ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, April 5, 2010

လူကိုလူလိုလေးစားခြင်းဟာ ယဉ်ကျေးမှု

> **(Written by လူထုစိန်ဝင်း )**
စာနယ်ဇင်းတွေဖတ်ရင်းနဲ့ အနယ်နယ်အရပ်ရပ်မှာ စာပေဟောပြောပွဲနဲ့ စာပေဆွေးနွေးဝိုင်းတွေလုပ်ကြတဲ့ သတင်းတွေမပြတ်တွေ့နေရတယ်။ ဟိုရှေးကတော့ နတ်တော်လဆန်း တစ်ရက်နေ့ တစ်ရက်တည်းပဲ စာပေဟောပြောပွဲနဲ့ စာဆိုတော်နေ့ ကျင်းပကြတယ်။ နောက်တော့ မန္တလေးက ဦးလေးလူထုဦးလှက နတ်တော်လတစ်လလုံးကို စာဆိုတော်လလို့ သတ်မှတ်ပြီး စာပေဟောပြောပွဲတွေ လုပ်ကြပါလို့ စတင်လှုံ့ဆော်ခဲ့တာကြောင့် စာဆိုတော် နေ့ကျော်လွန်သွားလည်း ဟော ပြောပွဲတွေ ဆက်လုပ်ကြတယ်။

**ဆရာတွေဖောင်းပွနေ**
အခုတော့ နတ်တော်လတစ်လတည်း သာမကတော့ဘူး။ တစ်နှစ်ပတ်လုံး စာပေဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ တောရောမြို့ပါမကျန် ကျင်းပနေကြတာကို ၀မ်းသာစရာတွေ့ရတယ်။ ဦးလေးလှသာရှိရင် သိပ်ဝမ်းသာမှာ။ စာပေ လှုပ်ရှားမှု သတင်းမှန်သမျှ မလွတ်တမ်းဖတ်ရင်းနဲ့ သတိထားမိတာ လေးတစ်ခုရှိပါတယ်။ နယ်တစ် နယ်မှာ စာပေလှုပ်ရှားမှုတစ်ခုလုပ်တဲ့ သတင်းကိုရေးကြရာမှာ ဥက္ကဋ္ဌ ဆရာမောင်ဘယ်သူကသဘာပတိ လုပ်ပြီး အတွင်းရေးမှူးဆရာ မောင်ဘယ်ဝါက အခမ်းအနားမှူး လုပ်တယ်။ ဆရာမောင်ဖြူ၊ ဆရာမောင်နီ၊ ဆရာမောင်နက်၊ ဆရာမောင်ပြာ၊ ဆရာမောင်ဝါ၊ ဆရာမောင်ညို၊ ဆရာမောင်စိမ်းတို့က စာတမ်းဖတ်ကြ၊ဆွေးနွေးကြတယ်။ ဆရာမောင်ခရမ်းရောင်နဲ့ဆရာမောင် ပန်းရောင်တို့က ကဗျာရွတ်ကြတယ်စတဲ့

အရေးအသားမျိုးတွေ ကိုချည်းတွေ့ရတယ်။ သတင်းတစ် ပုဒ်အနေနဲ့'လိုတိုရှင်း'မဖြစ်သလို ဆရာဆိုတဲ့ အသုံးအနှုန်းကလည်း ဖောင်းပွနေသလို ထင်မိတယ်။
**ခြေသည်းလှီးတဲ့ ဆရာကတော်**
ပြောရတာအားနာပါတယ်။ ကိုယ်ကစာဖတ်မနှံ့စပ်တော့ ဖော်ပြထားတဲ့ နာမည်တွေအားလုံးလောက် နီးပါးဟာကိုယ်မကြားဖူးတဲ့နာမည်တွေချည့် ဖြစ်နေတတ်တယ်။ ရှေ့လျောက်ကြိုးစားပြီး စာကိုနှံ့စပ် အောင်ဖတ်မှဖြစ်တော့မယ်လို့ ကိုယ့်ကိုယ်ကိုယ်သတိပေးရတယ်။ တစ်ဆက်တည်းပြောချင်တာလေးတစ်ခု ကြုံတုန်းပြောလိုက်ပါဦးမယ်။ ကျွန်တော်တို့ မြန်မာလူမျိုးများက ယဉ်ကျေးလွန်းတာလား၊ နိဝါတတရား ထားလွန်းတာလားတော့ မသိဘူး။ ဆရာအခေါ် သိပ်ကိုရက်ရောလွန်း တယ်လို့စိတ်ထဲစွဲထင်နေတဲ့ အကြောင်းပါ။ ကားဆရာ၊ ဆိုက်ကားဆရာ၊ ပန်းရံဆရာ၊ လက်သမားဆရာ၊ ဆံပင်ညှပ် ဆရာစသဖြင့် လူတွေ့ တိုင်း ဆရာခေါ်တာ အကျင့်ကြီး တစ်ခုလို ဖြစ်နေပါပြီ။ ကျွန်တော် တို့ငယ်ငယ်က မန္တလေးမှာရပ်ကွက် ထဲလှည့်ပြီးခြေသည်းလက်သည်းလှီး၊ နဖာကလော်လုပ်တဲ့ ပုဏ္ဏေးမတွေ ရှိပါတယ်။သူတို့ကိုဘာကြောင့်မှန်း မသိ'ဆရာကတော်'လို့ခေါ်ကြတယ်။

