ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, April 6, 2010

လွမ်းမိပါသေးသည် (ဒီမိုကရေစီခေတ်ဆီ)

> ***အပိုင်း (၂) ယခင်လမှအဆက်***
အမေ မိးဖိုတဲကထွက်လာတော့၊ အမေ့ နဖူးမှာချွေးလေးတွေစို့လို့၊ "အိုက်လိုက်ပူလိုက်တာကလဲ လွန်ရော၊ တအိမ်လုံးစားဖို့လဲ ချက်ပြုတ်ပြီးပြီ၊ စောစောစီးစီးရေလေးမိုးလေးချိုးရအုံးမယ်။ ဟဲ့… ဟဲ့…။ ငါ့သား မင်းကလဲထိုင်လို့ကို မ၀နိုင်ဘူး။ ဘုန်းကြီးကျောင်းဘက်က ခွေးဟောင်သံတွေကြားတယ်။ သူကြီး အိမ်ကလဲ သံချောင်း သုံးချက်ခေါက်ပြီး ရွာဆော်ကိုခေါ်တယ်။ ဘာတုံးမသိဘူးသွားပြီးစနည်းနာစမ်း" လို့ အမေက ပြောတော့ သူငယ်ချင်းတယောက်ကိုခေါ်ပြီး ဘုန်းကြီးကျောင်းကိုထွက်အလာ ကျောင်းအပြင်ဘက်က လှမ်းကြည့်လိုက်တယ်ဆိုရင်ဘဲ တွေ့လိုက်ရတဲ့ မြင်ကွင်းက…….

**တပ်မတော်နဲ့ ပြည်သူကြည်ဖြူတဲ့ခေတ်***
ဘုန်းကြီးကျောင်းထဲမှာ တပ်မတော်သားများကိုမြင်ရ၏။ တချို့က တံမြက်စည်းလှဲလို့၊ တချို့က ဘုန်းကြီးသောက်ရေအိုးတွေ၊ ရေခွက်တွေဆေးကြောပေးနေသလို၊ ဘုန်းကြီးကုဋိ (အိမ်သာ)သွားတဲ့လမ်းကို သဲကြမ်းခင်းပေးသူက ခင်းပေးနေ၏။ ထိုခေတ်ကစစ်သားများမှာ သံခမောက်ခေါ် ဖိုက်ဘာခမောက်များ ဆောင်းကြရ၏။ ယူနီဖောင်းများမှာလည်း ယခုခေတ်(စစ်တပ်ချမ်းသာတဲ့ခေတ်)လို တက်ထရက်စတွေ ဘာတွေအဖိုးတန်တွေမဟုတ်ပါဘူး။ ဇင်စ ဘောင်းဘီရှည်နှင့် ဇင်စအင်္ကျီရှည် စစ်ရောင်များဖြစ်ပါသည်။ စစ်သားစုစုပေါင်း (၁၈)ယောက်အပြင် စစ်ဗိုလ်တယောက်လည်းပါ၏။ ပခုံးပေါ်မှာ ရွှေလိုင်း- တစ်လိုင်းပါ၏။ ၄င်းကို "ဘား"ဟုခေါ်ပါသည်။ တစ်ဘားကို ဒုဗိုလ်၊ နှစ်ဘားကို ဗိုလ်၊ သုံးဘားကို ဗိုလ်ကြီးဖြစ်ပါ၏။ (ဘုန်းကြီးအရေအတွက်နှင့် မှားတတ်သည်ကို သတိပြုပါ)
ကျနော်တို့က ကလေးတွေဖြစ်၍ စစ်သားများအနားက ခပ်ပြုံးပြုံးဖြင့် ကျနော်တို့ကိုကြည့်ပြီး "ညီလေးတွေ လာကြာလကွာ၊ မကြောက်ပါနဲ့ကွာ၊ လာလာ- စကားပြောရအောင် ငါတို့မှာ ဘီစကစ်မုန့်တွေပါတယ်ကွ။ လာစားကြ" လို့ဆိုလိုက်ရင်ဘဲ ကျနော်တို့မှာ ကြောက်စိတ်တွေပျောက်ပြီး စစ်ဗိုလ်လေးအနား၊ ရောက်သွားပါတော့၏။ (ဒီခေတ်မှာဆို၊ ကလေးစစ်သားလုပ်ဖို့၊ အဖမ်းခံရမှာမလွဲပါ)

