပ်သွားသော်လည်း ၃-ကြိမ်သာဖောက်ပြန်ခဲ့သဖြင့် တော်သေးသည်ဟု ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်လိုက်သည်။
"ဒါနဲ့…. ဒေါ်လာ ၂၀၀၀ ကရော။"
"သြော်… ဒါလား ။ဂေါက်သီးဘောလုံးတစ်ဒါဇင်ပြည့်တိုင်း ပြန်ရောင:်ထားတာကရလာတဲ့ငွေလေ…. ဟီး။"
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

No comments:
Post a Comment