**သခင်ခေါ်ရာက ကူးစက်တာလား**
အသက်ကြီးလာတော့သူများတွေက ဆရာကတော်၊ ဆရာကတော် နဲ့ခေါ်တာကြားတိုင်း ခြေသည်းလှီးတဲ့ ဆရာကတော်တွေကို မျက်စိထဲမြင်ပြီး ကျိတ်ပြုံးမိတာချည့်ပါပဲ။ လူတွေ့တိုင်း ဆရာခေါ်တဲ့အကျင့် ဟာ ရှေးပဝေသဏီကတည်းကရှိခဲ့တဲ့ မြန်မာ့ယဉ်ကျေးမှုလား၊ သူ့ကျွန်ဘ၀မှာ မျက်နှာဖြူတွေကိုသခင်ခေါ်ရာက ကူးစက်သွားတာလား။ ဖက်ဆစ်တွေကို မာစတာခေါ်ရာက နှုတ်အကျင့်ဖြစ်သွားတာလား သေသေချာချာ လေ့ကျင့်ကြည့်ဖို့တော့ ကောင်းတယ်။ ဆရာ၊ ဆရာနဲ့ ပြောကြရေးကြတာတွေ တွေ့တိုင်းစိတ်ထဲမှာ ဘ၀င်မကျဖြစ်မိတယ်။ ကောင်းတဲ့အကျင့်တစ်ခုတော့ မဟုတ်ဘူးလို့လည်း စိတ်မှာထင်မိတယ်။

**သွေးနထင်ရောက်ဖြစ်တတ်တယ်***
အချက်နှစ်ချက်ပေါ်မူတည်ပြီး ကောင်းတဲ့အကျင့်မဟုတ်ဘူးလို့ထင်တာပါ။ ပထမအချက်ကတော့ဆရာ၊ ဆရာနဲ့အခေါ်ခံရပါများတော့ အခေါ်ခံရသူဟာ အလိုလိုနေရင်း သွေးနထင်ရောက်ပြီး မြောက်ကြွမြောက်ကြွဖြစ် သွားတတ်ပါတယ်။ ရုံးတစ်ရုံးကို ကိစ္စရှိလို့သွားတဲ့အခါတွေ့တဲ့ ပြာတာကိုဖြစ်ဖြစ်၊ စာရေးလေးကိုဖြစ်ဖြစ်၊ မျက်နှာချိုသွေးပြီး ဆရာ၊ ဆရာနဲ့ ဆရာချင်းထပ်အောင်ခေါ်တဲ့ အခါကျတော့ပင်ကို ရိုးသားတဲ့လူတောင် ဆရာဆိုတဲ့အခေါ်နဲ့လိုက်အောင် အာ ဏာပါဝါပြချင်တဲ့ စိတ်တွေဝင်လာပြီး ဟိန်းတာဟောက်တာတွေ လုပ်တတ်သွားပါတယ်။ ဆေးရုံပေါက်စောင့်တဲ့ ဒရ၀မ်တောင် ခပ်တည်တည်နဲ့ ရင်ကော့ပြီး တံခါးဝမှာရပ်လိုက်ရင် အလိုလိုရှိန်ပြီး ရိုရိုကျိုးကျိုးနဲ့ တံခါးဖွင့်ပေးလေ့ရှိပါတယ်။ ကြောက်သ လိုလို၊ ရွံ့သလိုလိုနဲ့သူ့ကို ဆရာခေါ်ပြီး ၀င်ပါရစေလို့ သွားပြောရင်တော့ ''ဒါလူနာတွေ့ချိန်မဟုတ်ဘူး'' ဆိုပြီး မာန်မဲလွှတ်လိုက်မှာ သေချာတယ်။ ထပ်ပြီးမျက်နှာငယ်လေးနဲ့ တောင်းပန်ရင်လည်း ''ဆရာဝန်ကြီးရောင်း လှည့်နေတယ်။ ဘယ်သူမှမ၀င်ရ ဘူး''လို့ ဟောက်ဦးမှာပါပဲ။
လူယဉ်ကျေးဆိုတာ တစ်ဖက်သားကို လူတစ်ယောက်အနေနဲ့ တန်ဖိုးထားလေးစားတတ်ခြင်းကို ခေါ်တာဖြစ်တယ်။ တစ်ဖက်သားရဲ့ အပေါ်ယံ ပကာသန အဆောင်အယောင်တွေကိုကြည့်ပြီး 'ခယ၀ပ်တွား' ဆက်ဆံတာကို ခေါ်တာမဟုတ်ဘူး။