စစ်ဗိုလ်လေးက ဘီစကစ်မုန့်တွေ ကျနော်တို့ကိုပေး၏။ မုန့်ရတဲ့ ကျနော်တို့မှာ အလွန်ပျော်ခဲ့ရပါသည်။ အိမ်ပြန်ရောက်လို့ အမေ့ကို အကျိုးအကြောင်းပြောပြတော့။ အမေက "မင်းတို့ကလဲ ကြာလိုက်တာ၊ ငါသိပြီးပြီ ။စောစောကဘဲ ရွာဆော် ကိုဖိုးခြုံ (အမေက မောင်လေးဖိုးခြုံ ဟုခေါ်၏) လာပြီး အကြောင်းစုံပြောသွားတယ်" ဟုပြော၏။ အမေ့ စကားအရ စစ်သားများမှာ၊ ပဲခူးရိုးမ သစ်တောကြိုးဝိုင်းများမှ ပြန်လာကြောင်း၊ လူ ၁၈-ယောက်လုံးစစ်သားမဟုတ်ကြောင်း၊ ၆-ယောက်မှာ သစ်တောဌာနမှ တောအုပ်နှင့် တောခေါင်းများဖြစ်ကြောင်း၊ သစ်တောဝန်ထမ်းများ ကျွန်းပင်များကို သင်းသတ် ချိန်၌ လုံခြုံရေးလိုက်ရကြောင်း၊ လုံခြုံရေးဆိုသည်မှာ သူပုန် သူကန်များမဟုတ်၊ ထိုစဉ်က ပဲခူးရိုးမ(ခေါ်) အလယ်ရိုးမ ကြိုးဝိုင်းများအတွင်း ဆင်ရိုင်းများနှင့် ကျားများ အန္တရယ်ပြုတတ်သောကြောင့်၊ အစိုးရအမိန့်ဖြင့် လိုက်ပါဆောင်ရွက်ရကြောင်း အကြောင်းစုံသိရှိရ၏။
စစ်သားများ၌ ရိက္ခာခြောက်(ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန်)အားလုံးပါကြောင်း၊ သို့ရာတွင်ဤရွာ၌ အထက်က RT (message - သတင်း) မရမချင်းအနဲဆုံး ၅-ရက်ခန့်နေရမည်ဖြစ်၍ ရိက္ခာအစိုအတွက် အသားငါး၊ အသီးအရွက်တို့ကို သူတို့အား ဒေသပေါက်ဈေးဖြင့် ရောင်းချပေးပါရန် စစ်ဗိုလ်လေးက သူကြီးဦးဘရင်ကို တောင်းပန်၍ အကူအညီတောင်းကြောင်း၊ ကြားသိခဲ့ရသော စာရေးသူမှာ ယနေ့ ခေတ်နှင့် ယခုအခါပြန်ပြောင်းနှိုင်းယှဉ်ကြည့်ရာ ပြောင်းပြန်ဖြစ်ရုံမျှ မက၊ ဇောက်ထိုးမိုးမျှော်ဖြစ်နေပါ၏။ (ယခုခေတ်ကို ကြည့်ပါ။ စစ်တပ်နှိပ်စက်၍ ရွာများပျက်ခဲ့ရသည်။ တိုင်းရင်းသားပြည်သူအများ အိုးမဲ့ အိမ်မဲ့ဖြစ်ရသည်။ ဒုက္ခသည်ျဖြစ်ကုန်ကြသည်။ စစ်မက်အရေး၊ ရန်သူဘေးကြောင့်၊ အပြေးအလွှား ဆွေမျိုးကွဲသား၊ ပြည်ထဲရေးရာခက်ကုန်သည်။ သူတစ်ပါးနိုင်ငံမှာ "ကျွန်"ခံကြရသည်။)
ဒီမိုကရေစီစစ်တပ်ဟေ့- ရဟန်းရှင်လူ ပြည်သူတွေကို ဘယ်တော့မှ မသတ်ခဲ့ဘူး- မှတ်ထားကြ…….
ယနေ့ခေတ်စစ်တပ်၊ စာဖတ်သူများ သိရှိကြပြီးဖြစ်ပါသည်။ မည်သူကောင်းပါသနည်း၊ စာရေးသူ ရဲရဲကြီးပြောရဲပါသည်။ မြန်မာစစ်တပ်အတွင်းမှာဖြင့် ရာထူးအရ ပုရွက်ဆိတ် အဆင့်ကနေ ဆင်ကြီးအထိတဦး တစ်ယောက်မျှ မကောင်းပါ၊ အလွန်ယုတ်မာရိုင်းစိုင်းကြသော လူ့ဗာလနံများ ဖြစ်ပါသည်။ ဒေါ်စု (ဒေါ်အောင်ဆန်းစုကြည်)ကို မုန်းတီးရေးဝါဒသမား (၀ါဒီ)များအားလုံး ဖြစ်ပါသည်လို့ စာရေးသူက ဤသို့ အတိအလင်းပြောသည်ကို ကြေနပ်မှု မရှိသော စာဖတ်ပရိသတ်များရှိခဲ့ပါငြား၊ စာရေးသူထံ (မြန်မာပြည်သားဂျာနယ်)တိုက်နှင့် ဖုန်းဆက်သွယ်ရယူ၍ ဆွေးနွေးနိုင်ပါကြောင်း၊ ဖိတ်ခေါ်လိုပါသည်။
စပ်မိ၍ ရယ်စရာလေးတခုတင်ပြလိုက်ပါသည်။ နိုင်ငံတော်ဝန်ထမ်းဘ၀ စာရေးသူ သွေးချင်းတို့မြေ ချင်းပြည်နယ်သို့ မကြာ မကြာတာဝန်ဖြင့် ရောက်ဖြစ်ခဲ့ရာ- မင်းတပ်မြို့နှင့် ၂-မိုင်ခန့်အကွာ ကျောက်ထု- မင်းတပ်ကားလမ်း တောင်ကြား ကျောက်ကမ်းပါးကြီး၌ ချင်းတိုင်းရင်းသားများ မည်သူမည်ဝါရေးမှန်းမသိ ထုံးနှင့် ရေးထားသည့် စာတန်းကြီး အဝေးကပင် အထင်းသားမြင်နိုင်ပါသည်။ စာဖတ်သူများ ဖတ်ကြည့်ပါ။

