ရန်ကုန်နှင့်တနင်္သာရီတိုင်းပလောမြို့ တို့ ကအလည်ကြွလာသည့်မြန်မာရဟန်တော်၂ပါးနှင့် ဆွမ်းတကာ၅ဦင်္းတို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အနီး နကပထုန်ဘုရားကြီး အားဖူးမျှော်ပြီး တက္ကစီ(အငှါးကား)ငှါးရမ်းနေစဉ် ထိုင်းရဲများကဖမ်းဆီးပြီးတစ်ဥ:ီလျှင် ဘတ်တစ်ထောင်စီပေးရန်တောင်းခံခဲ့သည်။
ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအသင်းသို့ အကူအညီတောင်းခံခဲ့သဖြင့်
ဖုန်းဖြင့် မေတ္တာရပ်ခံခဲ့သည်။အထူးသဖြင့် ဆွမ်းတကာကိုစူးငယ် တို့ အလုပ်လုပ်သည့် သူဌေးမက လာရောက်
ပြီးအကျိုးအကြောင်းပြောခဲ့ခြင်းကြောင့်ဖမ်းဆီးပြီး၁နာရီခန့် အကြာတွင် ပြန်လွှတ်ပေးလိုက်သည်။
တနင်္သာရီတိုင်း ပလောမှ ဦးခန္တီစာရ နှင့်ရန်ကုန်မြို့ မှ ဦးအာစရ တို့ နှစ်ပါး ပြီးခဲ့သည့်အပတ်က မဟာချိုင်မြို့ ရှိ ဆေးပေါင်းကျောင်းတွင် ခေတ္တတည်းခိုသီတင်းသုံးနေတော်မူခဲ့သည်။ နကပထုန်တွင်နေထိုင်အလုပ်လုပ်ကိုင်သည့်ထားဝယ်နယ်သား ကိုစူးငယ်တို့ ကဆွမ်းစားပင့်ဆောင်ခဲ့သည်။
ရပ်ဆွေရပ်မျိုးအသိမိတ်ဆွေများ ဆွမ်းဆက်ကပ်ပြီးနောက် နကပထုန်ဘုရားကိုတက်ရောက်ဖူးမျှော်ခဲ့ကြသည်။
ဖမ်းဆီးခံရသည့်မြန်မာသံဃာတော် ၂ပါးလုံးတွင်နိုင်ငံကူးလက်မှတ်ပတ်စပို့ များကိုင်ဆောင်ထားသည်။ ဒေသခံ
ဆွမ်းတကာ ၅ဦးတို့ မှာလည်း နေထိုင်အလုပ်လုပ်ကိုင်ခွင့်ရှိသူများဖြစ်ကြသည်။
အရှင်ဦးအာစရ က“ဘုရားဖူးပြီးပြန်ဆင်းလာပြီ။ကားငှါးတဲ့အခါ ထိုင်းပုလိပ်၎ယောက်လိုက်လာပြီး ဘတ်တွေ၊စာအုပ်တွေကိုသိမ်းယူသွားတယ်၊တစ်ယောက်ကို ဘ တ်တစ်ထောင်စီပေးရမယ်လို့ ပြောတယ်၊ မပေးရင်အချုပ်ထဲသွင်းမယ်လို့ ပြောတယ်။တကာကြီးတို့ ကိုကျေးဇူးတင်ပါတယ်၊ဦးဇင်းတို့ မရောက်ဖူးလို့ အလည်လာတာပါ၊ မကြာခင်ပြန်ကြွမှာပါ”ဟုမိန့် တော်မူသည်။
အလုပ်သမားအဖွဲ့ က ကိုစိုင်းအေးက “ကျနော်ဦးဇင်းဖုန်းကတစ်ဆင့် ပုလိပ်ကိုစကားပြောတယ်၊ ကျနော့်ကို
ဘတ်ရှိလို့ လားတဲ့ဗျာ၊ခက်လိုက်တဲ့ပုလိပ်တွေ၊ ကျနော်ကပြောတယ်၊ ဘုန်းကြီးတွေကအလည်လာတာ၊ဘုရား
လာဖူးတာ၊ လူတွေကလည်း အဲဒီမှာအလုပ်လုပ်တဲ့လူတွေ၊ဘတ်လည်းရှိတယ်၊ ဘာဖြစ်လို့ ဖမ်းလဲ၊ရဲစခန်းကိုခေါ်
သွားမယ်ဆိုရင်၊ဖုန်းနံပတ်ပေး၊ဘာညာပေါ့ဗျာ၊ တောင်းတောင်းပန်ပန်လေးပြောလိုက်ပါတယ်၊ကျနော်ပြောလို့ 
လွတ်လာတာတော့မဟုတ်တန်ရာပါဘူး။ကံကောင်းလို့ ငွေမကုန်ခဲ့တာပဲပြောကြပါစို့” ဟုပြောသည်။
ဆွမ်းတကာ ကိုစူးငယ်က“ ကိုယ့်ရပ်ရွာက ကိုယ်တော်တွေနိုင်ငံခြားကိုကြွလာလို့ လှူချင်တန်းချင်ရင် နယ်မြေပုလိပ်ကိုခွင့်ပြုချက်ယူရမလို ဖြစ်နေတယ်၊ဘန်ကောက်က အကိုတို့ ဖုန်းနဲ့ စကားပြောတာကို ဆုံးအောင် ပုလိပ်ကမပြောဘူးအမူအယာတော့ချက်ခြင်းပြောင်းသွားတယ်၊ပုလိပ်၎ယောက်ချက်ခြင်းပြန်သွားတယ်၊
တစ်ယောက်စောင့်နေခဲ့ တယ်။ ကျနော့်သူဌေးမရောက်လာတော့ငွေတော့မပေးရပါဘူး၊ ၁နာရီလောက်စိတ်ဆင်းရဲလိုက်ရတယ်ဗျာ”ဟုပြောသည်။
ထိုင်းနိုင်ငံအတွင်းလာရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများမှာ ဘတ်ရှိသည်ဖြစ်စေ
မရှိသည်ဖြစ်စေ၊ ထိုင်းရဲများဖမ်းဆီးငွေတောင်းလျှင်ပေးရလေ့ရှိသည်။ မဟာချိုင်တွင် အလုပ်သမားအတော်
များများယာယီပတ်စပို့ နှင့် အလုပ်သမားလက်မှတ(်ဘတ်)များလုပ်ကိုင်ထားသဖြင့် ၊အလုပ်သမားများနေထိုင်သည့်အခန်းများသို့ ရှောင်တခင်ဝင်ရောက်ပြီး စားစရိတ်များမှတ်ထားသည့်ဗလာစာအုပ်မှ စါရင်းများကို ရှဲထီအလောင်းအစားလုပ်ကြောင်း
စွပ်စွဲပြောဆို၊ခြိမ်းခြောက်လျှက် ဖမ်းဆီးငွေတောင်းခံလျှက်ရှိကြောင်း အလုပ်သမားများပြောပြ၍သိရှိရသည်။
**ကိုကျော်သောင်း (ဘန်ကောက်)**
**(ဧပြီ ၁၇၊၂၀၁၀)**

No comments:
Post a Comment