(လန်ဒန်၊ ဧပြီလ ၁၉-ရက်)
မီးတောင်ပြာမှုန် တိမ်တိုက်ကြောင့် လုပ်ငန်းများ ရပ်ဆိုင်းထားရသည့် ဥရောပလေဆိပ်များတွင် သောင်တင်နေ သော ဗြိတိန်နိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်ရန် ဗြိတိန်နိုင်ငံဥည် ၄င်း၏ ရေတပ်သင်္ဘော ၃-စင်းကို စေလွှတ်ခဲ့ကြောင်း တနင်္လာနေ့ တသင်းများတွင် ဖော်ပြသည်။ ဗြိတိန်နိုင်ငံသည် အာ့ခ်ရွိင်ရယ်လေယာဉ်တင် စစ်သင်္ဘောကို အင်္ဂလိပ်ရေလက်ကြားသို့ လည်းကောင်း၊ စစ်သင်္ဘော အိုးရှင်းကို ပြင်သစ်ကမ်းရိုးတန်းဆီသို့ လည်းကောင်း စေလွှတ်ခဲ့ပြီး အယ်လ်ဘီယွန် စစ်သင်္ဘောကို အာဖဂန်စစ်မြေပြင်မှ ပြန်လာသော ဗြိတိန်တပ်ဖွဲ့ ၀င်များနှင့် သောင်တင်နေသော ခရီးသည် အချို့ကို ခေါ်ဆောင်ရန် စပိန်နိုင်ငံောတင်ပိုင်းသို့ စေလွှတ်ခဲ့သည်။ (အင်တာနက်)
*** အိုက်စလန်မီးတောင် ပေါက်ကွဲမှုကြောင့် ကင်ညာပန်းလုပ်ငန်း အရှုံးပေါ် ***
(နိုင်ရိုဘီ၊ ဧပြီလ ၁၉-ရက်)
အိုက်စလန်နိုင်ငံ မီးတောင် ပေါက်ကွဲမှုမှာ ထွက်ပေါ်လာသော ပြာမှုန်တိမ်တိုက်ကြီးများကြောင့် ဥရောပလေကြောင်း ခရီးစဉ်များ ဖျက်သိမ်းခဲ့ရာ ကင်ညာပန်း စိုက်ပျိုးရေးလုပ်ငန်းသည် ဒေါ်လာ ၁၂-သန်းအရှုံးပေါ်ခဲ့ရပြီး အလုပ်သမား ၅၀၀၀-ကျော်တို့ကို ယာယီထုတ်ပယ်ထားရကြောင်း တနင်္လာနေ့တွင် သတင်းများတွင် ဖော်ပြသည်။ ပန်းစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းသည် ကင်ညာနိုင်ငံ၏ အဓိက နိုင်ငံခြားငွေရှာဖွေရေးလုပ်ငန်းဖြစ်သည်။ အထူးသဖြင့် ကင်ညာနှင်းဆီများသည် ဥရောပပန်းဈေးကွက်၏ လေးပုံတစ်ပုံကို အုပ်စီးထားသည်။ (အင်တာနက်)
*** တရုတ်အနောက်တောင်ပိုင်းပြည်နယ်၌ မိုးသီးမုန်တိုင်း တိုက်ခတ် ***
(ဂူယန်၊ ဧပြီလ ၁၉-ရက်)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်၌ မိုးသီးမုန်တိုင်း တိုက်ခတ်လျက်ရှိရာ စနေနေ့ထိ လူဦးရေ ၃၀၀၀၀-မျှ ဒုက္ခရောက်နေပြီး အိမ်ခြေအများအပြား ပျက်စီးခဲ့ကြောင်း ဒေသခံတာဝန်ရှိသူများက ပြောကြားသည်။ မိုးသီးမုန်တိုင်း တိုက်ခတ်မှုကြောင့် မွေးမြူရေးတိရစ္ဆာန် ၁၉၂-ကောင်သေဆုံးခဲ့ပြီး ခန့်မှန်းခြေ ယွမ်ငွေ ၈ ဒသမ ၁၄-သန်း(အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၉-သန်း)ဆုံးရှုံးခဲ့သည်ဟု သိရသည်။ (ဆင်ဟွာ)
*** တူရကီနိုင်ငံမြောက်ပိုင်းတွင် ချုံခိုတိုက်ခိုက်ခံရ၍ ရဲအရာရှိ ၂-ဦး သေဆုံး ***
(အန်ကာရာ၊ ဧပြီလ ၁၉-ရက်)
တူရကီနိုင်ငံ မြောက်ပိုင်းတွင် ဧပြီလ ၁၇-ရက်နေ့က တိုက်ခိုက်ရေးသမားများ၏ ချုံခိုတိုက်ခိုက်မှုခံငရ၍ ရဲအရာရှိ ၂-ဦး သေဆုံးသွားသည်ဟု အနာတိုလီယာသတင်းဌာနက တနင်္ဂနွေနေ့တွင် ဖော်ပြသည်။ တူရကီနိုင်ငံမြောက်ပိုင်း ဆမ်ဆန်းပြည်နယ် လာဒစ်ခ်မြို့ရှိ ငါးထပ်အဆောက်အအုံအတွင်း ပုန်းခိုနေသော တိုက်ခိုက်ရေးသမားများသည် ကင်းလှည့်နေသော ရဲကားကို ပစ်ခတ်ရာ ရဲအရာရှိတစ်ဦးသည် နေရာ၌ပင် သေဆုံး၍ နောက်တစ်ဦးမှာ ဆေးရုံသို့ အရောက်တွင် ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သတင်းတွင် ပါရှိသည်။ (ဆင်ဟွာ)
*** ဘာသာပြန်- မောင်မောင်ဆွေ ***
့*** သောင်တင်နေသော နိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်ရေး စစ်သင်္ဘော ၃-စင်း ဗြိတိန်နိုင်ငံ စေလွှတ် ***

No comments:
Post a Comment