ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, April 12, 2010

တုတ်ဖြင့်ရိုက်ပြီးခိုင်းစေသည့်မဟာချိုင်အစာ:အစာစက်ရုံမှ မြန်မာအလုပ်သမားများထွက်ပြေး

> **(ဧပြီ ၁၂၊၂၀၁၀)**
ဘန်ကောက်မြို့ အနီး မဟာချိုင်၊ကောကနိုင်ဘုန်းတော်ကြီးကျောင်းအနီးရှိ လစ်ကိုင်လုံးချင်းအစားအစာ ထုတ်လုပ်သည့် အလုပ်ရုံတွင်၊လုပ်ငန်းရှင်ကတုတ်ဖြင့်၇ိုက်နှက်ခိုင်းစေခြင်းများအပြင် အခြားအလုပ်သမားအခွင့်အရေးချိုးဖေါက်ခြင်းများကြောင့် မြန်မာအလုပ်သမားများထွက်ပြေးကြသည်။
ယမန်နေ့ နံနက်စောစော လင်းအားကြီး၎နာရီအချိန်ခန့် တွင် မြန်မာအလုပ်သမား ၁၅ ဦးခန့် ထွက်ပြေးရန် အ
တွက် အဆောင်၏ခေါင်မိုးပေါက်မှ ကျော်တက်စဉ် လုပ်ငန်းရှင် နိုးလာသဖြင့် အားလုံးနီးပါးအဖမ်းခံရသည်။
ကံကောင်းစွာဖြင့် ကရင်ပြည်နယ် ဘားအံမြို့ မှ ကရင်အလုပ်သမားလင်မယား ၂ဦးလွတ်မြောက်လာခဲ့သည်။

