အခါခါ ဆုတ်ပစ်
စာမျက်နှာသစ်နဲ့ ရေးတဲ့အခါ
ကဗျာဟာ ဂန္တ၀င်မြောက်လက်ရာ
အဆင့်မြင့် လာတယ်…။
**အက္ခရာ စာလုံးတွေထဲမှာ
အမုန်းဆိုတာ မပါ
အချစ် စာမျက်နှာချည်းမို့
သုတိသာမှာ အမှန်ပဲ…။
**အမုန်းတွေနဲ့ အော်ဂလီဆန်နေတဲ့
အသံစဉ် ပြင်းရှရှတွေကို
အလှအပဆုံးဖြစ်အောင် အသက်သွင်းတော့
ယမင်းရုပ်ကလေး ပြုံးမူရာနဲ့
အကပဒေသာ တင်ဆက်နေသလို
ငြိမ်သက်အေးချမ်း
ပန်းတစ်ရာ ပွင့်လန်းနေတော့တာပေါ့…။
**အထစ်အရစ်တွေနဲ့
မပြေပြစ်တဲ့ ကာရန်သွားတွေကို
စံမထားစတမ်း ဖြုတ်ပစ်ဖို့
စိတ်ကူးသစ်တွေ မွေးရမယ်
ဒါလဲ ကဗျာအရေးတော်ပုံတစ်ခု…။ ။
*** တင်မိုး ***
(၁၉၊ ဧပြီ ၁၉၉၉- တနင်္လာနေ့ နံနက်ခင်း)
**ညစ်ပေနေတဲ့ စာမျက်နှာတွေကို
အခါခါ ဆုတ်ပစ်
စာမျက်နှာသစ်နဲ့ ရေးတဲ့အခါ
ကဗျာဟာ ဂန္တ၀င်မြောက်လက်ရာ
အဆင့်မြင့် လာတယ်…။
**အက္ခရာ စာလုံးတွေထဲမှာ
အမုန်းဆိုတာ မပါ
အချစ် စာမျက်နှာချည်းမို့
သုတိသာမှာ အမှန်ပဲ…။
**အမုန်းတွေနဲ့ အော်ဂလီဆန်နေတဲ့
အသံစဉ် ပြင်းရှရှတွေကို
အလှအပဆုံးဖြစ်အောင် အသက်သွင်းတော့
ယမင်းရုပ်ကလေး ပြုံးမူရာနဲ့
အကပဒေသာ တင်ဆက်နေသလို
ငြိမ်သက်အေးချမ်း
ပန်းတစ်ရာ ပွင့်လန်းနေတော့တာပေါ့…။
**အထစ်အရစ်တွေနဲ့
မပြေပြစ်တဲ့ ကာရန်သွားတွေကို
စံမထားစတမ်း ဖြုတ်ပစ်ဖို့
စိတ်ကူးသစ်တွေ မွေးရမယ်
ဒါလဲ ကဗျာအရေးတော်ပုံတစ်ခု…။ ။
*** တင်မိုး ***
(၁၉၊ ဧပြီ ၁၉၉၉- တနင်္လာနေ့ နံနက်ခင်း)
No comments:
Post a Comment