***"ဂျပန်ခေတ်တဲ့ဆိုး ငါ -ိုး မခေတ်" ပါတဲ့ဗျား***
အထပ်ပါ အမေ့ရွာရောက်လာသော စစ်တပ်အကြောင်း ပြန်လည်တင်ပြလိုပါသည်။ ရွာသူကြီးမှ ရွာသူရွာသားအားလုံး ညအချိန်အစည်းအဝေးခေါ်ပြီး။ စစ်တပ်ရောက်လာသည့် အကြောင်းများရှင်းပြ၏။ စစ်ဗိုလ်လေးမှလည်း မိမိတို့ကို လက်ခံ၍ တနည်းခိုခွင့်ပေးသဖြင့် ဆရာတော်မှ အစ၊ သူကြီးနှင့် ရွာသားအားလုံးကို ကျေးဇူးတင်ပါကြောင်း၊ ရွာ၏ ကိစ္စ ၀ိစ္စများ ကူညီဆောင်ရွက်ရန်လိုအပ်ပါက မိမိတို့ အနေဖြင့် အသင့်ရှိနေပါကြောင်း၊ စစ်ဗိုလ်လေးကပြုံးရွှင်သော မျက်နှာဖြင့် ကျေးဇူးတုံ့ပြန်ပါ၏။
ရွာသူကြီးမှ - တပ်မတော်သားများနှင့် သစ်တော ၀န်ထမ်းများအတွက် ရွာမှ တစ်အိမ်လျှင် ထမင်းဟင်း တစ်လင်ပန်းစီအလှည့်ကျ (ဂွေ အလိုက်) အပိုင်းအလိုက်၊ ပို့ပေးမည်ဖြစ်ကြောင်း၊ စစ်သားများ ရှာဖွေချက်ပြုရန်မလိုပါကြောင်း ပြောလိုက်သည့်ခဏ ပရိသတ်ကြီးမှ ညီညီညာညာ လက်ခုတ်တဖြောင်းဖြောင်းတီး၍၊ အစည်းအဝေးပြီးဆုံးခဲ့ရာ ခွေးများပင်လန့်၍ထ ဟောင်နေသေး၏။

