ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, April 6, 2010

ဧပြီလအတွင်း နိုင်ငံတကာ ထူးခြားသတင်းများ….

> *** အလုပ်သမား ၁၅၃-ဦး ပိတ်မိနေသော သတ္တုတွင်းအတွင်းသို့ ကယ်ဆယ်ရေးအဖွဲ့ဝင်များ ပြန်လည်ဝင်ရောက်ရန် ပြင်ဆင် ***
(ပေကျင်း၊ ဧပြီလ ၄-ရက်)
ရေလွှမ်းမိုးခဲ့သော တရုတ်သတ္တုတွင်းအတွင်း ရက်သတ္တ တစ်ပတ်ကြာနီးပါး ပိတ်မိနေသည့် အလုပ်သမား ၁၅၃- ဦးအား ကယ်တင်ရန် စနေနေ့က ပထမအသုတ် ကယ်ဆယ်ရေးအဖွဲ့ဝင်ရောက်ခဲ့သော်လည်း မြေ အောက် အခြေအနေသည် အလွန်ခက်ခဲ့သောကြောင့် နာရီအနည်းငယ်အတွင်း ကယ်ဆယ်ရေး အဖွဲ့ပြန်လည် ထွက်ခွာခဲ့ရ သည်။ သတ္တုတွင်းအတွင်း အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ်ရန် လက်လျှော့ထားခြင်း မရှိဘဲ ကယ်ဆယ် ရေးအဖွဲ့များသည် ပစ္စည်းကိရိယာများ ဖြည့်တင်း၍ သတ္တုတွင်းအတွင်း ထပ်မံဝင်ရောက်ရန် တနင်္ဂနွေနေ့က ပြင်ဆင်နေကြောင်း သိရသည်။ (ဆင်ဟွာ)

*** ယူကရိန်းဓာတ်ငွေ့ပို့လွှတ်ရေး ဆွေးနွေးရန် အသင့်ရှိ ***
(ကိယက်ဗ်၊ ဧပြီလ ၄-ရက်)
ယူကရိန်းနိုင်ငံအနေဖြင့် ယူကရိန်းဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းသည့်စနစ် အဆင့်မြှင့်ရေးဆောင်ရွက်ရာတွင် ရုရှားအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးရန်အသင့်ရှိကြောင်းဖြင့် ယူကရိန်းဝန်ကြီးချုပ် မိုင်ကိုလာအာဇာရော့ဗ်က ဧပြီလ ၁-ရက်နေ့၌ ပြောကြားသည်။ မိမိတို့အနေဖြင့် ဓာတ်ငွေ့ပို့လွှတ်ရေးစနစ် ခေတ်မီတိုးတက်ရေးအတွက် ဆွေးနွေးသွားရန် အသင့်ရှိကြောင်း ယူကရိန်း ၀န်ကြီးချုပ်က ဧည့်သည်တော် ရုရှားပထမ ဒုတိယ၀န်ကြီးချုပ် အိုင်ဂေါရုဗာလော့ဗ်နှင့် တွေ့ဆုံးဆွေးနွေးစဉ် ထည့်သွင်းပြောကြားသည်။ ယူကရိန်းနိုင်ငံ၏ ဓာတ်ငွေ့ပိုက်လိုင်းစနစ်သည် တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ကုဗမီတာ ဘီလီယံ ၁၅၀-ခန့်သာ ပို့လွှတ်နိုင်ကြောင်း၊ အကယ်၍ ထိုဓာတ်ငွေ့ပိုက်လိုင်းစနစ်ကို အဆင့်မြှင့်နိုင်မည်ဆိုပါက တစ်နှစ်လျှင် ကုဗမီတာ ဘီလီယံ ၂၀၀-အထိ ပို့လွှတ်ပေးနိုင်မည်ဖြစ်ကြောင်း အာဇာရော့ဗ်က ပြောကြားသည်။ (ဆင်ဟွာ)

*** အမေရိကန် လက်နက်ခဲယမ်းများ မက္ကဆီကိုသို့ မှောင်ခိုတင်သွင်း ***
(မက္ကဆီကိုစီးတီး၊ ဧပြီလ ၄-ရက်)
မက္ကဆီကိုနိုင်ငံ၌ ပြီးခဲ့သည့်နှစ်အတွင်း သိမ်းဆည်းရမိသည့် လက်နက်မှောင်ခိုများ၏ ၉၅-ရာခိုင်နှုန်းသည် အမေရိကန်နိုင်ငံမှ ဖြစ်ကြောင်း အမျိုးသားပြည်သူ့အဖွဲ့အစည်းများအဖွဲ့(စီအင်န်အိုပီ)က ဧပြီလ ၂-ရက်နေ့၌ ပြောကြားသည်။ အဆိုပါ လက်နက်ခဲယမ်းများကို အမေရိကန်လက်နက်မှောင်ခိုသမားများနှင့် အမေရိကန်တောင်ပိုင်းရှိ လူဆိုးဂိုဏ်းများက မက္ကဆီကိုနိုင်ငံသို့ အဆက်မပြတ်မှောင်ခိုတင်သွင်းခြင်းဖြစ်သည်။ (အင်တာနက်)

*** အီရန်ညူကိစ္စ ကုလသမဂ္ဂနှင့် ဆွေးနွေးမည် ***
အီရန်နိုင်ငံက ညူကလီးယားစက်ရုံပိုင်ဆိုင်မှု တည်ဆောက်ထားမှုနှင့်ပတ်သက်ပြီး ကုလသမဂ္ဂနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း အီရန်ညူကလီးယားအရာရှိက ဧပြီလ ၄-ရက်နေ့၌ ပြောကြားသည်။ (အင်တာနက်)

*** စုစည်းဘာသာပြန်-မောင်ချစ်ကြည် ***

*** အလုပ်သမား ၁၅၃-ဦး ပိတ်မိနေသော သတ္တုတွင်းအတွင်းသို့ ကယ်ဆယ်ရေးအဖွဲ့ဝင်များ ပြန်လည်ဝင်ရောက်ရန် ပြင်ဆင် ***

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)