ထွက်ပြေးလွတ်မြောက်လာသည့် ကိုမျိုးက“သူဌေးကလူလိုမခိုင်းဘူး၊နောက်ကတုတ်တစ်ချောင်းကိုင်ပြီးအော်
နေတယ်၊ဆဲနေတယ်၊ကျနော့်ရှေ့ မှာရိုက်တာသုံးလေးယောက်ရှိပြီ၊တုတ်နဲ့ ရိုက်ပြီးမှခိုင်းတာ၊မနက်၆နာရီကျော်ကတည်းကလုပ်ရတာ၊ညနေ၈နာရီအထိပဲ၊တစ်နေ့ ကိုဘတ်၁၂၀ပေးတယ်။သူပေးတာပဲစားရတယ်၊ဖုန်းလည်းမကိုင်ရဘူး၊ဖုန်းတွေ့ ရင်သိမ်းယူသွားတယ်။စကားလည်းမပြောရဘူး၊ငရဲခံနေရသလိုပဲဗျာ၊လူတွေအကုန်လုံး နယ်စပ်ကိုပဲရောက်ရောက်၊
ထောင်ပဲကျကျ ဒီနေရာကလွတ်ရင်တော်ပြီ။ အဲလိုကိုဖြစ်နေတာပါ။ စိတ်ဒုက္ခတွေရောက်နေကြပါတယ်” ဟုပြောသည်။
အဆိုပါအလုပ်ရုံတွင် ၁၈နှစ်အောက် ယောက်ျားကလေး၎ဦးနှုင် မိန်းကလေး၃ဦးတို့ အပါအ၀င် အလုပ်သမားစုစုပေါင်း
ရ၀ ခန့် ရှိမည်ဟုပြောသည်။
ကိုမျိုး၏ဇနီး တင်မာဖြိုးက“ကျမတို့ အလုပ်လုပ်တာ ၂လကျော်ပါပြီ တစ်ယောက်ကို ၁၆၀၀၀ နဲ့ ဈေးဖြတ်ပြီ:
မဲဆောက်ကတက်လာပေမယ့် ဒီရောက်တော့ ၁၇၀၀၀ဘတ်ပေးရမယ်ဆိုပြီးပြောပါတယ်။ခေါ်လာတုန်းက
တစ်နေ့ ကို ဘတ်၂၀၀ရမယ်၊တစ်လကို နှစ်ထောင်၊သုံးထောင်ဖြတ်မယ်၊ဇြည်းဖြည်းဆပ်ရင်ရတယ်။ဘတ်
လုပ်ပေးမယ် အလုပ်သက်သာတယ်၊လုံးချင်းရုံ ဆိုပြီးခေါ်လာတာ၊ဒီရောက်တော့တခြားစီဖြစ်နေတယ်၊
ဖျားလို့ လည်းမနားရဘူး၊ထမင်းစားရင်အခန်းပြန်မစား၇ဘူး၊ထိုင်းပြီးတော့လည်းမစားရဘူး၊ဟိုနား၊ဒီနား
မတ်တတ်ပဲစားရတယ်၊တစ်နေကုန်မတ်တတ်ရပ်လို့ ညောင်းညာလို့ ခဏထိုင်းချင်ရင် အိမ်သာထဲမှာသွား
ပြီးထိုင်ရတယ်”ဟုပြောသည်။
အဆိုပါလင်မယား၂ဦးတို့ မှာ လွတ်မိလွတ်ရာ စွတ်ပြေးရင်း ရေမြောင်းပေါက်တစ်ခုမှ ထွက်ပြေးလာခဲ့သည်။
ထို့ နောက် လမ်းမကြီးတဖက်ကမ်းမှ မြန်မာအလုပ်သမားလင်မယားအခန်းတွင် တစ်နေကုန်ပုန်းခိုနေ
ခဲ့ရပြီး တရွာတည်းသား ကိုသန်းဇော်ထွေးကို ဖုန်းဆက်အကူအညီတောင်းခဲ့သည်။
ကိုသန်းဇေါ်ထွေးက“ကျနော်လည်းသူတို့ ကို ညဥ့် ၈နာရီလောက်မှာဆိုင်ကယ်ငှါးပြီးသွားခေါ်လိုက်ပါတယ်၊ နောက်လုံခြုံတဲ့နေ၇ာမှာပြောင်းပေးလိုက်ပါတယ်၊ဒီနေ့ မနက်က ကျနော်အခြားလူတွေအခြေအနေကိုကြည့်ရင်း အလုပ်ရုံကိုဓါတ်ပုံရိုက်ဖို့  ကျနော်နဲ့ သူငယ်ချင်းတစ်ယောက် ဆိုင်ကယ်ငှါးပြီးသွားကြပါတယ်၊ နတ်ကလိန်(ထိုင်းလမ်းသရဲ)၂ယောက်ထိုင်း၇ဲယောင်ဆောင်ပြီး ကျနော့်ဖုန်းကိုလိုက်လုလို့ ပြေးခဲ့ရတယ်ဗျာ၊ ဒီနေ့ ဆို အဲဒီအလုပ်ရုံကို အကုန်လုံးသွပ်ပြားတွေနဲ့ ခြံအမြင့်ကြီးခတ်လိုက်ပြီ။ ဓါတ်လိုက်စေတဲ့ကြိုးတွေနဲ့ခြံပေါ်မှာတင်ထားပြီ၊အတွင်းကလူတွေကိုကယ်တင်ပေးကြပါဗျာ” ဟုပြောသည်။အဆိုပါအလုပ်ရုံဆိုင်းဘုတ်တွင် ကြယ်ငါးပွင့်နှင့်
ငါး ၂ ကောင်အရုပ်ရေးဆွဲထားပြီးလစ်ကိုင်ဟုရေးထိုးထားသည်။အလုပ်သမားများ
ဝတ်စုံမှာကြယ်ငါးပွင့်ငါးနှစ်ကောင်းပုံပါမိုးပြာေ၇ာင်ရှပ်လက်တိုအကျီနှုင့်မိုးပြာရောင်ဦးထုတ်များကိုဝတ်ဆင်
ရသည်။
ယနေ့ နံနက်ပိုင်းက သတင်းဓါတ်ပုံရယူရန်သွားရောက်ခဲ့စဉ် အနီးအနားမှ လူအချို့ ယမန်နေ့ ကဖမ်းမိသော
အလုပ်သမားကို လုပ်ငန်းရှင်ကရိုက်နှက်သဖြင့် အော်ဟစ်သံများကြားရကြောင်း၊အဆိုပါလုပ်ငန်းရှင်မှာ အ ထူး
ကြမ်းတမ်းသူဖြစ်သဖြင့် အလုပ်သမားများမြဲမြံလေ့မရှိပဲ မကြာခဏ ယခုကဲ့သို့ ထွက်ပြေးလေ့ရှိကြောင်းပြောပြ
ကြသည်။ ထွက်ပြေးလိုသည့်လူများကိုမဟာချိုင်ရဲများကို ခေါ်ပြီးဖမ်းခိုင်းလေ့ရှိကြောင်း၊မိသားစုများကို လုပ်ငန်း
ရှင်ဝယ်ယူထားသော ငွေများအပြင် ပုလိပ်ကြေ:များပါ စုစုပေါင်း ဘတ်၂၀၀၀၀ ပေးမှ နယ်စပ်သို့ ဖမ်းဆီးပြန်ပို့ 
သည်များလည်းရှိကြောင်းပြောပြကြသည်။မဟာချိုင်နယ်မြေသည် ထိုင်းရဲများငွေညှစ်တောင်းခံမှု၊ လူကုန်ကူးမှုများ
အထူးများပြားပြီးအလုပ်ရုံထဲတွင်ပိတ်လှောင်ခိုင်းစေမှုများအပါအ၀င်အလုပ်သမားအခွင့်အရေးချိုးဖေါက်မှုများ
ထူပြောသောနယ်မြေဖြစ်သည်။မြန်မာအလုပ်သမားသိန်းချီရှိပြီးဒေသအခြေစိုက်ကျမ္မာရေး၊ပညာရေး၊အလုပ်
သမားအခွင့်အရေးဆိုင်ရာအင်ဂျီအိုအဖွဲ့ များလည်းရှိသည်။

**ကိုကျော်သောင်း (ဘန်ကောက်)**

**(ဧပြီ ၁၂၊၂၀၁၀)**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)