ကျက်သရေရှိမြဲ ရှိနေလျက်ပါပဲ…။
**နွေမနက် မိုးမနက်
ဆောင်းမနက်
ဘယ်မနက်မှာ မဆို
ငှက်ကတော့ သီချင်းဆိုနေမှာပဲ…။
**မိုးတစက်စက်နဲ့ မို့
ဒီမနက်မှာတော့
ငှက်ကလေးတွေ အသိုက်မှာကွေးပြီး
မိုးအေးအေးနဲ့ ငြိမ်းနေမှာပဲ ထင်မိတယ်…။
**ဘယ်ငြိမ်နေမှာလဲ
မိုးရွာတဲ့ ဒီမနက်မှာ
မိုးရေစက်စက်နဲ့
ငှက်ကလေး သီချင်းဆိုမပျက် ရှိနေတုန်းပါကလား…။
သီချင်းဆိုတဲ့ ငှက်ကြောင့်
မနက်ခင်းဟာ ကျက်သရေရှိမြဲရှိ
သီရိ ခုနစ်ကြိမ် ဆိုမြဲဆို
နုပျိုမြဲ နုပျို နေလျက်ပါလို့…။ ။
*** တင်မိုး ***
(၁၆- ဧပြီလ ၁၉၉၉)
**မနက်ကတော့
ကျက်သရေရှိမြဲ ရှိနေလျက်ပါပဲ…။
**နွေမနက် မိုးမနက်
ဆောင်းမနက်
ဘယ်မနက်မှာ မဆို
ငှက်ကတော့ သီချင်းဆိုနေမှာပဲ…။
**မိုးတစက်စက်နဲ့ မို့
ဒီမနက်မှာတော့
ငှက်ကလေးတွေ အသိုက်မှာကွေးပြီး
မိုးအေးအေးနဲ့ ငြိမ်းနေမှာပဲ ထင်မိတယ်…။
**ဘယ်ငြိမ်နေမှာလဲ
မိုးရွာတဲ့ ဒီမနက်မှာ
မိုးရေစက်စက်နဲ့
ငှက်ကလေး သီချင်းဆိုမပျက် ရှိနေတုန်းပါကလား…။
သီချင်းဆိုတဲ့ ငှက်ကြောင့်
မနက်ခင်းဟာ ကျက်သရေရှိမြဲရှိ
သီရိ ခုနစ်ကြိမ် ဆိုမြဲဆို
နုပျိုမြဲ နုပျို နေလျက်ပါလို့…။ ။
*** တင်မိုး ***
(၁၆- ဧပြီလ ၁၉၉၉)
No comments:
Post a Comment