ယောင်တောင်တောင်နဲ့ ရောက်လာ
ကမ်းနားလမ်း ဟိုတယ်မှာ… တဲ့…။
လန်ဒန်ဗြိတိသျှကောင်စီက စာပေဒါရိုက်တာ
Dr. Alistair Niven တဲ့ဗျာ…။
**သူဟောမှာက
‘How to write a bestseller;
An introduction to the most
Acclaimed books of
20 th c. English’ ဆိုတဲ့ ခေါင်းစဉ်ပါ…။
**ဘယ်သူတွေကို ဖိတ်သေးသလဲ
ကျနော်မသိပါ…
ကျနော်စိတ်ဝင်စားတဲ့ ဘာသာရပ်ပါ
နားထောင်ချင်တာ၊ သွားချင်တာ
ဒါပေမယ့်- အင်္ဂလိပ်ဘာသာနဲ့ ဟောမှာ
ကျနော်တို့က ဘာသာစကားချို့တဲ့
လျှာမဲ့သလို ခံစားရ
ဒုက္ခ… ဒုက္ခဟဲ့ အင်္ဂလိပ်စာ…။
**ကျနော်တို့က ငါးတန်းကစတင်
အင်္ဂလိပ်စာ သင်ခဲ့ရာ
ကိုလိုနီ သခင်ဘာသာစကားမို့
မှားမှာကို ကြောက်
ကျီးမရောက် ကြက်မရောက် အောက်ကလိအာ
ပြောက်တိ ပြောက်ကျားနဲ့
စကားမရေလည်
မှန်တယ်လား မှားတယ်လား
ကြောက်အားနဲ့ ရွံ့
နှုတ်ဆွံ့လို့မရဲ
ပွဲလယ်မတင့်ခဲ့ပါ…။
ကိုလိုနီ ကျွန်ဘ၀မို့
နိမ့်ကျစိတ် ၀င်ရောက်
အကြောက်ကြီးကြောက်ခဲ့တဲ့ အင်္ဂလိပ်စာ
သခင်စိတ် သခင်သွေး
အားမွေး ဓားသွေးရဦးမှာ…။
**ကိုယ့်မြန်မာစကားကိုတော့
မှားပစေ မှန်ပစေ
ရေသောက်သလို ထမင်းစားသလို
ခပ်ကြွားကြွား ပြောရဲပေမယ့်
တကတဲ သူ့စာကျမှ ရွံ့
မမှားဝံ့တဲ့ ရွံ့စိတ် ငုံ့စိတ်က
ငယ်ထိပ်ကို တက်လာ…။
**သခင်မျိုးဟေ့ ဒို့ဗမာ- တဲ့
လာချေသေးရဲ့ ကြွေးကြော်သံ
မတော်လှန်ရဲတဲ့ တကယ့် ကိုယ်တွေ့ပါ…။ ။
*** တင်မိုး ***
(၁၉- ဧပြီ ၁၉၉၉- တနင်္လာနေ့ နံနက်ခင်း)
**ဖိတ်စာကလေး တစ်စောင်
ယောင်တောင်တောင်နဲ့ ရောက်လာ
ကမ်းနားလမ်း ဟိုတယ်မှာ… တဲ့…။
လန်ဒန်ဗြိတိသျှကောင်စီက စာပေဒါရိုက်တာ
Dr. Alistair Niven တဲ့ဗျာ…။
**သူဟောမှာက
‘How to write a bestseller;
An introduction to the most
Acclaimed books of
20 th c. English’ ဆိုတဲ့ ခေါင်းစဉ်ပါ…။
**ဘယ်သူတွေကို ဖိတ်သေးသလဲ
ကျနော်မသိပါ…
ကျနော်စိတ်ဝင်စားတဲ့ ဘာသာရပ်ပါ
နားထောင်ချင်တာ၊ သွားချင်တာ
ဒါပေမယ့်- အင်္ဂလိပ်ဘာသာနဲ့ ဟောမှာ
ကျနော်တို့က ဘာသာစကားချို့တဲ့
လျှာမဲ့သလို ခံစားရ
ဒုက္ခ… ဒုက္ခဟဲ့ အင်္ဂလိပ်စာ…။
**ကျနော်တို့က ငါးတန်းကစတင်
အင်္ဂလိပ်စာ သင်ခဲ့ရာ
ကိုလိုနီ သခင်ဘာသာစကားမို့
မှားမှာကို ကြောက်
ကျီးမရောက် ကြက်မရောက် အောက်ကလိအာ
ပြောက်တိ ပြောက်ကျားနဲ့
စကားမရေလည်
မှန်တယ်လား မှားတယ်လား
ကြောက်အားနဲ့ ရွံ့
နှုတ်ဆွံ့လို့မရဲ
ပွဲလယ်မတင့်ခဲ့ပါ…။
ကိုလိုနီ ကျွန်ဘ၀မို့
နိမ့်ကျစိတ် ၀င်ရောက်
အကြောက်ကြီးကြောက်ခဲ့တဲ့ အင်္ဂလိပ်စာ
သခင်စိတ် သခင်သွေး
အားမွေး ဓားသွေးရဦးမှာ…။
**ကိုယ့်မြန်မာစကားကိုတော့
မှားပစေ မှန်ပစေ
ရေသောက်သလို ထမင်းစားသလို
ခပ်ကြွားကြွား ပြောရဲပေမယ့်
တကတဲ သူ့စာကျမှ ရွံ့
မမှားဝံ့တဲ့ ရွံ့စိတ် ငုံ့စိတ်က
ငယ်ထိပ်ကို တက်လာ…။
**သခင်မျိုးဟေ့ ဒို့ဗမာ- တဲ့
လာချေသေးရဲ့ ကြွေးကြော်သံ
မတော်လှန်ရဲတဲ့ တကယ့် ကိုယ်တွေ့ပါ…။ ။
*** တင်မိုး ***
(၁၉- ဧပြီ ၁၉၉၉- တနင်္လာနေ့ နံနက်ခင်း)
No comments:
Post a Comment