အင်အားကြီးသော တိရစ္ဆာန်များနှင့် အင်အားနည်းသော တိရစ္ဆာန်များ အမေရိကန်ဖွတ်ဘောပြိုင်ပွဲကစားနေကြသည်။ ပထမပိုင်းအပြီးတွင် အင်အားကြီး တိရစ္ဆာန်များက အမှတ်အပြတ်အသတ်ဖြင့် အနိုင်ရနေသည်။
ဒုတိယပိုင်းပြန်စရာ အင်အားကြီး အသင်းမှ ဆင်ကဆွဲပြေးလာသည်။ မထင်မှတ်ဘဲတားဆီးခံရပြီးလဲကျသွားသည်။ နောက်တစ်ကြိမ်ကြံ့က ဘောလုံးဆွဲလာပြန်ရာ တားဆီးခံလိုက်ရပြန်သည်။ တဖန် ရေမြင်းဆွဲပြေးလာစဉ်တွင်လည်း အင်အားနည်းအသင်းကို မကျော်ဖြတ်နိုင်ခဲ့။
ပွဲအပြီးတွင် နည်းပြမေးသည်။ `ဆင်ကို တားလိုက်နိုင်တာဘယ်သူလဲကွ´
`ကျနော်ပါ ဆရာ´ ကင်းခြေများက ဖြေသည်။
`ဒါဆိုကြံ့ကိုတားလိုက်တာ ရော´
`ကျနော်ပါပဲ´
`ဟေ ဒါဆို နောက်ဆုံးရေမြင်းကို တားလိုက်တာရော´
`ကျနော်ပါပဲ´
`ဒါနဲ့များ ပထမပိုင်းတစ်ပိုင်းလုံး မင်းဘယ်ပျောက်နေတာလဲ´
`ဖိနပ်ကြိုးချည်တာမပြီးသေးလို့ပါ ဆရာ´
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ (အိတ်တင်း)ဘာသာပြန်သည်။
**(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)**

No comments:
Post a Comment