**ကျွန်စိတ်**
လူတွေ့တိုင်း ဆရာခေါ်တဲ့ အကျင့်ဖြစ်နေသူနဲ့ပတ်သက်တာက ဒုတိယအချက်ပါ။ ဆေးရုံက ဒရ၀မ် ကိုတောင် ဆရာခေါ်တဲ့အကျင့်ဖြစ် နေသူဟာ ဘယ်သူ့တွေ့တွေ့ ဆရာခေါ်လိုက်မှာပဲ။ ကြာရင်လူတိုင်းဟာ ကြောက်ရမယ့်လူ၊ 'ခယ၀ယ' လုပ် ရမယ့်လူလို့ချည်း ထင်မှတ်ပြီးအလိုလိုနေရင်း 'သိမ်ငယ်စိတ်' (inferiorty complex)တွေ ၀င်လာတတ်ပါ တယ်။ သိမ်ငယ်စိတ်ဝင်လာတာနဲ့ တစ်ပြိုင်နက် ကိုယ်ရည်ကိုယ်သွေး၊ ကိုယ်စွမ်းကိုယ်စတွေပါ အလိုလို ကျဆင်းသွားလေ့ရှိပါတယ်။ ကျွန် စိတ်ဆိုတာ သိမ်ငယ်စိတ်က ပေါက်ဖွားလာတာဖြစ်ပါတယ်။

**သခင်**
စိတ်နယ်ချဲ့လက်အောက်မှာ ကျွန်သပေါက်ဘ၀နဲ့ သားစဉ်မြေးဆက် နှစ်ပေါင်းရာကျော်နေခဲ့ရလေတော့။ လူတွေမှာ အနည်းနဲ့အများဆိုသလို ကျွန်စိတ်တွေ ရှိနေကြတယ်။ အဲဒါကြောင့် တို့ဗမာအစည်းအရုံးခေတ်မှာ၊ မြန်မာဆိုတာ ကျွန်လူမျိုး မဟုတ်ဘူး။ ကိုယ့်ထီးကိုယ့်နန်းကိုယ့် ကြငှန်းနဲ့ အဆင့်မြင့်တဲ့ ကိုယ်ပိုင် ယဉ်ကျေးမှုနဲ့နေခဲ့ကြတဲ့ သခင်လူမျိုးဖြစ်တယ်ဆိုတာကို သတိပေးဖို့ အတွက်အဖွဲ့ ၀င်တိုင်းရဲ့နာမည်ရှေ့ မှာ 'သခင်'တပ် ပြီး၊ သခင်နု၊ သခင် အောင်ဆန်း၊ သခင်ဗဟိန်း၊ သခင် သန်းထွန်းလို့ ခေါ်ခဲ့ကြတာဖြစ် တယ်။ ''မင်းတို့ဆရာကိုလေ စာရင်း တို့ကာသာ ထားလိုက်ပေတော့''လို့ ဆိုခဲ့တဲ့ဆရာကြီး ဦးလွန်းတောင် တပည့်တွေဆင်နွှဲတဲ့ တိုက်ပွဲတိုင်း ရှေ့က မားမားမတ်မတ်နဲ့ ပါမြဲဖြစ် တဲ့အတိုင်း ''သခင်ကိုယ်တော်မှိုင်း'' ဖြစ်သွားခဲ့ရပါတယ်။

