ဘ၀ကို မငြီးငွေ့ခဲ့ပါဘူး…..။
**ပိတောက်တွေ ပွင့်တဲ့အခါ
ရင်ထဲပျော်ရွှင်ကြည်နူးရတာလောက်
ဘ၀အမောတွေ မေ့ပျောက်သောနေ့များ
ချစ်သူသတင်းကို မကြားရလည်း နေပါစေတော့…..။
**ကံစမ်းမဲမပါတဲ့ ပစ္စည်းတွေဝယ်ရသလို
လှည့်စားမှုမပါတဲ့ ပိတောက်တွေကို ချစ်ရတာ
မှန်မကြည့်ဘဲ ကိုယ့်မျက်နှာကိုယ် မြင်ရသလိုမျိုး
အမှန်တရားဆိုတဲ့ အသံတွေ စီးဝင်ချမ်းမြေ့စေတယ်…။
**ဘာမှ မမြဲပါလားဆိုတဲ့အသိ
ဘ၀ကို ချစ်နေမိတဲ့ အခိုက်အတန့်
တဒင်္ဂပွင့်တဲ့ ပိတောက်တွေအ ပေါ်
ပျော်ရွှင်မှုတွေပျံဝဲ
ခဏပဲ ခဏပဲ
ပိတောက်တွေ တစ်ခဏပွင့်ခိုက်
မဟာခံစားမှုကြီး ဖွင့်လိုက်တယ်….။ ။
*** ဝေးနေ ***
( ဧပြီလ ၂၀၀၇-ခုနှစ် စုံထောက်မဂဇင်းမှ ကူးယူဖော်ပြသည်။)
**ဘ၀မှာ ညည်းညူဖူးပေမဲ့

No comments:
Post a Comment