ဖယောင်း သက်သေတဲ့….။
**ရွှေ ဖြစ်ပေမယ့်
ရွှေ စစ် မစစ်
အက်ဆစ်နဲ့ စမ်းသပ်
မကျေနပ်သေးရင်
မှတ်ကျောက် တင်ကြည့်ကြတယ်….။
**သူ့ ဘ၀က
ရွှေ မစစ်ပေမယ့်
အက်ဆစ် မလို
မှတ်ကျောက် မလို
သူ့ ကို
ရွှေလို တန်ဖိုးထားကြ….။
**နှလုံးသားထဲ
အမြဲတမ်း လျှမ်းလျှမ်းတောက်
ဘယ်အခါမှ မကွယ်ပျောက်….။
**အဲဒါ
သစ္စာတရားရဲ့ အစွမ်းတွေနဲ့
ကမ္ဘာတည်သမျှ လန်းဝေမယ့်
ကျနော်တို့ အားလုံးရဲ့
ပန်း ရွှေပိတောက်….။ ။
*** နေအောင်ခိုင် ***
( ဧပြီလ ၂၀၀၇-ခုနှစ် စုံထောက်မဂဇင်းမှ ကူးယူဖော်ပြသည်။)
**ရွှေအကြောင်း
ဖယောင်း သက်သေတဲ့….။
**ရွှေ ဖြစ်ပေမယ့်
ရွှေ စစ် မစစ်
အက်ဆစ်နဲ့ စမ်းသပ်
မကျေနပ်သေးရင်
မှတ်ကျောက် တင်ကြည့်ကြတယ်….။
**သူ့ ဘ၀က
ရွှေ မစစ်ပေမယ့်
အက်ဆစ် မလို
မှတ်ကျောက် မလို
သူ့ ကို
ရွှေလို တန်ဖိုးထားကြ….။
**နှလုံးသားထဲ
အမြဲတမ်း လျှမ်းလျှမ်းတောက်
ဘယ်အခါမှ မကွယ်ပျောက်….။
**အဲဒါ
သစ္စာတရားရဲ့ အစွမ်းတွေနဲ့
ကမ္ဘာတည်သမျှ လန်းဝေမယ့်
ကျနော်တို့ အားလုံးရဲ့
ပန်း ရွှေပိတောက်….။ ။
*** နေအောင်ခိုင် ***
( ဧပြီလ ၂၀၀၇-ခုနှစ် စုံထောက်မဂဇင်းမှ ကူးယူဖော်ပြသည်။)


No comments:
Post a Comment