ဟုတ်ကဲ့ပါခင်ဗျာ။ ။ မြန်မာ့ရိုးရာအစဉ်အလာတွေထဲမှာ တစ်ခုဖြစ်တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့နဲ့ သက်ကြီး ပူဇော်ပွဲကျင်းပခြင်းကို ဒီကနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ ပြုလုပ်ခဲ့တဲ့ နေရာကတော့ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ မယ်တော်ဆေးခန်း မိသားစုဝင် စီဒီစီ အထက်တန်းကျောင်းမှာ ဖြစ်ပါတယ်။ ဆရာမ ဒေါက်တာ စင်သီယာမောင်နဲ့ (၁၀)ကြိမ်မြောက် သက်ကြီးပူဇော်ပွဲကျင်းပရေး ကော်မတီဝင်များက အမွှေးနံ့သာရည်များ ပက်ဖျန်းခြင်း၊ ကန်တော့ ပစ္စည်းများပေးအပ်ခြင်း၊ စုပေါင်းကန်တော့ခြင်းတို့ကို အဆင့်ဆင့်ပြုလုပ်ခဲ့ကြ ပါတယ်။ ဒီနှစ် အခမ်းအနားကို ဘိုးဘွား (၂၉၀)ခန့် လာရောက်အကန်တော့ခံပြီး ဘိုးဘွားများကိုယ်စား အဘိုး (၂)ဦးနဲ့ အဘွား (၂)ဦးတို့က ဆုပေးစကား တွေကို ပြောကြားပေးခဲ့ပါတယ်။
*** သတင်းမှတ်တမ်း- မြန်မာပြည်သား ***

No comments:
Post a Comment