(ဟာဗားနား၊ ဧပြီလ ၅-ရက်)
ကျူးဘားခေါင်းဆောင် ရောလ်ကက်စထရိုနှင့် ယူကရိန်းသမ္မတဟောင်း လီရိုနစ်ကူရှ်မာတို့သည် ဧပြီလ ၂-ရက်နေ့က နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ရာသီဥတုပြောင်းလဲမှုအပါအ၀င် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုအချို့ကို ဦးစားပေးဆွေးနွေးကြသည်။ ကျူးဘားနိုင်ငံက ချာနိုဘိုင်ညူကလီးယားမတော်တဆပေါက်ကွဲမှုတွင် ကလေးငယ်များအား အခမဲ့ဆေးဝါးကုသပြုစုစောင့်ရှောက်မှုနှစ် ၂၀-ပြည့်နှစ်ပတ်လည်အခါသမယတွင် ကျူးဘားသို့လာရောက်စဉ် ကူရှ်မာက အထက်ပါကိစ္စရပ်များကို ရောလ်ကတ်စထရိုနှင့် တွေ့ဆုံဆွေး နွေးခြင်းဖြစ်သည်။ (ဆင်ဟွာ)
*** မျက်မမြင် နာမည်ကြီးအဆိုတော် ယာဉ်မောင်းအမြန်နှုန်း စံချိန်တင် ***
(အင်ကာရာ၊ ဧပြီလ ၅-ရက်)
တူရကီနိုင်ငံ၏ နာမည်ကြီး မျက်မမြင်အဆိုတော်တစ်ဦးသည် တစ်နာရီလျှင် ၂၉၂-ကီလိုမီတာနှုန်းမောင်းနှင်ကာ ကမ္ဘာပေါ်တွင် အမြန်ဆုံးမောင်းနှင်သည့် မျက်မမြင်ယာဉ်မောင်းတစ်ဦးဖြစ်လာခဲ့သည်ဟု အနာတိုလီယာသတင်းဌာနက ဧပြီလ ၂-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (ဆင်ဟွာ)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***
*** ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကမ္ဘာ့စိန်ခေါ်မှု ကျူးဘားနှင့် ယူကရိန်း နှစ်နိုင်ငံ ဆွေးနွေး ***
(ဟာဗားနား၊ ဧပြီလ ၅-ရက်)
ကျူးဘားခေါင်းဆောင် ရောလ်ကက်စထရိုနှင့် ယူကရိန်းသမ္မတဟောင်း လီရိုနစ်ကူရှ်မာတို့သည် ဧပြီလ ၂-ရက်နေ့က နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ရာသီဥတုပြောင်းလဲမှုအပါအ၀င် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုအချို့ကို ဦးစားပေးဆွေးနွေးကြသည်။ ကျူးဘားနိုင်ငံက ချာနိုဘိုင်ညူကလီးယားမတော်တဆပေါက်ကွဲမှုတွင် ကလေးငယ်များအား အခမဲ့ဆေးဝါးကုသပြုစုစောင့်ရှောက်မှုနှစ် ၂၀-ပြည့်နှစ်ပတ်လည်အခါသမယတွင် ကျူးဘားသို့လာရောက်စဉ် ကူရှ်မာက အထက်ပါကိစ္စရပ်များကို ရောလ်ကတ်စထရိုနှင့် တွေ့ဆုံဆွေး နွေးခြင်းဖြစ်သည်။ (ဆင်ဟွာ)
*** မျက်မမြင် နာမည်ကြီးအဆိုတော် ယာဉ်မောင်းအမြန်နှုန်း စံချိန်တင် ***
(အင်ကာရာ၊ ဧပြီလ ၅-ရက်)
တူရကီနိုင်ငံ၏ နာမည်ကြီး မျက်မမြင်အဆိုတော်တစ်ဦးသည် တစ်နာရီလျှင် ၂၉၂-ကီလိုမီတာနှုန်းမောင်းနှင်ကာ ကမ္ဘာပေါ်တွင် အမြန်ဆုံးမောင်းနှင်သည့် မျက်မမြင်ယာဉ်မောင်းတစ်ဦးဖြစ်လာခဲ့သည်ဟု အနာတိုလီယာသတင်းဌာနက ဧပြီလ ၂-ရက်နေ့၌ သတင်းထုတ်ပြန်သည်။ (ဆင်ဟွာ)
*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***

No comments:
Post a Comment