***ပြည်သူကြားက တပ်မတော်**
တပ်မတော်သားများမှာ ရွာကို အလွန်ကျေးဇူးဆပ်လိုကြ၏။ ဘုန်းကြီးကျောင်း ရေကန်ကြီးဘောင်ပေါ်မှ ခြုံနွယ်ပိတ်ပေါင်းများကို ရှင်းလင်းထားရာ အဝေးမှ ကြည့်သော် ရေကန်ကြီးမှာ လေအဝှေ့၌ လှိုင်းကြက်ခွပ်လေးများဖြင့် အလွန်ပနံရလှ၏။
ရွာ၏ သောက်သုံးရေတွင်းကြီးမှာ အုဋ်တံတိုင်း နိမ့်နိမ့်ကာရံထား၏။ အုဋ်တံတိုင်းဘေးဒတွင် ရေစည်လှည်းများရှေ့တိုးနောက်ဆုတ် လုပ်ရာမှ ဗွက်ပေါက်နေရာ လှည်းဘီးများအချို့နေရာတွင် လှည်းပဒေါင်းထိအောင်ကျွံ၏။ တပ်မတော်သားများနှင့် ရွာသူရွာသားများ စုပေါင်းညီညာ လမ်းပြင် မြေဖို့ပေးသော နေ့ကဆိုလျှင် ယနေ့ထိအောင် မျက်စေ့ထဲမှာ မြင်ဆဲ။
ကြည့်ပါ…. နံနက်ခင်း နေခြည်နွေးနွေးတွင် လေနူအေးအေးက တိုက်ခတ်လို့၊ စစ်ယူနီဖောင်းဝတ် တပ်မတော်သားများက တာကျင်း(မြေကျင်း)တူး ရွာသားများက ရေထုတ်မြောင်းပေါက်၊ လ္ဘက်ရည်ပွဲ(ရေနွေးကြမ်းနှင့် လ္ဘက်သုတ်အမြည်း)များမှ စားသောက်၍ ပင်မကုန်ပါ-
ရွာမှာ "ကိုပေါ်ကာ၏ ဓာတ်စက်(အသံချဲ့စက်၊ လော်စပီကာ)ရှိ၏။ ကိုပေါ်ကာကလည်း ရေတွင်းသို့ ဓာတ်စက်ကို နွားလှည်းနှင့် သယ်လာပြီး၊ ကုက္ကိုပင်ကြီးပေါ် အော်လံ(ဟွန်း)ကြီး ၂-ခုတင်ပြီး သီချင်းကောင်းနှင့် ဓာတ်ပြားများ (ထိုခေတ်က စီရီဂွေမရှိပါဘူး။ ဓာတ်ပြားကိုအပ်နဲ့ ဖွင့်ရပါတယ်။ တစ်ပြားပြီး တစ်ပြားဖွင့်လေတော့ ရွာတောင်ပိုင်းက အရီး၊ ဒေါ်အေးစိန်ကြီးမနေနိုင် မထိုင်နိုင်ထ၍ကတော့ရာ ဆရာတော်ဘုရားပင် သိက္ခာမဆည်နိုင် တဟား- ဟားနှင့် ပွဲကျခဲ့ရပါ၏။ ဤမျှပျော်စရာကောင်းခဲ့ရပါသည်။
လူအုပ်ကြားထဲမှာ အမေ့ကို မြင်ရ၏။ အမေက၊ တဘက်အဖြူကိုခေါင်းမှာ ပေါင်းထားပြီး။ ရေနွေးပွဲများပြင်ဆင်ကာ သူကြီးနှင့် စကားစမြည့်ပြောနေ၏။
အမေက လက်ယက်ခေါ်သဖြင့် အမေ့အနားသွားတော့ အမေက "ဟဲ့ခုတောင်က အခုကြားတဲ့အသံကြီးက ဘာသံကြီးတုံး ဂရုစိုက်နားထောင်စမ်း" "ပြီးတော့ အမေ့လာပြောအုံး"တဲ့……။

(ဆက်လက်ဖော်ပြပါမည်…….)

***မဟာဇော်-မကွေး**

***အပိုင်း (၂) ယခင်လမှအဆက်***

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)