(ဧပြီလ ၃-ရက် ၂၀၁၀) မြန်မာပြည်တွင်းမှ NLD ၏ ရွေးကောက်ပွဲ မ၀င်ရေးနှင့် ပါတီမှတ်ပုံမတင်ရေး ဆုံးဖြတ် ချက်ကို ထောက်ခံပွဲနှင့် နောက်ဆက်တွဲနိုင်ငံရေးအလားအလာ သုံးသပ်ချက် ဆွေးနွေးပွဲတရပ်ကို ထိုင်း-မြန်မာ နယ်စပ်တနေရာ၌ ယနေ့ကျင်းပသည်ကို တွေ့ရသည်။
(ဧပြီလ ၂-ရက် ၂၀၁၀) ဖြစ်ရပ်-၁။ ။ မလေးရှားနိုင်ငံတွင် အလုပ်လုပ်နေကြသော တရားမ၀င်နိုင်ငံခြားသားများအား အာဏာပိုင်များက နေ့စဉ်ရက်ဆက်ဖမ်းဆီးလျက်ရှိရာ၊ အလုပ်သမားလက်မှတ်မရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ အခက်အခဲတွေ့နေကြကြောင်း သတင်းရရှိသည်။ (RFA)
ဖြစ်ရပ်-၂။ ။ ထိုင်းနိုင်ငံ တောင်ပိုင်း နာရာသီဝပ်ခရိုင်တွင် လူ ၆-ဦးပစ်သတ်ခံထားရတာကိုတွေ့ရှိရကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောဆိုသည်။ အဆိုပါ အခင်းဖြစ်ပွားရာသို့ ရဲများသွားကြချိန်တွင် လမ်းဘေး၌ ပေါက်ကွဲမှုဖြစ်ပွားပြီး ရဲအရာရှိ (၁၀)ဦး ဒဏ်ရာရရှိသွားသည်။ (VOA)
(ဧပြီလ ၁-ရက် ၂၀၁၀) ထိုင်းဘက်မှ မြန်မာဘက်သို့ ပြန်ပို့ရန်နောက်ဆုံး အသုတ်အဖြစ် ကျန်ရှိနေသော ကရင်စစ်ပြေးဒုက္ခသည် (၆၅၃)ဦးတို့ကို ယမန်နေ့က မြန်မာပြည်ဘက်ခြမ်းသို့ ပြန်ပို့လိုက်သည်။ ထိုင်း-မြန်မာနယ်စပ် တာ့(ခ်)ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ရှိ ယာယီဒုက္ခသည်စခန်းများဖြစ်ကြသော `နောင်ဘိုး´ရွာမှ (၁၀၃)ဦးနှင့် မဲ့အူးစူရွာမှ (၅၅၀)တို့အား ထိုင်းအာဏာပိုင်များနှင့် အန်ဂျီအိုများ၏ စီစဉ်ပေးမှုဖြင့် ပြန်ပို့ခဲ့ခြင်းဖြစ်သည်။ (ခေတ်ပြိုင်)

No comments:
Post a Comment