**ဇွတ်ရိုက်မသွင်းသင့်**
ယဉ်ကျေးတယ်ဆိုတာ အင်မတန်လိုလားအပ်တဲ့အရာဖြစ်တယ်။ လူအတော်များများက အောက်ကျို့တာနှိမ့်ချတာကို ယဉ်ကျေးမှုလို့ထင် မှတ်မှားနေကြပြီး၊ အောက်ကျို့နှိမ့်ချ စိတ်ထားဖို့ သွန်သင်ဆုံးမလေ့ရှိကြ တယ်။ ''လူ့အောက်ကျို့လို့မသေ ပါဘူး''ဆိုတဲ့ ဆိုရိုးစကားတောင် ရှိခဲ့ တယ်။ အောက်ကျို့လွန်း နှိမ့်ချလွန်း တဲ့စိတ်ကနေပြီး'ကျွန်စိတ်'ပေါက်ဖွား လာရတာလို့ ယုံကြည်တဲ့အတွက် သဘောမကျပါဘူး။ ပလွှားဝင့်ဝါ မရှိတာ၊ မောက်မာစော်ကားမရှိတာ အင်မတန်ကောင်းတယ်။ ဒါမျိုးကို အားပေးရမှာ။ဒီစိတ်ဓာတ်မျိုးမွေးရမှာ။အောက်ကျို့တာနှိမ့်ချတာတော့ အားမပေးသင့်ဘူး။ ကလေးတွေ ခေါင်းထဲ ဇွတ်ရိုက်မသွင်းသင့်ဘူး။

**ထိုက်တန်တဲ့လေးစားမှု**
လူယဉ်ကျေးဆိုတာ တစ်ဖက်သားကို လူတစ်ယောက်အနေနဲ့ တန်ဖိုးထားလေးစားတတ်ခြင်းကို ခေါ်တာဖြစ်တယ်။တစ်ဖက်သားရဲ့ အပေါ်ယံပကာသနအဆောင်အယောင် တွေကိုကြည့်ပြီး'ခယ၀ပ်တွား'ဆက်ဆံတာကို ခေါ်တာမဟုတ်ဘူး။ ပြာတာပဲဖြစ်ဖြစ်၊ဆိုက်ကားသမားပဲ ဖြစ်ဖြစ်၊ ယုတ်စွအဆုံး သူတောင်းစားပဲ ဖြစ်ဖြစ်၊ လူသားအနေနဲ့ ကြည့်မြင်ပြီး၊လူသားအနေနဲ့ ထိုက်သင့်တဲ့ အလျောက် လေးစားမှုပေးဆက်ဆံတာဟာ ယဉ်ကျေးခြင်းဖြစ်တယ်။ ဘယ်သူ့ကိုမဆို အောက်ကျို့နှိမ့်ချပြီး ဆက်ဆံဖို့ မလိုဘူး။ ထိုက်တန်တဲ့ လေးစားမှုပေးဖို့သာလိုတယ်။

**ဆင်းရဲရင်မကန်တော့ချင်**
မှန်တာပြောရရင်လူအချင်းချင်းလူလို့မြင်ပြီး လေးလေးစားစား တန်ဖိုးထားတာမျိုး တွေ့ရခဲတယ်။ ပိုက်ဆံငွေကြေးလို၊ ရာထူးအာဏာလို၊ အပေါ်ယံပကာသနတွေကို ကြည့်ပြီးဆက်ဆံကြတာပဲ အတွေ့ရများတယ်။ သွေးမတော်သားမစပ်တဲ့ ငွေရှိသူ ဂုဏ်ဒြပ်နဲ့ရာထူး အာဏာရှိသူကို အခါကြီးရက်ကြီး ရောက်တိုင်း မမေ့မလျော့နှစ်စဉ် ယဉ်ကျေးမှုအရဆိုပြီး သွားကန့်တော့ တတ်ကြပေမယ့် ငွေမရှိ၊ ရာထူးအာဏာမရှိ ဆင်းရဲမွဲတေတဲ့ ဆွေမျိုးရင်းချာများကိုတော့ ကန် တော့ဖို့ မေ့လျော့နေတတ်ကြတာများတယ်။ယဉ်ကျေးမှုဆိုတာ လူအချင်းချင်းလူလိုမြင်ပြီး လူလိုလေးစား တန်ဖိုးထားတတ်ခြင်းကိုခေါ်တာ ဖြစ်ပါတယ်။ အဲဒီလိုယဉ်ကျေးမှုထွန်း ကားစေဖို့ကိုပဲ မျော်လင့်ရပါတယ်။

**http://www.first-11.com/

**(Written by လူထုစိန်ဝင်း )**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)